Friday, March 30, 2018

ရခိုင်ပြည်နယ်တွင် အာဟာရချို့တဲ့မှုကို အဖြေရှာဖို့ လူထုအခြေပြုစေတနာ့ဝန်ထမ်းများက ကူညီ

ရေးသားသူ - Macarena Aguilar  
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မွေးကင်းစနှင့် ကလေးငယ်များအား မိခင်နို့တိုက်ကျွေးခြင်း တိုးတက်လာစေရန် ရည်ရွယ်လျက် အသက် ၄၅ နှစ်ရှိ လူထုစေတနာ့ဝန်ထမ်းဖြစ်သူ မတင်တင်မြမှ အသိပညာပေး ဆွေးနွေးပွဲတစ်ခု ကို ကျင်းပနေစဉ်။ ယင်းဆွေးနွေးပွဲသည် ကလေးသူငယ်ရှင်သန်ကြီးထွားဖွံ့ဖြိုးရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
©UNICEF Myanmar/2018/Htet Arkar Win
လွန်ခဲ့သောနှစ် သြဂုတ်လတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမြို့နယ်များတွင် အကြမ်းဖက်မှုများ မြင့်မားလာသည့် အချိန်ကတည်းက ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ ဝန်ဆောင်မှုများရရှိနိုင်ရေးသည် သိသိသာသာ ကျဆင်းခဲ့သောကြောင့် လူထုစေတနာ့ဝန်ထမ်းများသည် ကလေးငယ်များအကြား အာဟာရ ချို့တဲ့မှု အန္တရာယ်ကို ကာကွယ်ပေးနိုင်သည့် အရေးပါသူများဖြစ်ကြပါသည်။

နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့အစည်းများတွင် လုပ်ကိုင်ခဲ့သည့် နှစ်ပေါင်းများစွာ အတွေ့အကြုံများနှင့် အတူ လူထုအခြေပြု စိတ်ဓါတ်အပြည့်ရှိသည့် အသက် (၄၅) နှစ်အရွယ် မတင်တင်မြသည် ဗဟုသုတနှင့် ပြည့်စုံပြီး စိတ်အားထက်သန်တက်ကြွသည့် စေတနာ့ဝန်ထမ်းများမှ တစ်ဦးဖြစ်ပါသည်။ သူမနေထိုင်ရာကျေးရွာသည် ဘူးသီးတောင်မြို့နယ်တွင်တည်ရှိပြီး ထိုကျေးရွာတွင် လူထုအခြေပြု အာဟာရ အစီအစဉ်များဆောင်ရွက်လျှက်ရှိပါသည်။

လစဉ် ဆွေးနွေးပွဲအစီအစဉ်အတွက် သူမ၏ရွာမှ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့်တိုက်မိခင်များကို စုစည်းကာစီစဉ်လေ့ရှိသည်။ စက်ဝိုင်းပုံ အတူတကွထိုင်ကြပြီး မတင်တင်မြမှ ဆွေးနွေးပွဲတွင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ တိုက်တွန်းပါသည်။ မိခင်များမှ မေးမြန်းလာသည့် မေးခွန်းများဖြစ်သည့် မိခင်နို့တိုက်ခြင်း၊ ကလေးအစာကျွေးခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးတို့အပြင် သူတို့၏ကျန်းမာရေးစသည့် မေးခွန်းများလည်း ဖြေကြားပေးသည်။ မိမိဒေသတွင် ရနိုင်သည့် အာဟာရဖစ်သည့် အစားအစာများ၊ မိခင်နှင့် ကလေးများအတွက် ကွဲပြားခြားနားသည့် အစားအစာများအပေါ် အသုံးဝင်သည့် အကြံပြုချက်များကို ရောင်စုံပုံကားချပ်ကို အသုံးပြုပြီး သတင်းအချက်အလက်များကို မျှဝေပေးပါသည်။

“ဒီ အသိပညာပေးဆွေးနွေးပွဲတွေက ရပ်ရွာမှာရှိတဲ့လူတွေအားလုံး အထူးသဖြင့် ကလေးတွေအတွက် အကျိုးဖြစ်စေပါတယ်” ဟု မတင်တင်မြက ပြောသည်။ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့်မိခင်အများစုသည် အိမ်ပြန်ရောက်သည့်အခါ သူတို့သင်ယူခဲ့သည်များကို လက်တွေ့ လုပ်ဆောင်ကြသည်ဟုယုံကြည်ပါသည်။

