Thursday, June 1, 2017

ချန်လှပ်ခံဘဝများ

By Simon Ingram - ၂၀၁၇ ခုနှစ်၊ မေလ

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများသည် ကလေးသူငယ်များ နှင့် သူတို့၏ မိသားစုအသိုင်းအဝိုင်းများအပေါ် အကျိုးဆက်များ ဆက်လက်ရိုက်ခတ်လျှက်ရှိနေပါသည်။

မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျား နယ်စပ်ဒေသများရှိ ကလေးများသည် အချိန်ကာလကြာရှည်စွာဖြစ်ပွားနေသည့် ကပ်ဆိုးများ၊ လူ့အဖွဲ့အစည်း နှစ်ခု အကြားဖြစ်ပွားသည့် ပဋိပက္ခများ နှင့် ခွဲခြားဆက်ဆံမှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ဆက်လက်ခံစားနေရပါသည်။  ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ် ၌ ဖြစ်ပွားသည့် လူ့အဖွဲ့အစည်းနှစ်ခုအကြားပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၁၂၀၀၀၀ ရှိပြီး အထူးအားဖြင့် အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြပြီး ဒုက္ခသည်စခန်း သို့မဟုတ် ယာယီစခန်းပေါင်း ၄၀ တွင်  နေထိုင်နေကြပါသည်။  

မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံး ပြည်နယ်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် ရှိ စင်တက်မော် ဒုက္ခသည်စခန်းတွင် ကလေးတစ်ယောက်လမ်းလျှောက်လာနေသည်။ ယင်းစခန်းရှိ ကလေးငယ် ၃၀ ရာခိုင်နှုန်းနီးပါး သည် ဆင်းရဲနွမ်းပါးမှု၊ စာသင်ကျောင်းနှင့် ဆရာ၊ဆရာများ မလုံလောက်မှု နှင့် ခရီးသွားလာ ခွင့်ကန့်သတ်ချက်များကြောင့် မူလတန်းကျောင်းတွင် ကျောင်းအပ်နှံခြင်းမရှိပေ။

© UNICEF/UN061821/Brown
Cဘောဒူဖ ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ဒုက္ခသည်များအနေဖြင့် ယင်းစခန်း ခြံစည်းရိုးအပြင်သို့ ထွက်ခွာခွင့်မပြုနိုင်ရန် လုံခြုံရေးတပ်သားများစောင့်ကြပ်ထားသည်။ ဒုက္ခသည်များကိုလည်း သူတို့နေထိုင်ရာဒေသများဆီသို့ ပြန်လည်အခြေချရန် တားမြစ်ခံထားရပါသည်။ ယင်းအခြေအနေများကြောင့် နိုင်ငံတကာမှ စိုးရိမ်ပူပန်မှုများမြှင့်တက်စေသည်။

© UNICEF/UN061848/Brown

အသက် (၁၁) အရွယ်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးလေး မတာယုသည် ဘောဒူဖ ဒုက္ခသည်စခန်းအနီးရှိ ဈေးတစ်ခုတွင် သူ့မ၏ အဒေါ်ဖြစ်သူအား ငါး ရောင်းရာတွင် ကူညီပေးနေပါသည်။ သူမ၏အဒေါ်မှ ကျွေးမွေးစောင့်ရှောက်ထားသော်လည်း သူမ ကို ကျောင်းမထားနိုင်ပါ။ လွန်ခဲ့သောနှစ်မှ စပြီး သူမနေထိုင်ရာအနီးရှိ ကျောင်းပြင်ပပညာရေးစာသင်ကျောင်းသို့ စာသင်အရွယ်နောက်ကျမှ တက်ရောက်သင်ကြားနိုင်ခဲ့ပါသည်။ 

© UNICEF/UN061839/Brown

“ကျွန်မကျောင်းမတက်ရတဲ့အချိန်တွေကို မေ့လို့မရပါဘူး” ဟု မတာယု (လက်ယာဘက် ဒုတိယမြောက်) မှ ပြောပါတယ်။ သူမသည်လည်း ဘောဒူဖ ဒုက္ခသည်စခန်းရှိ ကလေးများ နှင့်အတူ စာသင်ကျောင်းတွင်တက်ရောက်သင်ကြားလျှက်ရှိပါသည်။ ပညာရေး ကွာဟချက်များ သည် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းအားလုံးအတွက် သက်ရောက်မှု ကို ဖြစ်စေပြီး တိုးတက်မှု ကို တွန့်ဆုတ်စေပါသည်။

© UNICEF/UN061854/Brown

ယူနီဆက်၏ ဒုတိယအမှူဆောင်ညွန်ကြားရေးမှူး Justin Forsyth (လက်ဝဲဘက်) သည် ဘောဒူဖ ဒုက္ခသည်စခန်းရှိ စာသင်ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ “မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်၏လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို  မြို့ပြနေရာများရှိ ကလေးများသာမက နေရာတိုင်းရှိ ကလေးများအားလုံးအတွက် ဆောင်ရွက်ပေးနိုင်ဖို့ စိန်ခေါ်မှုများရင်ဆိုင်နေရဆဲဖြစ်ပါတယ်” ဟု Forsyth  ပြောသည် 

