By Simon Ingram - ၂၀၁၇ ခုနှစ်၊ မေလ
မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများသည် ကလေးသူငယ်များ နှင့် သူတို့၏ မိသားစုအသိုင်းအဝိုင်းများအပေါ် အကျိုးဆက်များ ဆက်လက်ရိုက်ခတ်လျှက်ရှိနေပါသည်။
မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျား နယ်စပ်ဒေသများရှိ ကလေးများသည် အချိန်ကာလကြာရှည်စွာဖြစ်ပွားနေသည့် ကပ်ဆိုးများ၊ လူ့အဖွဲ့အစည်း နှစ်ခု အကြားဖြစ်ပွားသည့် ပဋိပက္ခများ နှင့် ခွဲခြားဆက်ဆံမှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ဆက်လက်ခံစားနေရပါသည်။ ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ် ၌ ဖြစ်ပွားသည့် လူ့အဖွဲ့အစည်းနှစ်ခုအကြားပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၁၂၀၀၀၀ ရှိပြီး အထူးအားဖြင့် အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြပြီး ဒုက္ခသည်စခန်း သို့မဟုတ် ယာယီစခန်းပေါင်း ၄၀ တွင် နေထိုင်နေကြပါသည်။