စုဝေးဆွေးနွေးပွဲများသည် လုံခြုံသည့်နေရာများဖြစ်ပါသည်။ အမျိုးသမီးများအနေဖြင့် သူတို့၏ အတွေးအခေါ်များ၊ အတွေ့အကြုံများကို ဖလှယ်နိုင်သည့်အပြင် ကူညီထောက်ပံ့မှုများကို လက်ခံရရှိကြပါသည်။ “အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေက မိခင်နို့တိုက်ကျွေးခြင်းအကြောင်းကို နားထောင်ကြရပြီး ဖြည့်စွက်အစာေ ကျွးခြင်းသည် သူတို့ရင်သွေးတွေရဲ့ အာဟာရ၊ စားသောက်ပုံစံတွေကိုဆွေးနွေးကြပါတယ်” ဟု ယူနီဆက်၏ အာဟာရဆိုင်ရာကျွမ်းကျင်သူ Anne Laevens ကရှင်းပြသည်။ မိခင်နို့တစ်မျိုးတည်းခြောက်လအထိတိုက်ပြီးချိန်မှာတော့ ဖြည့်စွက် အစာတွေစကျွေးဖို့ စသည်ဖြင့် အသောက်ပုံစံ အလေ့အထ ပြောင်းလဲလာခြင်းတွေက သူတို့ရဲ့ရင်သွေးတွေကျန်းမာစေဖို့အဓိကကျတဲ့အတွက် အားလုံးသိထားသင့်ပါတယ်။

ကျန်းမာရေးအတွက် ချက်ပြုတ်နည်းတစ်ခု

လူထုစေတနာ့ဝန်ထမ်း မတင်တင်မြ မှ ရိုးရှင်းသောအာဟာရပြည့်ဝသည့်အစားအစာချက်ပြုတ်ပုံကို လက်တွေ့ပြသနေစဉ်။
©UNICEF Myanmar/2018/Htet Arkar Win
အမျိုးသမီးများအနေနဲ့ လက်တွေ့ပြုလုပ်နိုင်ပြီး မိမိရပ်ရွာတွင် ရနိုင်သည့် ဟင်းသီးဟင်းရွက်များ၊ ဥပမာအားဖြင့် ငရုပ်ပွအသုံးပြုပြီး  ရိုးရှင်းသော အာဟာရပြည့်ဝသည့် အစားအစာများပြုလုပ်ပံကို စာတွေ့သာမက လက်တွေ့အနေနဲ့ မတင်တင်မြတစ်ယောက် ချက်ပြုတ်ပြသပါတယ် “ဒီမှာလူတိုင်းငရုပ်ပွကို ကြိုက်ကြတယ်” ဟု မတင်တင်မြပြောသည်။ မကြာမှီက ကြက်ခြေနီအဖွဲ့မှ ဖြန့်ဝေပေးသည့် စားစရာအထုပ်များတွင် ငရုပ်ပွများလည်း ပါဝင်သည်ဟုရှင်းပြပါသည်။ 

ဒေသထွက်ဟင်းသီးဟင်းရွက်များနှင့် အကူအညီပေးရေး အဖွဲ့များပံ့ပိုးပေးထားသည့်အစားအစာများဖြင့် ချက်ပြုတ်ထားသည့်အစားအစာများ သည် လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကလေးနှင့် မိခင်များအ တွက်အဟာရပြည့်ဝသည့်အစားအစာများပြုလုပ်နိုင်ခြင်းဖြင့် အာဟာရချို့တဲ့မှုကို ကာကွယ် ပေးနိုင်ပါ သည်။
©UNICEF Myanmar/2018/Htet Arkar Win
“ဟင်းသီးဟင်းရွက်အချို့ ကိုစိုက်ပျိုးနိုင်ပါတယ်။ ကလေးငယ်များအကြား အာဟာရချို့တဲ့မှုနှင့် ဖျားနာခြင်းများမှ ကာကွယ်ပေးနိုင်ဖို့ အာဟာရရှိတဲ့ အစားအသောက်တွေကို ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ မိခင်များကို သင်ပေးနိုင်ပါတယ်”

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးဆုံး ပြည်နယ်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်တွင် နောက်ဆုံးဖြစ်ပွားသည့် အကြမ်းဖက်မှုများ မဖြစ်ပွားမှီ ကတည်းကပင် အာဟာရချို့တဲ့မှုသည် ကမ္ဘာ့အဆင့်အာဟာရချို့တဲ့မှု နှုန်းထက်များနေပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးမှ သတ်မှတ်ထားသည့် ၁၅% အထက်တွင် ရောက်ရှိနေပါသည်။

ထိုနေရာတွင်ရှိသည့် ဆေးခန်းသည် အပြည့်အဝ လည်ပတ်နိုင်စွမ်းမရှိသည်မှာ ၆ လ နီးပါးရှိနေပြီး အနည်းငယ်သော အကူအညီပေးရေး အဖွဲ့များသာလျှင် အကြမ်းဖက်မှု ဖြစ်ပွားနေသည့် မြို့နယ်များတွင် ကူညီပေးနိုင်သည့်အတွက် အာဟာရချို့တဲ့မှု ပိုမိုမြင့်မားလာမည်ဟု ကျွမ်းကျင်ပညာရှင်များမှ ယုံကြည်ကြပြီး မတင်တင်မြကဲ့သို့ စေတနာ့ဝန်ထမ်းများ၏ ကဏ္ဍသည် ယခင်ထက် ပိုမိုအရေးပါလာမည်ဖြစ်သည်။

