ရှီးမားအစ္စလမ်၊ ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ၊ EAPRO
မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အနောက်ပိုင်းဒေသသည် ဆင်းရဲနွမ်းပါးဆုံးဒေသတစ်ခုဖြစ်ပြီး အထီးကျန်တည်ရှိနေသည့် နေရာတစ်ခုလည်းဖြစ်သည့်အတွက် တစ်ခါတစ်ရံ ကလေးများ၏ ပညာရေးကို ထိခိုက်စေပါသည်။ မိသားစုများအနေဖြင့် သူတို့၏ ကလေးများကို ကျောင်းပို့ရန် ကုန်ကျစရိတ်အတွက် ကြိုးပမ်းကြရသည်။ ထို့အတွက်ကြောင့် ကျောင်းထွက်နှုန်းအလွန်မြင့်မားပါသည်။ အလားတူ ကျောင်းသုံးပစ္စည်းများ လုံလောက်မှုမရှိခြင်းနှင့် ပြည်နယ်တစ်လွှား အရည်အချင်းပြည့်စုံသည့် ဆရာ၊ဆရာမများ လျော့နည်းလာခြင်းကြောင့် ၃၀%သော ကလေးများသည် မူလတန်းကျောင်းများတွင် ကျောင်းအပ်နှံမှု မလုပ်ကြသည့်အတွက် အဆင့်မြင့်ပညာသင်ယူနိုင်သည့် နည်းလမ်းများသည် စိုးရိမ်ဖွယ်ရာကောင်းအောင်ကို နည်းပါးလာနေပါသည်။
မကြာခဏဖြစ်ပွားနေသည့် သဘာဝဘေးအန္တရာယ်များနှင့် လူ့အသိုက်အဝန်းနှစ်ခုကြား အဖန်တစ်လဲလဲ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ပဋိပက္ခများသည်လည်း ပညာရေးကို ထိခိုက်ပျက်စီးစေပါသည်။ ဆိုလိုသည်မှာ ၂၀၁၄ခုနှစ် သန်းခေါင်းစာရင်းအရ ယနေ့အချိန်အခါ ရခိုင်ပြည်နယ်တွင် စာမတတ်သည့် လူဦးရေနှုန်းသည် တစ်နိုင်ငံလုံးပျမ်းမျှနှုန်းထက် ၅၀% မြင့်မားနေသည်ကို ဆိုလိုပါသည်။