Showing posts with label disaster risk reduction. Show all posts
Showing posts with label disaster risk reduction. Show all posts

Tuesday, August 27, 2019

ကပ်ဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ ရပ်ရွာအသိုက်အဝန်းများ တည်ဆောက်နိုင်မည့်နည်းလမ်းများကို မျှဝေပေးခြင်း

ရေးသားသူ - Kap Za Lyan

မုတ်သုံရာသီ စတင်လာပြီဖြစ်တဲ့အတွက် ချင်းပြည်နယ် ဟားခါးခရိုင်ပညာရေးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေလင်းက ကျောင်းသူကျောင်းသားတွေကို အရင်ကထက်ပိုပြီး ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားနိုင်ဖို့ နည်းလမ်းတွေကို အကြံပေးပြောကြားထားပါတယ်။

©UNICEF Myanmar/2016/Daniele Romeo
အထူးသဖြင့် မိုးက တစ်ပတ်ကျော် ဆက်တိုက်ရွာသွန်းပြီဆိုရင် ဖြစ်လာတတ်တဲ့ မြေပြိုတာတွေနဲ့ ရေပြွန်တွေ ရေမြောင်းတွေကို သန့်ရှင်းအောင်ထားဖို့ အရေးကြီးတဲ့အကြောင်းတွေကိုလည်း သတိပေးထားပါတယ်။ နောက်ပြီး မိုးကြိုးပစ်တာနဲ့ ဆိုင်ကလုံးမုန်တိုင်းတွေအပါအဝင် မုန်တိုင်းတိုက်နေချိန်မှာ လုပ်ထားရမယ့် ကြိုတင်ကာကွယ်မှုတွေကိုလည်း ပြောပြတယ်။