Showing posts with label flood. Show all posts
Showing posts with label flood. Show all posts

Tuesday, August 27, 2019

ကပ်ဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ ရပ်ရွာအသိုက်အဝန်းများ တည်ဆောက်နိုင်မည့်နည်းလမ်းများကို မျှဝေပေးခြင်း

ရေးသားသူ - Kap Za Lyan

မုတ်သုံရာသီ စတင်လာပြီဖြစ်တဲ့အတွက် ချင်းပြည်နယ် ဟားခါးခရိုင်ပညာရေးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေလင်းက ကျောင်းသူကျောင်းသားတွေကို အရင်ကထက်ပိုပြီး ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားနိုင်ဖို့ နည်းလမ်းတွေကို အကြံပေးပြောကြားထားပါတယ်။

©UNICEF Myanmar/2016/Daniele Romeo
အထူးသဖြင့် မိုးက တစ်ပတ်ကျော် ဆက်တိုက်ရွာသွန်းပြီဆိုရင် ဖြစ်လာတတ်တဲ့ မြေပြိုတာတွေနဲ့ ရေပြွန်တွေ ရေမြောင်းတွေကို သန့်ရှင်းအောင်ထားဖို့ အရေးကြီးတဲ့အကြောင်းတွေကိုလည်း သတိပေးထားပါတယ်။ နောက်ပြီး မိုးကြိုးပစ်တာနဲ့ ဆိုင်ကလုံးမုန်တိုင်းတွေအပါအဝင် မုန်တိုင်းတိုက်နေချိန်မှာ လုပ်ထားရမယ့် ကြိုတင်ကာကွယ်မှုတွေကိုလည်း ပြောပြတယ်။

Tuesday, September 6, 2016

မုန်တိုင်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ဘဝသစ်

မာရီယာနာပါလာဗရာရေးသားသည်


ကလေး၊ စစ်ကိုင်းတိုင်းဒေသကြီး - ပြီးခဲ့တဲ့နှစ်ကတည်းက မသီတာဦးရဲ့ဘဝမှာ လှိုင်းလေထန်ခဲ့ရသည်။ ဆိုင်ကလုန်း ကိုမန်မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျောက်ကက်ရွာလေးမှာ တစ်ပတ်လုံး မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတွေကြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင်က စတင် ခဲ့ခြင်းဖြစ်လေ သည်။


“အဲဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး” ဟု မသီတာဦးက ပြန်ပြောပြသည်။


“ရေတွေက အရမ်းတက်လာတယ်။  လှေတော်တော်များများလည်း မြုပ်ကုန်တယ်။ ကျွန်မတို့အိမ်လေးမှာ ရေပတ်လည် ဝိုင်းသွားတယ်”ဟု ၎င်းက ဆိုသည်။


ရေအလွန်ကြီးလာပြီး ၎င်းတို့အိမ်နစ်မြုပ်တော့မလို ဖြစ်ခဲ့သည့်အတွက် အသက် ၁၉ နှစ်အရွယ် မသီတာဦးမှာ သူမရဲ့ခင်ပွန်း၊ မိဘနှစ်ပါး၊ မောင်လေးတို့နဲ့အတူ အနီးဆုံး ဘုန်းကြီးကျောင်းကို ပြေးခဲ့ရသည်။ ယင်းဘုန်းကြီးကျောင်းမှာ မီတာအနည်းငယ် မြင့်သည့် တောင်ကုန်လေးတစ်ခုပေါ်မှာ တည်ရှိပြီး ကလေးမြို့မှ ကားဖြင့်သွားရင် မိနစ် ၂၀ ခန့် ကြာသည်။



ရွာ၏ ရေတွင်းသစ်တစ်တွင်းကို မသီတာဦး အသုံးပြုနေစဉ် 
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မာရီယာနာပါလာဗရာ

A New life after the Storm

By Mariana Palavra

Kale, Sagaing Region – Since last year, Ma Thida Oo’s life has been through choppy waters. It all started at the end of July 2015, when cyclone Komen brought one week of heavy rain and floods to Kyaukka village, in Sagaing Region. “I had never seen anything like that before”, recalls Ma Thida Oo. “The level of the river water rose so much, many boats sank and our house was surrounded by water”. As the waters threatened to take their house and lives away, the 19 year old fled with her husband, parents and brother to the nearest monastery, located a few meters up on the hill, some 20 minutes driving from Kale Township.

Ma Thida Oo using one of the village's new wells
©UNICEF Myanmar/2016/Mariana Palavra