Tuesday, December 5, 2017

ကရင်ပြည်နယ် စာသင်ကျောင်းရှိ ကလေးများ မြေမြှပ်မိုင်းများအား ခွဲခြားသိရှိခြင်း၊ ရှောင်ရှားနိုင်ခြင်း နှင့် သတင်းပို့နိုင်ခြင်းဆိုင်ရာ အသိပညာများ သင်ယူ

Macarena Aguilar ရေးသားသည်

မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်ဒေသတွင် ဆယ်စုနှစ်များစွာဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကြောင့် တောင်ယာစိုက်ခင်းများနှင့် သစ်တောများတွင် မြေမြှပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများဖြင့် ဖုံးလွှမ်းနေခြင်းကြောင့် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများအတွက် ကြီးမားသည့်အန္တရာယ်ကို ဖြစ်စေပါသည်။ ယင်းအခြေအနေသည် ကရင်ပြည်နယ်အတွက် အခြေအနေမှန်တစ်ခုလည်းဖြစ်ပါသည်။ ယင်းပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများပျံ့နှံ့လျှက်ရှိပြီး မတော်တဆ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပါသည်။

လွန်ခဲ့သော ၂၀၁၆ခုနှစ်မှစ၍ ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မိုင်းအန္တရာယ်များ အကြောင်းကို စာသင်ကျောင်းများတွင် ကလေးများအား အသိပညာပေး တိုးမြှင့်လုပ်ဆောင်ခြင်းသည် အရေးပါသည့် မဟာဗျူဟာတစ်ခု ဖြစ်လာပါသည်။ အသက် ၈နှစ်မှ ၁၄နှစ်အကြား အသက်အရွယ် ကလေးသူငယ်များသည် လွယ်လင့်တကူ အန္တရာယ် ကျရောက်နိုင်သည့် အရွယ်များဖြစ်ပြီး ယင်းအရွယ်ရှိ ကလေးများအတွက် ရည်ရွယ်ပြီး မိုင်းအန္တရာယ်လျော့ပါးရေး အသိပညာပေး အစီအစဉ်များအား ပုံဖေါ်ဖန်တီးထားပါသည်။

“ဒီအသက်အရွယ်မှာရှိတဲ့ အုပ်စုက အများအားဖြင့် အန္တရာယ်ကျရောက်လွယ်တဲ့ အုပ်စုဖြစ်ပါတယ်”ဟု ယူနီဆက်မှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အရာရှိ Danee Luhar ကပြောသည်။ “သူတို့တွေက စူးစမ်းချင်တယ်၊ ပုန်းအောင်းဆော့ကစားကြတယ်၊ အဲဒီအတွက်ကြောင့် အန္တရာယ်ရရှိနိုင်ပါတယ်။ ဒါ့အပြင် အဲဒီအသက်အရွယ်ရှိတဲ့ ကလေးတွေဟာ မိသားစုအတွက် ရေရှာ၊ ထင်းရှာ တာဝန်ယူကြရတဲ့အတွက် လူသွားလမ်းမဟုတ်တဲ့ နေရာတွေဆီကို လှည့်လည်သွားရောက်ရှာဖွေကြရတယ်”

၂၀၁၇ ခုနှစ်အတွင်း ကချင်ပြည်နယ်တစ်ခုတည်းတွင် DanChurchAid အဖွဲ့နှင့် ပူးပေါင်းပြီး Norwegian Church Aid အဖွဲ့ ၊ လူမူဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာနများနှင့် ပူးပေါင်းကာ ကျောင်းပေါင်း ၆၀၀၀ ကျော်ရှိ ကလေးသူငယ်များဆီသို့ အသိပညာပေးဆိုင်ရာ လုပ်ငန်းများရောက်ရှိခဲ့ပါသည်။

©UNICEF Myanmar/2017/Khine Zar Mon

Monday, December 4, 2017

Kayin school children learn to identify, avoid and report landmines

By Macarena Aguilar

Decades of armed conflict in Myanmar’s Southeast have left farming land and forests contaminated with landmines and Explosive Remnants of War (ERW), which pose a major risk to children and their communities. This is particularly true in Kayin State, where all seven townships are plagued with explosive devices and accidents are still frequent.

Raising awareness among children in their schools about the many dangers of mines has become a flagship strategy for UNICEF and its partners since 2016. Children aged 8 to 14 are those most at risk and mine risk education (MRE) sessions have been designed with them in mind. 

“This age group is especially vulnerable,” explains UNICEF’s Child Protection Officer Danee Luhar. “They are eager to explore and play in hideouts and will take more risks to do so. But also children this age are often in charge of fetching firewood or water for their families so will wander from the beaten paths.”

During 2017, only in Kayin state, together with DanChurchAid – Norwegian Church Aid and in collaboration with the Departments of Social Welfare and of Education, over 6000 school children have been reached.

©UNICEF Myanmar/2017/Khine Zar Mon