Tuesday, May 14, 2019

ကျောင်းပတ်ဝန်းကျင်နှင့် သန့်ရှင်းရေး အလုပ်နိုင်ဆုံးသူများအား မယ်သန့်ရှင်းနှင့် မောင်သန့်ရှင်းဆု ချီးမြှင့်


စာရေးသူ - ခင်မာဝင်းနှင့် အေးမာဇော်


မတ်လ ၂၀၁၉၊ မြန်မာ - (၇) နှစ် အရွယ် မဟန်စုလွင်လေး တစ်ယောက် “မယ်သန့်ရှင်း” ဆု ရသဖြင့် အင်မတန် ဂုဏ်ယူဝမ်းမြောက်နေလေသည်။

“တခြား သူငယ်ချင်းတွေလည်း တစ်ကိုယ်ရေသန့်ရှင်း ပိုပြီးလုပ်လာအောင် သမီးက ကူညီပြောပြပေးနိုင်လို့ အရမ်းပျော်တယ်။” ဟု မဟန်စုလွင် က ပြောပြပါသည်။

ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်ရှိ ဆင်တောင်အလယ်တန်းကျောင်းတွင် လစဉ်၊လတိုင်း ကျောင်းသား၊ ကျောင်းသူများ၏ နေ့စဉ် ပြုမူလုပ်ဆောင်ပုံများကို စောင့်ကြည့်ပြီး “မောင်သန့်ရှင်း” နှင့် “မယ်သန့်ရှင်း” ချန်ပီယံ ဆုများ ချီးမြှင့်ပေးနေခြင်းဖြစ်ပါသည်။ အဆိုပါ ဆုသည် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ဆိုင်သည့် အသိပညာပေးလုပ်ဆောင်မှုများကို အားပေးသည့် ယှဉ်ပြိုင်မှု ပုံစံတစ်ခုဖြစ်ပါသည်။ အဆိုပါ ကျောင်းတွင် ယူနီဆက်၏ အကူအညီဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ပစ္စည်းများ ပံ့ပိုးတပ်ဆင်ပေးပြီးနောက် အဆိုပါ တစ်ကိုယ်ရေသန့်ရှင်းဆိုင်ရာဆုကို ပေးခဲ့ခြင်းဖြစ်ပါသည်။

ထိုနောက်ပိုင်းတွင် ဖြစ်လာသည့် အပြောင်းအလဲများကို မြင်ရပြီး စိတ်အားထက်သန်နေသည့် ဆရာမ ဒေါ်မြင့်လှိုင်မှ သူမြင်တွေ့ရသည်များကို ပြောပြပါသည်။

ဆရာမဒေါ်မြင့်မြင့်လှိုင်၊ မဟန်စုလွင်(လယ်) နှင့် သူငယ်ချင်းတို့တွဲ၍ ကယားပြည်နယ်ရှိ ကျောင်းတွင် ဓာတ်ပုံရိုက်ခံနေစဉ်။ 
©UNICEF Myanmar/2019/ Khin Mar Win

Friday, May 3, 2019

Miss Clean and Mr Clean WASH in Schools

by Khin Mar Win and A Mar Zaw

March 2019, Myanmar – Seven-year-old Ma Han Su Lwin is very proud of her ‘Miss Clean’ award. 

“I’m feeling good about myself and happy to help other students learn how to improve their personal hygiene,” said Han Su Lwin.

Every month the students at Sin Taung Middle School in Demawso Township in Kayah State observe their daily behaviours and decide among themselves who gets the ‘Mr Clean’ or ‘Miss Clean’ champion awards. It’s a keen competition that builds awareness of water and sanitation issues and personal hygiene.



Teacher Daw Myint Myint Hlaing, Ma Han Su Lwin (center) and her friend posing for a picture at their school in Kayah State.
 ©UNICEF Myanmar/2019/ Khin Mar Win