Friday, July 20, 2018

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဗဟုသုတ တိုးပွားရရှိလာခြင်းက မိခင်များအတွက် မျှော်လင့်ချက် ဆောင်ကျဉ်းပေး

၂၀၁၇ ခုနှစ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဝမ်ပန်အခါ ကျေးရွာရှိ မိခင်များသည် အာဟာရနှင့် မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ စတင်ရရှိခဲ့သည်။ ယင်းအာဟာရနှင့် ကျန်းမာရေးအစီအစဉ်များသည် ကလေးတွေကို ကြီးထွားဖွံ့ဖြိုးစေဖို့ အပြောင်းအလဲများကို ဖြစ်စေခြင်းနှင့် မသက်သက်အောင်ကဲ့သို့ မိခင်များပျော်ရွင်နေရသည့် အချက်တစ်ချက်လည်း ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံရှိ ဝမ်ပန်အခါ ကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ရှေ့တွင် ကလေးငယ်လေး အိသက်မွန်နှင့် သူမ၏မိခင်တို့သည် ကြီးထွားမှုအခြေအနေ တိုင်းတာဆန်းစစ်ရန် စောင့်ဆိုင်းနေစဉ်။ 
©UNICEF Myanmar/2018/Nyan Zay Htet

ရေးသားသူ - ထက်ထက်ဦး

ကျိုင်းတုံ၊ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ - မသက်သက်အောင် အချိန်ပြည့်မိခင်တစ်ယောက်မဖြစ်ခင် သူမသည် ကျောင်းဆရာမတစ်ဦး ဖြစ်ခဲ့သည်။ “ကျွန်မ ရဲမေတစ်ဦးဖြစ်ချင်ခဲ့တာ၊ ကျွန်မထင်တာက အဲဒီဝတ်စုံက ယုံကြည်မှုကို တိုးပွားစေတယ်။”ဟု မသက်သက်အောင်မှ ပြုံး၍ပြောသည်။ “ကျွန်မမိခင်တစ်ယောက်ဖြစ်ပြီး နောက်မှာတော့ ကျွန်မသမီးလေးကို စောင့်ရှောက်ရတယ်၊ ကျွန်မအမေကို အိမ်အလုပ်တွေကူညီပေးပြီး ရပ်ရွာလူထု ဆွေးနွေးပွဲတွေမှာ ပါဝင်လေ့ရှိပါတယ်။”

Access to knowledge brings hope to mothers in eastern Shan State

In 2017, mothers in the small Wan Pan Akhar village in eastern Shan State began accessing nutrtion and Maternal, Newborn and Child Health (MNCH) services. These nutrtion and health programmes are now changing how children are raised and have become a reason of happiness for mothers like Ma Thet Thet Aung.

Little Ei Thet Mon and her mother wait at the growth monitoring session at their village head’s residence in Wan Pan Akhar village in Keng Tung, eastern Shan State.
©UNICEF Myanmar/2018/Nyan Zay Htet

By Htet Htet Oo

KENG TUNG, July 2018 - Before Ma Thet Thet Aung became a full-time mother, she used to work as a teacher. “But, I really wanted to become a police woman. I think the uniform exude confidence,” says Ma Thet Thet Aung with a smile. “Ever since I became a mother, I look after my daughter; help my mother with house chores and take part in our community group discussions.” 

ကျန်းမာရေးအသိပညာပေး ရရှိခြင်းအားဖြင့် ကလေးများဘဝတိုးတက်မြင့်မားလာစေခြင်း

ရေးသားသူ - ထက်ထက်ဦး

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တွင် ကလေးငယ်များအား ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစာကျွေးခြင်း အကြောင်းကို ကျန်းမာရေး ပညာပေးသူများမှ ရိုးရှင်းစွာသရုပ်ပြ

တစ်နှစ်အောက်ကလေးနှင့် ကလေးငယ်များအား အစာကျွေးခြင်းအလေ့အထအကြာင်းကို မိခင်များအား ရပ်ရွာလူထုအုပ်စုလိုက် ဆွေးနွေးပွဲတွင် သားဖွားဆရာမ မအေးအေးအောင်မှ ဦးဆောင်ဆွေးနွေးစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet

ကျိုင်းတုံ၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ - ဝမ်ပန်အခါ ရွာလေးသည် သေးငယ်သည့်ရွာလေးတစ်ရွာဖြစ်ပြီး  ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ တစ်ဆင့် စိမ်းလန်းသည့်လယ်ကွင်းများကို ဖြတ်ကာ မညီညာသည့် လမ်းမများမှ တစ်နာရီခန့် ကားစီးလျှင် ရောက်နိုင်ပါသည်။ ထိုရွာတွင် မအေးအေးအောင်သည် အသက် (၁)နှစ်အရွယ် သားဖြစ်သူ ကောင်းထိုက်စံ အပါအဝင် မိသားစုနှင့်အတူ နေထိုင်လျှက်ရှိသည်။ ၂၀၁၇ခုနှစ်တွင် ယူနီဆက်ပံ့ပိုးမှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အာဟာရ၊  မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာရေးဆိုင်ရာ သင်တန်းများ ပံ့ပိုးပေးခြင်းအစီအစဉ်ကို စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများအတွက် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် စတင်ခဲ့သည်။ ယင်းသင်တန်းအခွင့်အလမ်းသည် သူမရွာသို့ ရောက်လာသည့်အတွက် မအေးအေးအောင်တစ်ယောက် ပထမဆုံးသော စေတနာ့ဝန်ထမ်းတစ်ဦး ဖြစ်လာခဲ့သည်။ “လွန်ခဲ့သော သုံးလခန့်က အရန်သားဖွားဆရာမ သင်တန်းကို စာရင်းသွင်းခဲ့ပါတယ်။ အခုတော့ အဲဒီဗဟုသုတတွေကို ကျွန်မ ပတ်ဝန်းကျင်မှာရှိတဲ့ မိခင်တွေအတွက်ကို ပြန်လည်ဝေမျှဖို့ စိတ်အားထက်သန်မှု အပြည့်ရှိနေပါတယ်”ဟု မအေးအေးအောင်မှ ပြောသည်။ 

Improving the lives of children by providing access to health education

By Htet Htet Oo

In Shan State of Myanmar, health educators demonstrate simple but healthy child feeding methods 

Ma Aye Aye Aung serves as a passionate health worker for her community, takes charge in weighing children to monitor their growth in Wan Pan (Akhar) Village in Keng Tung, Eastern Shan.
©UNICEF Myanmar/2018/Nyan Zay Htet


KENG TUNG, July 2018 - Wan Pan Akhar is a small village, an hour of bumpy ride across the green paddy fields from Keng Tung town in eastern Shan State. Here is where Ma Aye Aye Aung lives with her family including her one-year-old boy, Kaung Htike San. In 2017, UNICEF started supporting the Ministry of Health and Sports to provide trainings on nutrition and MNCH practices for volunteer health workers in eastern Shan State. When the training opportunity came to her village, Ma Aye Aye Aung was one of the first to volunteer. “I enrolled to the auxiliary midwife training three months ago. Now, I have a strong passion to give back this knowledge to mothers like me in my community,” says Ma Aye Aye Aung.