ရေးသားသူ - နေထွန်းကျော်နှင့် Elin Nilsson ၊ ယူနီဆက် ကျန်းမာရေးနှင့်အာဟာရကဏ္ဍ၊ မြန်မာ
![]() |
UNICEF Myanmar/2019/Nyan Zay Htet |
ပေါင်မပြည့်ဘဲမွေးဖွားလာခဲ့တဲ့ ခန့်သူကျော်လေးဟာ မကြာခဏဖျားလိုက်၊ ဝမ်းသွားလိုက်၊ အန်လိုက်ဖြစ်တတ်တဲ့ ချူချာတဲ့ ကလေးငယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ မိဘတွေဖြစ်တဲ့ ဒေါ်မြတ်သူဇာနဲ့ ဦးနိုင်ရဲဦးတို့ဟာ သူ့ရဲ့ရောဂါအမျိုးမျိုးအတွက် ဒေသန္တရ ကျန်းမာရေးဌာနကို မကြာခဏသွားပြရလေ့ရှိပါတယ်။
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က အခြေခံကျန်းမာရေးဌာနမှာ အလုပ်လုပ်နေတဲ့ သားဖွားဆရာမ ဒေါ်မိမိထွေးက ခန့်သူကျော်နဲ့သူ့မိဘတွေကို အဲဒီအချိန်တုန်းက ကူညီပေးခဲ့သူဖြစ်ပါတယ်။ “ကျွန်မ ခန့်သူကျော်ကို ပထမဆုံးစတွေ့တဲ့အချိန်မှာ ကလေးက တော်တော်လေးပိန်တယ်။ အမြဲဖျားတယ်။ ဝမ်းသွားပြီးအန်တယ်။ နောက်ဆုံး သူကဆိုးဆိုးရွားရွားကို အားနည်းလာခဲ့တယ်” လို့ သားဖွားဆရာမက ရှင်းပြခဲ့တယ်။ “သူနဲ့ရွယ်တူကလေးတွေနဲ့စာရင် သူ့ရဲ့ကြွက်သားဖွံ့ဖြိုးမှုက နှေးနေခဲ့တယ်” လို့လည်း ဖြည့်စွက်ပြောပြပါတယ်။ အသက် ၃၂ နှစ်အရွယ်မိခင်ဖြစ်သူ ဒေါ်မြတ်သူဇာက သားကိုအတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ခဲ့ပေမဲ့လည်း ခန့်သူကျော် ကိုးလသားအရွယ်မှာတော့ ပြင်းထန်အာဟာရချို့တဲ့ရောဂါ (SAM) ခံစားနေရတာကို သိရှိလာခဲ့ပါတယ်။