Friday, February 16, 2018

ရခိုင်ပြည်နယ်တွင် သန့်ရှင်းရေးလုပ်ငန်းများတိုးတက်ဖို့ ဒေသခံပြည်သူလူထုဦးဆောင်

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးသည့် ဒေသတစ်ခု ဖြစ်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် အိမ်သာသုံးစွဲနိုင်မှုသည် စုစုပေါင်းလူဦးရေ၏ ထက်ဝက် ၄၈%သာလျှင်ရှိပြီး မြန်မာနိုင်ငံတွင် အနိမ့်ဆုံး များမှ တစ်ခုအပါအဝင်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် နေထိုင်သည့်လူဦးရေ၏ ၅၈%သာလျှင် သန့်ရှင်းသည့် သောက်သုံးရေကို သုံးစွဲနိုင်ပါသည်။ ယင်းအခြေအနေကို ပြောင်းလဲနိုင်ဖို့ ယူနီဆက်သည် ဒေသဆိုင်ရာ အစိုးရ အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်းလျှက် မြို့နယ် ၃ မြို့နယ်တွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အိမ်သာတည်ဆောက်ခြင်းလုပ်ငန်းကို ဒေသခံလူထုဦးဆောင်နိုင်ရန် ကူညီပံ့ပိုးပေးခြင်းကို ဆောင်ရွက်လျှက် ရှိပါသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် အသစ်တည်ဆောက်ပြီးစီးသည့် ရေအိမ်သာအား နောက်ခံထားပြီး ဒေါ်ဦးခိုင် မှတ်တမ်း ဓါတ်ပုံရိုက်စဉ်။ 
©UNICEF Myanmar/2017/Moe Thu