© UNICEF/UN061844/Brown

“သချ င်္ာဘာသာကတော့ ကျွန်တော်အနှစ်သက်ဆုံးပါ” ဟု စင်တက်မော် ဒုက္ခသည်စခန်းရှိ အသက် (၁၀) နှစ် အရွယ် ရှိပြီး ကျောင်းစာတွေကို လေ့လာနေသည့် မောင်မျိုးသိန်းက ပြောသည်။ “ကျွန်တော်ကြီးလာရင် ဆရာဝန်ကြီးလုပ်ချင်ပါတယ်။ ဒါမှ အခြားသူတွေကိုကူညီနိုင်မယ်” ပြောသည်။ သို့သော် ပြဿနာတစ်ခုက လာမည့်နှစ်တွင် မူလတန်းပညာရေးပြီးဆုံးမည်ဖြစ်သော်လည်း အလယ်တန်းပညာရေးဆက်လက်တက် ရောက်နိုင်ရန် အလယ်တန်းကျောင်းမရှိခြင်းဘဲဖြစ်ပါသည်။ 

© UNICEF/UN061831/Brown

မောင်မျိုးသိန်း (လက်ဝဲဖက်) ၏ မိဘများသည် ကမန်လူမျိုးများဖြစ်ပြီး အစ္စလာမ်ဘာသာကိုးကွယ်သူ များဖြစ်ပါသည်။ သူသည် မိသားစုနှင့်အတူ စင်တက်မော် ဒုက္ခသည်စခန်းတွင် နေထိုင်လျှက်ရှိ ပါသည်။  မောင်မျိုးသိန်း အသက် (၆) နှစ်အရွယ်မှာ မိသားစုနှင့်အတူ နေအိမ်စွန့်ခွာထွက်ပြေးလာကြပြီး ယခုအခါ သူ၏ အသက် (၁၀) နှစ်အရွယ်သို့တိုင်ခဲ့ပြီး ဒုက္ခသည်စခန်းတွင် နေသားကျ လျှက်ရှိနေပါသည်။ သူ၏ပညာရေးကို ဆုံးခန်းတိုင်သင်ကြားဖို့ ဆန္ဒပြင်းပြလျှက်ရှိပါသည်။

© UNICEF/UN061822/Brown

ဘောဒူဖ ဒုက္ခသည်စခန်းသည် ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်လျှက်ရှိပြီး ဖုန်ထူပြီး ရွံ့ဖွက်ပေါလှသည့်နေရာတွင် သစ်သားတဲတန်းလျားများ အနှံ့အပြား တည်ရှိနေပြီး  ဒုက္ခသည် ၆၉၀၀ ကျော် နေထိုင်လျှက်ရှိပါသည်။ သောက်ရေ၊ သုံးရေ လုံလောက်စွာရရှိဖို့ ခက်ခဲပါတယ်။ သောက်ရေ နှင့် သုံးရေအတွက် အနီးအနားရှိ ကျေးရွာမှ ပိုက်ဖြင့်သွယ်တန်း ရယူပါတယ်။

© UNICEF/UN061847/Brown

စင်တက်မော် ဒုက္ခသည်စခန်းတွင်မိန်းကလေးငယ်တစ်ဦး ရေခပ်နေပုံ။ ဇန်နဝါရီလမှ မေလအတွင်း နွေရာသီတွင် မိသားစုတစ်စုအတွက် နေ့စဉ် ရေ ၁၅ လီတာ သာ ရနိုင်ပါသည်။ “မိုးနောက်ကျရင်ဖြင့် ရေအခက်အခဲဖြစ်နိုင်ပါတယ်” ဟု စခန်းရေပေးဝေရေးစီမံခန့်ခွဲမှုအဖွဲ့ခေါင်းဆောင် ကိုထွန်းမင်းကျော်မှ ပြောသည်။

© UNICEF/UN061823/Brown
ဘောဒူဖ ဒုက္ခသည်စခန်းရှိ တန်းလျားများအကြား ကလေးငယ်များ လမ်းလျောက်နေပုံ။ “ဒီမှာရှိတဲ့မိသားစုတွေအနေနဲ့အတော်ခက်ခဲကြပါတယ်” ဟု ယူနီဆက်၏ ဒုတိယအမှူဆောင်ညွန်ကြားရေးမှူး  Justin Forsyth ကပြောသည်။ “ကျွန်တော်တို့ အကောင်းဆုံးကြိုးပမ်းနေပါတယ်။ ယူနီဆက်အနေနဲ့ Save the Children အပါအဝင် အခြားသောအဖွဲ့များ နှင့် ပူးပေါင်းပြီးဆောင်ရွက်နေပါတယ်။ သို့သော် ဒီပြဿနာရဲ့မူလဇစ်မြစ်ကို ဖြေရှင်းနိုင်ဖို့လိုပါတယ်”ဟုပြောသည်။ 


© UNICEF/UN061842/Brown


No comments:

Post a Comment