Wednesday, March 14, 2018

ဆယ်ကျော်သက်အရွယ်မှာ သင်တန်းနည်းပြလုပ်နိုင်ဖို့က ထင်တာထက်ပိုခက်ပါတယ်

ရေးသားသူ - ယုယုအောင်

မောင်ခွန်ဟိန်တက်စိုးက အသက် ၁၇နှစ် ရှိပါပြီ။ အနာဂါတ်အတွက် ဘာလုပ်ချင်လဲ သေသေချာချာသူမသိပါ။  စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်အောင်လုပ်ရမလား၊ နည်းပညာနဲ့ အသက်မွေးတဲ့ ပညာရှင်တစ်ယောက်ဆို ကောင်းမလား၊ ဒါမှမဟုတ် တခြား တစ်ခုခု .. ဘာလုပ်ရင်ကောင်းမလဲ။ 


တက္ကသိုလ်ဝင်တန်းအောင်ပြီးတော့ အနာဂါတ်အတွက်လိုအပ်မယ့် ပညာတွေကို သင်ဖို့ ကျောင်းတွေကို စုံးစမ်းကြည့်ပါသေးတယ်။ ဒါပေမယ့် သင့်တော်တာကို မတွေ့ခဲ့ပါဘူး။ အပြင်ပုဂ္ဂလိက ကျောင်းတွေက ဈေးကြီးပြီး ပေးတဲ့ငွေနဲ့တန်တဲ့ အသိပညာ၊ အတတ်ပညာကို ပြန်မရဘူးလို့ သူထင်ပါတယ်။ အဝေးသင်တက်တာလည်း ကောင်းလှချည်ရဲ့မဟုတ်ပါ။

Harder than it looks: Becoming an adolescent learning facilitator

By Yu Yu Aung

At age 17, high school graduate Khum Hein Tet Soe couldn’t decide what future to pursue. Should he try to be a business man, or an information technology specialist, or something completely different?


He checked out private schools that might teach him useful skills, but he couldn’t find the right one. The schools were expensive, and the quality of teaching didn’t seem to match the cost. Distance education college wasn’t a solution either.

ရှေ့ဆောင်လမ်းပြကြသူများ - ဆယ်ကျော်သက်များ ဦးဆောင်သော အရက်၊ မူးယစ်ဆေးပညာပေး ရက်သတ္တပတ်

ရးသားသူ - ယုယုအောင်

တိုတောင်းတဲ့ အချိန်တစ်ပတ်အတွင်းမှာ ဘာတွေဖြစ်အောင်လုပ်နိုင်မလဲ။ ၂၀၁၈ခုနှစ် ဇန်န၀ါရီလမှာ အရက်၊ မူးယစ်ဆေးပညာပေး ရက်သတ္တပတ်ကမ်ပိန်းကို အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ လူငယ်တွေအတွက်တော့  တစ်ပတ်ဆိုတဲ့ အချိန်အတွင်းမှာ အများကြီးလုပ်ဆောင်နိုင်ခဲ့ပါတယ်။

ယူနီဆက်က ဆယ်ကျော်သက်များ ပူးပေါင်းပါဝင်ရေးအစီအစဉ်ကို ပီယာဆန်(Pearson)ရဲ့ ငွေကြေး အထောက်အပံ့နဲ့ ဆောင်ရွက်နေပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တွေက ယခုလို အထင်ကရရှိတဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုကာကွယ်ရေးကမ်ပိန်းကို မြန်မာနိုင်ငံက မြို့ကြီး၎မြို့ဖြစ်တဲ့ ရန်ုကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ မော်လမြိုင်မြို့မှာ  တပြိုင်တည်းပြုလုပ်ခဲ့ပါတယ်။   UPSHIFT လို့ နာမည်ပေးထားတဲ့ ဆယ်ကျော်သက်များ ပူးပေါင်းပါဝင်ရေး အစီအစဉ်မှာ ဆယ်ကျော်သက်လူငယ်တွေက ထိရောက်စွာ ပြောဆို ဆက်ဆံခြင်း၊ အများနှင့် ပူပေါင်းလုပ်ဆောင်ခြင်းနှင့် အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ ပြသနာကို ဖြေရှင်းခြင်း၊ ဆန်းသစ်တီထွင်ခြင်းစသည့် ၂၁ရာစုမှာ အောင်မြင်တဲ့ သူတွေဖြစ်လာစေရန် လိုအပ်တဲ့ အရည်အချင်းတွေကို လေ့ကျင့်ပေးပါတယ်။

Showing the way: Adolescents lead campaign to prevent drug use in Myanmar

By Yu Yu Aung 

What can you achieve in one short week? Plenty, according to young people who ran a large drug use prevention campaign among their peers in Myanmar during early January, 2018.

