Wednesday, March 14, 2018

ဆယ်ကျော်သက်အရွယ်မှာ သင်တန်းနည်းပြလုပ်နိုင်ဖို့က ထင်တာထက်ပိုခက်ပါတယ်

ရေးသားသူ - ယုယုအောင်

မောင်ခွန်ဟိန်တက်စိုးက အသက် ၁၇နှစ် ရှိပါပြီ။ အနာဂါတ်အတွက် ဘာလုပ်ချင်လဲ သေသေချာချာသူမသိပါ။  စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်အောင်လုပ်ရမလား၊ နည်းပညာနဲ့ အသက်မွေးတဲ့ ပညာရှင်တစ်ယောက်ဆို ကောင်းမလား၊ ဒါမှမဟုတ် တခြား တစ်ခုခု .. ဘာလုပ်ရင်ကောင်းမလဲ။ 


တက္ကသိုလ်ဝင်တန်းအောင်ပြီးတော့ အနာဂါတ်အတွက်လိုအပ်မယ့် ပညာတွေကို သင်ဖို့ ကျောင်းတွေကို စုံးစမ်းကြည့်ပါသေးတယ်။ ဒါပေမယ့် သင့်တော်တာကို မတွေ့ခဲ့ပါဘူး။ အပြင်ပုဂ္ဂလိက ကျောင်းတွေက ဈေးကြီးပြီး ပေးတဲ့ငွေနဲ့တန်တဲ့ အသိပညာ၊ အတတ်ပညာကို ပြန်မရဘူးလို့ သူထင်ပါတယ်။ အဝေးသင်တက်တာလည်း ကောင်းလှချည်ရဲ့မဟုတ်ပါ။

တက္ကသိုလ်ဝင်တန်းအောင်ပြီးတော့ အနာဂါတ်အတွက်လိုအပ်မယ့် ပညာတွေကို သင်ဖို့ ကျောင်းတွေကို စုံစမ်းကြည့်ပါသေးတယ်။ ဒါပေမယ့် သင့်တော်တာကို မတွေ့ခဲ့ပါဘူး။ အပြင်ပုဂ္ဂလိက ကျောင်းတွေက ဈေးကြီးပြီး ပေးတဲ့ငွေနဲ့ တန်တဲ့ အသိပညာ၊ အတတ်ပညာကို ပြန်မရဘူးလို့ သူထင်ပါတယ်။ အဝေးသင်တက်တာလည်း ကောင်းလှချည်ရဲ့မဟုတ်ပါ။

၂၀၁၇နှစ်ဦးပိုင်းမှာ မူးယစ်ဆေးပညာပေး ကမ်ပိန်းအတွက် လုပ်အားပေးအလိုရှိသည်ဆိုတဲ့ ကြော်ငြာတစ်ခုကို မထင်မှတ်ဘဲ သူဖတ်လိုက်ရတယ်။ 

လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဖို့ သူစိတ်ဝင်စားပါတယ်၊ မူးယစ်ဆေးကလည်းလူငယ်တွေကြားမှာ အန္တရာယ်ကြီးမားနေတဲ့အတွက် ပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ 

အဲဒီမှာ ပါဝင်လုပ်အားပေးတော့မှ ကလေးတွေကြားမှာ မူးယစ်ဆေး ပြဿနာက ထင်တာထက် ပိုကြီးနေတာကို တွေ့လိုက်ရတယ်။  ကမ်ပိန်းမှာ  တခြားသူတွေနဲ့ အတူတူ အလုပ်လုပ်ရင်း သူ့အတွက်လည်း အရည်အချင်းလည်း တွေတိုးတက်လာတယ်။ လူတွေရှေ့မှာ စကားပြောရဲလာတယ်၊ သူများတွေနဲ့ အဖွဲ့လိုက် လုပ်ဆောင်တတ်လာတယ်။

