ရေးသားသူ - ယုယုအောင်
မောင်ခွန်ဟိန်တက်စိုးက အသက် ၁၇နှစ် ရှိပါပြီ။ အနာဂါတ်အတွက် ဘာလုပ်ချင်လဲ သေသေချာချာသူမသိပါ။ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်အောင်လုပ်ရမလား၊ နည်းပညာနဲ့ အသက်မွေးတဲ့ ပညာရှင်တစ်ယောက်ဆို ကောင်းမလား၊ ဒါမှမဟုတ် တခြား တစ်ခုခု .. ဘာလုပ်ရင်ကောင်းမလဲ။
တက္ကသိုလ်ဝင်တန်းအောင်ပြီးတော့ အနာဂါတ်အတွက်လိုအပ်မယ့် ပညာတွေကို သင်ဖို့ ကျောင်းတွေကို စုံးစမ်းကြည့်ပါသေးတယ်။ ဒါပေမယ့် သင့်တော်တာကို မတွေ့ခဲ့ပါဘူး။ အပြင်ပုဂ္ဂလိက ကျောင်းတွေက ဈေးကြီးပြီး ပေးတဲ့ငွေနဲ့တန်တဲ့ အသိပညာ၊ အတတ်ပညာကို ပြန်မရဘူးလို့ သူထင်ပါတယ်။ အဝေးသင်တက်တာလည်း ကောင်းလှချည်ရဲ့မဟုတ်ပါ။