The landmark campaign held in the country’s four biggest cities took place under an adolescent engagement program being implemented by UNICEF in Myanmar, with the support of Pearson. The UPSHIFT program supports adolescents to become social innovators in their communities, through trainings in 21st century skills such as communication, collaboration and team work, problem solving and creativity. 

Friday, February 16, 2018

ရခိုင်ပြည်နယ်တွင် သန့်ရှင်းရေးလုပ်ငန်းများတိုးတက်ဖို့ ဒေသခံပြည်သူလူထုဦးဆောင်

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးသည့် ဒေသတစ်ခု ဖြစ်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် အိမ်သာသုံးစွဲနိုင်မှုသည် စုစုပေါင်းလူဦးရေ၏ ထက်ဝက် ၄၈%သာလျှင်ရှိပြီး မြန်မာနိုင်ငံတွင် အနိမ့်ဆုံး များမှ တစ်ခုအပါအဝင်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် နေထိုင်သည့်လူဦးရေ၏ ၅၈%သာလျှင် သန့်ရှင်းသည့် သောက်သုံးရေကို သုံးစွဲနိုင်ပါသည်။ ယင်းအခြေအနေကို ပြောင်းလဲနိုင်ဖို့ ယူနီဆက်သည် ဒေသဆိုင်ရာ အစိုးရ အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်းလျှက် မြို့နယ် ၃ မြို့နယ်တွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အိမ်သာတည်ဆောက်ခြင်းလုပ်ငန်းကို ဒေသခံလူထုဦးဆောင်နိုင်ရန် ကူညီပံ့ပိုးပေးခြင်းကို ဆောင်ရွက်လျှက် ရှိပါသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် အသစ်တည်ဆောက်ပြီးစီးသည့် ရေအိမ်သာအား နောက်ခံထားပြီး ဒေါ်ဦးခိုင် မှတ်တမ်း ဓါတ်ပုံရိုက်စဉ်။ 
©UNICEF Myanmar/2017/Moe Thu

Friday, January 26, 2018

Community members take the lead to improve sanitation in Rakhine

Rakhine State is one of the poorest and most isolated parts of Myanmar. Less than half (48 per cent) of the people have access to a hygienic toilet – one of the lowest levels in Myanmar; while only 58 per cent of people living in the State have access to safe drinking water. To help change this situation, UNICEF is working with the local government and the Myanmar Red Cross Society to encourage communities to take the lead in building sanitary latrines in three Townships. 

Daw Oo Khaing stands in front of her new latrine in Mrauk-U Township, Rakhine, Myanmar.
©UNICEF Myanmar/2017/Moe Thu

ရခိုင်ပြည်နယ်၊ ကျင်နီပြင်စခန်းရှိ အများသုံးရေဘုံဘိုင်များသည် အမျိုးသမီးများအတွက် ရေနှင့်ပက်သက်သည့် ဝန်ထုတ်ဝန်ပိုးများကို အဆုံးသတ်စေခဲ့

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်က ဖြစ်ပွားခဲ့သည့် ဘာသာရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်လူမှုအသိုက်အဝန်းမှ လူပေါင်း ၁၂၉၀၀၀ခန့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြပါသည်။ တစ်ချို့သောဖြစ်ရပ်များတွင် တစ်ရွာလုံးကို ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူများအဖြစ်  ပြွှတ်ကြပ်နေသည့် စခန်းများသို့ ပြောင်းရွှေ့နေရာချထားခဲ့ပါသည်။ ပေါက်တောမြို့နယ်ရှိ စူလီဖရန် ကျေးရွာသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်ရှိ ကျင်နီပြင်ဒုက္ခသည်စခန်းရှိ ရေဘုံဘိုင်များမှ တစ်ခုတွင် အမျိုးသမီးနှင့် ကလေးငယ်များရေခပ်ယူနေကြပုံ။
©UNICEF Myanmar/2017/Kris Cahyanto