Friday, January 26, 2018

ရခိုင်ပြည်နယ်၊ ကျင်နီပြင်စခန်းရှိ အများသုံးရေဘုံဘိုင်များသည် အမျိုးသမီးများအတွက် ရေနှင့်ပက်သက်သည့် ဝန်ထုတ်ဝန်ပိုးများကို အဆုံးသတ်စေခဲ့

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်က ဖြစ်ပွားခဲ့သည့် ဘာသာရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်လူမှုအသိုက်အဝန်းမှ လူပေါင်း ၁၂၉၀၀၀ခန့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြပါသည်။ တစ်ချို့သောဖြစ်ရပ်များတွင် တစ်ရွာလုံးကို ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူများအဖြစ်  ပြွှတ်ကြပ်နေသည့် စခန်းများသို့ ပြောင်းရွှေ့နေရာချထားခဲ့ပါသည်။ ပေါက်တောမြို့နယ်ရှိ စူလီဖရန် ကျေးရွာသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်ရှိ ကျင်နီပြင်ဒုက္ခသည်စခန်းရှိ ရေဘုံဘိုင်များမှ တစ်ခုတွင် အမျိုးသမီးနှင့် ကလေးငယ်များရေခပ်ယူနေကြပုံ။
©UNICEF Myanmar/2017/Kris Cahyanto
၅နှစ်ကြာပြီးသည့်တိုင် ရွေ့ပြောင်းနေထိုင်သည့်လူပေါင်း ၅၉၃၆ ဦးကျော် သည် ကြိမ်နီပျင်စခန်းတွင် ဆက်လက်နေထိုင်ကြဆဲဖြစ်ပါသည်။ ကျင်နီပြင်စခန်းသည် ရခိုင်ကျေးရွာများအပြင် အခြားသောစခန်းများနှင့် အလှမ်းကွာဝေးပြီး သွားရောက်ရန် ခက်ခဲသည့် နေရာတစ်ခုဖြစ်ပါသည်။ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများချို့တဲ့ပြီး ဈေးများနှင့် အလှမ်းကွာဝေးသည့် နေရာဖြစ်ကာ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများသာလျှင် ကူညီပံ့ပိုးလျှက်ရှိသည့် နေရာဖြစ်ပါသည်။

ပူပြင်းခြောက်သွေ့သည့် မေလ ရောက်တိုင်း ထိုစခန်းရှိ အမျိုးသမီးများအတွက် ခက်ခဲပင်ပန်းမှုများ ရုတ်ချည်းမြှင့်တက်လာပါသည်။ စခန်း ပတ်လည်ရှိ ရေကန်အများအပြား ခန်းခြောက်သွားပြီး အမျိုးသမီးများအနေဖြင့် ရေရရှိနိုင်သည့် အနီးဆုံးရေကန်သို့ ရောက်ရှိဖို့ မိနစ် ၃၀ကျော် လမ်းလျှောက်ရသည်။ ထို ရေရနိုင်သည့် ရေတွင်းများပင်လျှင် ရေအနည်းငယ်သာ ရှိပါသည်။ ထို့အတွက် သူတို့ယူလာသည့် သွပ်ရေခရားအိုး အပြည့် ခတ်လိုက်သည့်အခါ ရေနှင့်အတူ ရွံ့နွံနှင့်သဲများ မကြာခဏဆိုသလို ပါလာစမြဲဖြစ်ပါသည်။ ရေတစ်ခါခပ်လျှင် လူတစ်ကိုယ်အတွက်သာ သယ်ဆောင်နိုင်သည့်အတွက် မိသားစုတစ်စုလုံးအတွက်မူ ပူပြင်းလှသည့် နေပူဒဏ်အောက်တွင် တစ်ရက်လျှင် အခေါက်ပေါင်းများစွာ ခရီးနှင်ကြရပါသည်။

“ရေ၊ အချိန်နဲ့ စွမ်းအင်တွေကို ချွေတာဖို့  အမျိုးသမီးတွေနဲ့ ကလေး အများစု ရေမချိုးကြဘူး” ဟု ယူနီဆက် ရခိုင်ပြည်နယ်ရုံးရှိ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး (WASH)ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Basilius Kris Cahyantoမှ ပြောသည်။ “သူတို့ရဲ့ အရေပြားတွေဟာ အနီရောင်ဖြစ်လာပြီး ယားယံလာကြတယ်။ ရေမလုံလောက်တဲ့အတွက် သူတို့ကို လစဉ်ဖြန့်ဝေပေးနေတဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းတွေထဲက    ဆပ်ပြာကို မသုံးနိုင်ကြဘူး” ဟုပြောသည်။