အဲလိုမျိုး အများအကျိုးရှိအောင် ဆောင်ရွက်ပေးရတာကို  အရမ်းသဘောကျတယ်။ ဒါကြောင့် စစ်တွေမှာရှိတဲ့ ဆယ်ကျော်သက် လူငယ်တွေအတွက် စီစဉ်ပေးတဲ့ ၂၁ရာစုအရည်အချင်းများသင်တန်း နည်းပြအဖွဲ့မှာ လေ့လာသူအဖြစ်နဲ့ လိုက်သွားတယ်။ အဲဒီသင်တန်းကို ပီယာဆန် (Pearson)က ငွေကြေးအထောက်အပံ့နဲ့ ယူနီဆက်က စီစဉ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်လူငယ်တွေကို အုပ်စုဖွဲ့ပြီး သင်တန်းတွေပေးတယ်။ 

သင်တန်းမှာ ထိရောက်စွာပြောဆိုဆက်ဆံခြင်း၊ အများနှင့်ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ ပြသနာတွေကို ဖြေရှင်းခြင်း၊ ဆန်းသစ်တီထွင်ခြင်း စတဲ့ ၂၁ရာစုမှာ အောင်မြင်တဲ့ သူဖြစ်လာဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို လေ့ကျင့်ပေးပါတယ်။ 

သင်တန်းမစခင် သင်မယ့် အကြောင်းအရာတွေကို လေ့လာကြည့်ပြီး သူသာဆို ဘယ်လိုသင်မလဲဆိုတာ စဉ်းစားပြီး ကြောက်နေခဲ့ပါသေးတယ်လို့ သူကပြောပါတယ်။ 

ပုံမှန်ဆို ကျောင်းမှာ ဆရာတွေက စာအုပ်ထဲပါတာကို သင်ပေးတယ်။  အခုသင်တန်းမှာ သင်ကြားတဲ့နည်းစနစ်တွေက မတူပါ။ စာသင်သလို သင်တာမဟုတ်ဘဲ ကစားနည်းတွေ၊ အဖွဲ့လိုက် ဆွေးနွေးတာတွေ၊ စုပေါင်းလေ့ကျင့်ခန်းတွေ၊ တခြားလုပ်ဆောင်မှုတွေ အမျိုးမျိုးလုပ်ပြီး ကိုယ်တိုင်သင်ယူရတာဖြစ်တယ်။ လက်တွေ့ဘ၀မှာ တကယ်ကြုံတွေ့သလိုမျိုး လေ့ကျင့်ပေးတာဖြစ်တယ်။ 

သင်တန်းမှာ လုပ်ဆောင်မှုတွေက ကြည့်လိုက်ရင် လွယ်တယ်လို့ထင်ရပေမယ့် တကယ်တမ်းကြတော့ မလွယ်ဘူးဆိုတာကို သူတွေ့ရှိခဲ့တယ်။ 

“ဥပမာပြောရမယ်ဆိုရင် သင်တန်းမှာပါမယ့် အကြောင်းအရာတွေကို လာတက်တဲ့သူတွေ အခြေအနေကိုကြည့်ပြီး လိုအပ်သလို ပြင်ရတယ်၊ သင်တန်းတက်တဲ့သူတွေ ပျော်ရွှင်ပြီး တက်တက်ကြွကြွ ပါဝင်အောင် လုပ်ပေးရတယ်၊ ဒါမှသာသူတို့ကို ပေးချင်တဲ့  အရည်အချင်းတွေရလာမယ်၊ သူတို့အချင်းချင်း ခင်မင်ရင်းနှီးမှုရှိအောင်၊ အဖွဲ့စိတ်ဓါတ်ဖြစ်အောင်လည်း လုပ်ပေးရတယ်” လို့ ဆိုပါတယ်။

သင်တန်းတွေမှာ နည်းပြကောင်းကောင်းလုပ်နိုင်တာ သူ့ကိုယ်သူ သဘောအကျဆုံးအချက်လို့ ဆိုပါတယ်။ “သင်တန်းလာတက်တဲ့သူတွေ လေးစားမှုရှိအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး နေထိုင်ရတယ်၊ ပြုမူရတယ်။ သင်တန်းမှာလည်း ဆိုလိုရင်းကို သူတို့နားလည်အောင် စကားလုံးကိုရွေးချယ်ပြီးပြောရတယ်၊ သူတို့နားလည်အောင် ဘယ်လိုဆက်စပ်ပြီးပြောမလဲ တွေးရတယ်။ သင်တန်းမှာ သင်တဲ့ နည်းစနစ်တွေက ဒီနိုင်ငံက လူတွေအတွက်စိမ်းတယ်။”