“အာဟာရချို့တဲ့မှုက ကလေးတွေရဲ့ ရုပ်ပိုင်းနှင့် ဦးနှောက်ဥာဏ်ဖွံ့ဖြိုးမှု ထိခိုက်သည်သာမက သူတို့ရဲ့ ကိုယ်ခံစွမ်းအားနှင့် ရာသက်ပန်ဖွံ့ဖြိုးမှုတွေကိုပါနှေးကွေး လျော့နည်းစေပါတယ်” Laevens မှ ပြောသည်။

အရေးပါသည့်စေတနာ့ဝန်ထမ်းများကွန်ယက်တစ်ခု 

AMHDO မှ သင်တန်းတက်ရောက်ပြီးသည့် လူထုစေတနာ့ဝန်ထမ်းတစ်ဦးမှ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ မိန်းကလေးငယ်တစ်ဦးအားလက်မောင်းအထက်တိုင်းတာခြင်းကိုပြုလုပ်ပေးနေပုံ။ ယင်းတိုင်းတာခြင်းသည် အသက် ၅ နှစ်အောက်ကလေးများ ကြားအာဟာရချို့တဲ့မှုကို တိုင်းတာရန် အဓိကကျသည့်စနစ်ဖြစ်သည်။
©UNICEF Myanmar/2018/Htet Arkar Win
မတင်တင်မြကဲ့သို့ စေတနာ့ဝန်ထမ်းများသည် Myanmar Heart Development Association မှဆောင်ရွက်နေသည့် လူထုအခြေပြု အာဟာရစီမံကိန်းများအတွက် ကျောရိုးများဖြစ်ကြသည်။ ယင်းအဖွဲ့သည် သြဂုတ်လ ကတည်းက ယင်းဒေသတွင် အလုပ်လုပ်နိုင်သည့် ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ယူနီဆက်ပံ့ပိုးပေးသည့် စီမံကိန်းများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၂ ခုတွင် အာဟာရချို့တဲ့မှုအား ကာကွယ်ရန်၊ စုံစမ်းရှာဖွေရန်နှင့် အာဟာရချို့တဲ့သူများအား ညွှန်းပို့ပေးရန်အတွက် ရည်ရွယ်ဆောင်ရွက်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်မှုအမျိုးမျိုးဖြစ်သည့် အာဟာရ၊ ကျန်းမာရေး၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် လူထု စည်းရုံးလှုံ့ဆော်ခြင်း တို့မှတစ်ဆင့် ဆောင်ရွက်ပါသည်။

မတင်တင်မြ၏ ရွာတွင် MHDO အဖွဲ့မှ ကြီးကြပ်သည့် စေတနာ့ဝန်ထမ်း လေးဦးရှိပြီး ကလေးသူငယ်များကြားအာဟာရချို့တဲ့သည့် ဖြစ်ရပ်များကိုရှာဖွေပေးရာတွင် တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်းနှင့် မှတ်တမ်းပြုစုခြင်းများကို ကူညီဆောင်ရွက်ပေးပါသည်။

သူတို့၏ လုပ်ငန်းဆောင်ရွက်ချက်များသည် အရေးပါသော်လည်း မတင်တင်မြနှင့် သူမ၏ လုပ်ဖေါ်ကိုင်ဖက်များမှ ပံ့ပိုးပေးသည့် သတင်းအချက်များနှင့် လူထုအခြေပြုလုပ်ငန်းတစ်ခုတည်းဖြင့် အာဟာရချို့တဲ့မှုကို မဖြေရှင်းနိုင်ပေ။ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်မှုသည် အရေးပါသည် သို့သော် မတင်တင်မြနှင့် သူမ၏ လုပ်ဖော်ကိုင်ဖက် စေတနာ့ဝန်ထမ်းအတွက် ယင်းမျှော်လင့်ချက်မှေးမှိန် နေဆဲဖြစ်ပါသည်။

“ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ညွန်းပို့နိုင်ဖို့နဲ့ အာဟာရဆိုင်ရာလုပ်ငန်းများ လုပ်နိုင်ဖို့အတွက် ကျွန်မတို့နဲ့ အနီးဆုံးနေရာလေးမှာ အားကိုးရတဲ့ ဆေးခန်းလေးတစ်ခန်း လိုချင်ပါတယ်” ဟု မတင်တင်မြပြော သည်။ “အခုအချိန်မှာတော့ မိခင်များဟာ အာဟာရချို့တဲ့မှု ဖြစ်စပြုနေတဲ့ ကလေးတွေကို ကျန်းမာရေးလုပ်သားများ၏ လမ်းညွန်မှု မရှိဘဲ မိမိတို့အိမ်မှာပင် ပြုစုစောင့်ရှောက်ထားရတယ်” ဟုသူမပြောသည်။

ပြောင်းလဲမှုအတွက်မျှော်လင့်ရင်း မတင်တင်မြနှင့် သူမ၏ စေတနာ့ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအနေဖြင့် ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ သတင်းအချက်အလက်များကို အားကြိုးမာန်တက် ဆက်လက်ဖြန့်ဝေပေးသွားပါမယ်။ ဒါမှသာ ထိုဒေသရှိ ကလေးငယ်များ ဘဝအစ ကောင်းစွာ ရှင်သန်ခွင့်ရရှိစေမှာဖြစ်ပါတယ်။
   

No comments:

Post a Comment