သို့သော် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလတွင် ယူနီဆက်နှင့် ဒန်းနစ်ရှ်ဒုက္ခသည်များဆိုင်ရာကောင်စီတို့ ပူးပေါင်းလျှက် စခန်းအလယ်ဗဟိုတွင် ရေဘုံဘိုင်နှစ်ခုကို တည်ဆောက်ခဲ့ပါသည်။ ရိုးရှင်းသော်လည်း ဘဝတွေကိုပြောင်းလဲသွားစေသည့် ထို ဘုံဘိုင်များသည် စခန်းရှိ လူများကို သန့်ရှင်းသည့်ရေများ ပံ့ပိုးပေးလျှက်ရှိပါသည်။
စခန်းရှိ ရေပေးဝေးရေးလုပ်သားများဖြင့် ဖွဲ့ထားသည့် အဖွဲ့သည် ပြန်လည်ပြုပြင်ထားသည့် ရေကန်ကြီးမှ ကလိုရင်းထည့်ထားသည့် ရေကန်များဆီသို့  တစ်နေ့လျှင်လေးကြိမ် ရေကိုတွန်းပို့ မောင်းနှင်ကြပါသည်။ ဘုံဘိုင်များဆီသို့ မဖြန့်ဖြူးမှီ ရေကို သန့်စင်ကြပါသည်။ ယခုအခါ မေလတွင် ရေကန်ရှိရေများ ခန်းခြောက်သွားသော်လည်း ရေဖြန့်ဖြူးရေးအဖွဲ့သည် စခန်းနှင့် အနည်းငယ် ကွာဝေးသည့် ရေကန်များမှ ရေကို တွန်းပို့ပေးခြင်းဖြင့် ပြန်လည်ဖြည့်တင်းနိုင်ကြပြီဖြစ်သည်။


ရခိုင်ပြည်နယ်ရှိ ကျင်နီပြင် ဒုက္ခသည်စခန်းတွင် အမျိုးသမီးနှင့် ကလေးငယ်များ ရေပြည့်နေသည့် ရေခရားအိုးများကို သူတို့နေထိုင်သည့်
ရွက်ဖြင်တဲများသို့သယ်သူလာစဉ်။ 
©UNICEF Myanmar/2017/Myo Thame

ယခုအခါ စူလီဖရန်ကျေးရွာမှ အမျိုးသမီးများသည် ယာယီတဲစခန်းများမှ  မိနစ်အနည်းငယ် လမ်းလျှောက်လျှင်ရောက်နိုင်သည့် ရေဘုံဘိုင်မှ ရေကို အလွယ်တကူ သွားရောက် ခပ်ယူနိုင်ပြီဖြစ်သည်။ “သူတို့တွေရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုကို စွန့်လွှတ်ဖို့မလိုတော့သလို ပူလောင်ပြင်းပြတဲ့ နေရောင်အောက်မှာ ရေသွားခပ်ရသည့် အချိန်တွေ ကုန်ဆုံးဖို့ မလိုအပ်တော့ဘူး” ဟု Cahyanto ကရှင်းပြသည်။ “ခရားအိုးထဲက ရေတွေကို သူတို့ရဲ့ ရွက်ဖျင်တဲ အတွင်းမှာရှိတဲ့ ပလက်စတစ်ရေပုံးကြီးထဲကို သွန်လိုက်ကြတယ်။ ပြီးတော့ ရေပုံးကို အဖုံးပြန်ဖုံးလိုက်တယ်။ ပြီးတော့ ရေထပ်ခပ်ဖို့ ရေဘုံဘိုင်ဆီကိုပြန်သွားကြတယ်”ဟုပြောသည်။

ရေပေးဝေရေးအဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးသည် ရေဘုံဘိုင်တစ်ခုချင်းဆီကို ရေအလေအလွင့်မဖြစ်စေဖို့ စောင့်ကြည့်စစ်ဆေးရပါသည်။ ရေကရားအိုးပင့်တင်ဖို့အတွက် အမျိုးသမီးများကို ကူညီပေးရသလို ငယ်ရွယ်သူတွေအတွက်လည်း သူတို့ရေခရားတွေ ရေပြည့်အောင် ဖြည့်ပြီးသည့်အခါ ရေဘုံဘိုင်ခေါင်းကို ပိတ်ပေးရသည့် အလုပ်ကို ကူညီပေးရပါသည်။ နံနက်စောစောအချိန်မှစ၍ နေမြင့်သည့်အချိန်မတိုင်မှီ  ရေဘုံဘိုင်တွင် ရေလာခပ်သည့်သူများဖြင့် စည်းကားလျှက်ရှိပါသည်။

ယူနီဆက်နှင့် ၎င်း၏မိတ်ဖက်အစိုးရအဖွဲ့အစည်းဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန တို့သည် မိုးတွင်းကာလအတွင်း ရေပိုမိုရယူသုံးစွဲနိုင်ဖို့ ရေကန်သုံးခုကို တည်ဆောက်လျှက်ရှိသည့်အပြင် စခန်းတွင် ရေလုံလောက်စေဖို့ တိုးမြှင့်လုပ်ဆောင်နေပါသည်။ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် ယူနီဆက်အနေဖြင့် ကလေးသူငယ်များနှင့် သူတို့၏မိသားစုများအတွက် သန့်ရှင်းသောရေပိုမိုရရှိသုံးစွဲနိုင်ဖို့ ရေကို စုဆောင်း၊ သိမ်းဆည်း၊ ဖြန့်ဖြူးသောစနစ်ကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားပါသည်။ 



No comments:

Post a Comment