သူ့အတွက် နည်းပြတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့လေ့လာသင်ယူမှု၊ ကြိုးစားအားထုတ်မှုတွေလုပ်ပြီး နောက် ယူနီဆက်က စီစဉ်တဲ့ ဆယ်ကျော်သက်များပူးပေါင်းပါဝင်ရေးအစီအစဉ်က သင်တန်းတွေမှာ တွဲဘက်နည်းပြအဖြစ်နဲ့ စပြီးလုပ်ဆောင်ခဲ့ပါတယ်။

နည်းပြအဖြစ်လုပ်တာဟာ သူများတွေက သင်ယူအောင်ကူညီပေးရုံတင်မဘဲ ကိုယ်တိုင်လည်း အရည်အချင်းတွေ တိုးတက်လာအောင် သင်ယူနေတာဖြစ်ပါတယ်။ “ကျွန်တော်က သူများတွေမှာ အရည်အချင်းတွေ တိုးတက်လာအောင် လုပ်ပေးရင်းနဲ့ ကျွန်တော့်ရဲ့အရည်အချင်းတွေလည်း တိုးတက်လာပါတယ်။”

သင်တန်းတွေမှာပါတဲ့ ဆယ်ကျော်သက်တွေက သူတို့လက်တွေ့ဘ၀အတွက် အသုံးကျတဲ့ အရည်အချင်းတွေရလာတယ်၊ နောက်သူတို့ကိုယ်တိုင်စုပေါင်းပြီး စစ်တွေ ဆယ်ကျော်သက်ကွန်ရက်ကို စတင်ဖွဲ့စည်းကြတယ်ဆိုတာသိရတော့ သူသိပ်ကို ကျေနပ်ပါတယ်။ 

အခု ရလာတဲ့အရည်အချင်းတွေက ဘယ်အလုပ်မျိုးဘဲလုပ်လုပ် နေ့စဉ်ဘ၀မှာ လိုအပ်တဲ့အရည်အချင်းတွေဖြစ်လို့ သူ့ဘ၀ အနာဂါတ်အတွက် ကောင်းကောင်းပြင်ပြီးသား ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

ဒါအပြင်သူရဲ့ အမြင်တွေလည်းအများကြီးကျယ်လာပါတယ်။ ဒီလို သင်တန်းမှာ နည်းပြအဖြစ်ဆောင်ရွက်တာ နေရာအနှံအပြားက တခြားဆယ်ကျော်သက်တွေနဲ့ သိခွင့်ရတယ်၊သူတို့ရဲ့အမြင်တွေ၊ ဘ၀တွေကို ပိုပြီးသိခဲ့ရတယ်။ သူတို့ စိတ်ကူးတွေ၊ သူတို့ ဘ၀အကြောင်းတွေကို နားထောင်ပေးပြီး မတူညီမှုတွေကို ပိုပြီးလက်ခံတတ်လာပါတယ်။ 

အခက်အခဲဖြစ်မယ့်အရာ၊ စိန်ခေါ်မှုဖြစ်မယ့်အရာတွေကို ကျော်လွှားဖို့ သူ့မှာယုံကြည်မှုရှိပါတယ်။ ကိုယ့်ထက်အသက်ပိုကြီးတဲ့သူ ရိုသေရတဲ့ မြန်မာ့အသိုက်အ၀န်းမှာ သူ့လို့ဆယ်ကျော်သက်တစ်ယောက်က ကိုယ့်ထက် အသက်ပိုကြီးတဲ့ သင်တန်းသားတွေကို  နည်းပြလုပ်ရတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ခွန်ဟိန်းတက်စိုးက အဲဒီအတွက် စိုးရိမ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီစိုးရိမ်စိတ်ကို ကိုယ့်မှာသာ တကယ်အရည်အချင်း ရှိရင်၊ ကိုယ်လုပ်မယ့်အလုပ်ကိုယ်ပိုင်နေရင် ဘာမှကြောက်စရာမလိုဘူးဆိုပြီး ကိုယ့်ကိုကိုယ်အာပေးပြီး ကျော်လွှားခဲ့တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment