စာရေးသူ - သိ င်္ဂီဝင်း*
၂၀၁၉ခုနှစ်၊ မတ်လ - အသက် ၄၇ နှစ်အရွယ် ကိုစိုင်းအွမ်တစ်ယောက် အရင်ကလုပ်ဖို့ အစီအစဉ်မရှိခဲ့တဲ့ အလုပ်တစ်ခုကို လုပ်နိုင်ခဲ့ပါပြီ။ သူက သူ့မိသားစုအတွက် အိမ်သာတစ်လုံး ဆောက်လိုက်တာပါပဲ။
မြန်မာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပန်ကန်းရွာလေးက ကလေးနှစ်ယောက် ဖခင်ဖြစ်သူဟာ သူ့ရဲ့ လုပ်ဆောင်ချက်တွေက မိသားစုအတွက်သာမက ရွာလေးရဲ့ ကျန်းမာရေးကိုပါ တိုးတက် ကောင်းမွန်စေမယ်ဆိုတာ နားလည်သဘောပေါက်ခဲ့ပါတယ်။
“ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုတာ ကွင်းပြင်တွေ ချုံတောတွေထဲ တောထိုင် အညစ်အကြေးစွန့်တာနဲ့ ဆက်စပ်နေမှန်း ကျွန်တော် သိလိုက်ရတဲ့အချိန်မှာ အိမ်သာတွေရဲ့ အရေးပါမှုကို နားလည်သွားတယ်။ ဒီတော့ အိမ်သာဆောက်ဖို့ကို ကျွန်တော် စိတ်ထက်သန်လာခဲ့တယ်။ ကျွန်တော့်မှာ ပိုက်ဆံများများစားစား မရှိပေမဲ့ နောက်မှလုပ်မနေဘဲ အခုပဲ အိမ်သာဆောက်နေပါပြီ”လို့ ကလေးနှစ်ယောက် ဖခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

![]() |
ရှမ်းပြည်တောင်ပိုင်း ပက်ခန်းကျေးရွာရှိ ကလေးများနှင့်အတူ တောထိုင်အညစ်အကြေးစွန့်ခြင်း (ODF) ဆိုင်ရာ ကနဦး ဆွေးနွေးပွဲ။ ©UNICEF Myanmar/2019/Theingi Win |
အိမ်ထောင်သက် ၁၁နှစ်ရှိပြီဖြစ်တဲ့ ကိုစိုင်းအွန်တို့ မိသားစုက ဝါးအိမ်လေးမှာ နေထိုင်ကြပြီး သိပ်မကြာသေးခင် အချိန်အထိ အပေါ့အလေးစွန့်ဖို့ကို ဆွေမျိုးတစ်ယောက်ရဲ့ အိမ်က အိမ်သာကို သုံးတာဖြစ်ဖြစ်၊ အနီးအပါး လယ်ကွင်းတွေနားက ချုံပုတ်တွေနောက်မှာဖြစ်ဖြစ် ဒီအတိုင်း အညစ်အကြေးစွန့်လေ့ရှိခဲ့ကြပါတယ်။