ရခိုင်ပြည်နယ်၊ ၂၀၁၉ ခုနှစ် မေလ ၁၄ ရက် - ပြီးခဲ့တဲ့ နှစ်လခန့်ကစပြီး အသက် ၁၈ လအရွယ် နူးရ်ဘူရှာလေးဟာ ပြင်းထန်အာဟာရချို့တဲ့ဝေဒနာခံစားနေရတဲ့အတွက် ယူနီဆက်အဖွဲ့ကြီးက ပံ့ပိုးပေးထားတဲ့ မောင်တော ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအဖွဲ့ ပြင်ပလူနာဌာန ကုထုံးအစီအစဉ် (OTP) ကနေ ဖြည့်စွက်အာဟာရတွေနဲ့ ကုထုံးတွေကို လက်ခံရယူလျက်ရှိပါတယ်။
အစီအစဉ်ကို စတင်ရောက်ရှိလာခဲ့ချိန်က နူးရ်ဘူရှာရဲ့ ကိုယ်အလေးချိန်ဟာ ခုနစ်ကီလိုဂရမ်ပဲ ရှိပါတယ်။ ကုထုံးရဲ့ ကျေးဇူးတွေကြောင့် သူ့ရဲ့ကိုယ်အလေးချိန်နဲ့ ဘက်စုံအခြေအနေတွေ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီလို့ မိခင်ဖြစ်သူ ဒေလ်ကေယက်စ် ကပြောပြပါတယ်။ သူက အခုဆိုရင် ပိုပြီးဆော့တတ်လာပြီး သူ့အလေးချိန်လည်း တစ်ကီလိုဂရမ်တောင် တက်လာတယ်လို့ ဒေလ်ကေယက်စ်က အပြုံးတွေနဲ့ ပြောပြလာပါတယ်။
![]() |
မောင်တောမြို့ရှိ အသက် ၁၈ လအရွယ် နူးရ်ဘူရှာ ©UNICEF Myanmar/2019/Khin Moe Aye |