Friday, August 2, 2019

ကချင်ပြည်နယ်ရှိ စာသင်ကျောင်းများ တွင် ရေ၊ ပတ်ဝန်းကျင် နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး စီမံချက်

By Agostino Munyiri 

ကချင်ပြည်နယ်၊ မြန်မာ၊ ၂၀၁၉  ခုနှစ် ဇူလိုင်လ — ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ဟိုပင်အရှေ့ကွက်သစ်ကျောင်းကို စီမံခန့်ခွဲနေပြီး အလုပ်တွင် စိတ်အားထက်သန်ကာ စိတ်နှစ်မြုပ်လုပ်ဆောင်တတ်သော သားသမီး(၂) ဦး၏ဖခင်ဖြစ်သူ ဦးအောင်ကျော်ထွန်းသည် ရပ်ရွာလူထုမှ လေးစားအသိအမှတ်ပြုခံရသူဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရပ်ရွာလူထုက ရေ၊ ပတ်ဝန်းကျင် နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ကော်မတီ (Water, Sanitation and Hygiene (WASH) committee) နှင့် စာသင်ကျောင်းများတွင်လုပ်သည့် WASH စီမံချက်  (WinS project) အတွက် ဒေသခံ ခေါင်းဆောင်ကို မဲပေးရွေးချယ်ခဲ့ ကြသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့အရှေ့ကွက်သစ်ကျောင်းရှိ လက်ဆေးသည့် နေ ရာ ဘေးတွင် မတ်တပ်ရပ်နေသည့်
ဦးအောင်ကျော်ထွန်း
©UNICEF Myanmar/2018/ Nyan Zay Htet
“ကျွန်တော် ကျောင်းအုပ်ကြီး အနေနဲ့ လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ကျွန်တော့်ရပ်ရွာထဲက ကျောင်းသားလေးတွေ နဲ့ နေထိုင်ကြသူတွေ မှာ တစ်ကိုယ်ရည်သန့်ရှင်းရေး နဲ့ ပတ်သက်တဲ့ အကျင့်ကောင်းလေးတွေကို ကျင့်သုံးလာကြတာကို ကျွန်တော် သတိထားမိခဲ့ပါတယ်။ အိမ်သာ နဲ့ အနီးအနားမှာ လက်ဆေးလို့ရတဲ့ နေရာရှိတဲ့ အိမ်ထောင်စု တွေ တိုးလာတာက တော့ တကယ့် တိုးတက်မှုတစ်ခုပဲ။ ခုတော့ အားလုံးနီးပါး လက်ဆေးကြတဲ့ အကျင့် လုပ်လာကြတာကို ကျွန်တော်တွေ့နေရပါတယ်။ ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေ ကြောင့် ဖျားတာ၊ နာတာတွေ လျော့နည်းလာတယ် လို့ ကျွန်တော်ထင်ပါတယ်။” ဟု အသက်(၄၅)နှစ်ရှိပြီ ဖြစ်သည့်  ခေါင်းဆောင်ဖြစ်သူက  ပြောသည်။ 

အရှေ့ကွက်သစ်ကျောင်းသည် လတ်တလောတွင် အခြားနည်းဖြင့်မသန်စွမ်းသည့် ကလေးသူငယ်များအတွက် ထည့်သွင်းစဉ်းစားပေးခြင်း နှင့် အိမ်သာများတွင် ဘီးတပ်ကုလားထိုင်သွားနိုင်သည့်ဆင်ခြေလျှောများကို ထည့်သွင်းတည်ဆောက်ထားခြင်းတို့ကြောင့် ကြယ်(၂)ဆင့်ဆု ချီးမြှင့်ခြင်း ခံရသည်။ ဤကျောင်းသည် အဆိုပါ အားထုတ်ကြိုးပမ်းမှုကို မိုးညှင်းမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၄၁)ကျောင်းအနက် ပထမဆုံးလုပ်ဆောင်ခဲ့  သောကျောင်းဖြစ်သည်။ 

“ကျွန်တော်တို့ ရွာထဲမှာ ကျောင်းမတက်နိုင်တဲ့ မသန်စွမ်းကလေးနှစ်ယောက်ရှိတယ်။ ဘီးတပ်ကုလားထိုင် အလှူရှင်နဲ့ ဆင်ခြေလျှောလုပ်ဖို့ အလှူငွေရမယ်ဆိုရင်တော့ အဲ့ဒီအချက်က ပြောင်းလဲသွားမှာပဲ လို့ ကျွန်တော် စဉ်းစားမိခဲ့တယ်” ဟု ဆရာ အောင်ကျော်ထွန်းမှ ရှင်းပြသည်။ 

ကချင်ပြည်နယ် ဟိုပင်၊မိုးညှင်းဒေသရှိ အရှေ့ကွက်သစ်ကျောင်းတွင် အခြားနည်းဖြင့်သန်စွမ်းသည့်ကလေးများအတွက် ဒီဇိုင်းဆွဲထားသောအိမ်သာများ
©UNICEF Myanmar/2019/ Sanda Lwin
၂၀၁၄ ခုနှစ် နှင့် ၂၀၁၆ ခုနှစ်အတွင်းတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နှင့် ဖားကန့်မြို့နယ်အတွင်းရှိ ကလေးသူငယ်ပေါင်း ၁၇၇၁၀ ဦးသည် ယူနီဆက်နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်းပံ့ပိုးသည့် WinS services စီမံကိန်း၏ အကျိုးကိုခံစားခဲ့ရသည်။ 

ရပ်ရွာလူထု၏ ဦးဆောင်မှု နှင့် ပါဝင်မှု တို့ကိုမြှင့်တင်ရန် နှင့် ငွေကြေးသုံးစွဲမှုထိရောက်စေရန် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသည့်မဟာဗျူဟာအသစ်ကို မိုးညှင်းမြို့နယ် ရှိ ဟိုပင် မြို့နယ် တစိတ်တပိုင်းတို့တွင် ကနဦးလုပ်ဆောင်ချက်အနေဖြင့် အခြေခံပညာရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ 

ကမ္ဘာလုံးဆိုင်ရာကြယ်သုံးဆင့်မဟာဗျူဟာ ပုံစံကိုအတုယူထားသည် “Thant Star” ဟုခေါ်သော  ချဉ်းကပ်နည်း အသစ်ကို  Australian Aid  နှင့် Natcom အဖွဲ့အစည်းတို့က ငွေကြေးထောက်ပံ့မှုတို့ဖြင့် ကျောင်းပေါင်း (၂၁)ကျောင်းရှိ ကျောင်းသူကျောင်းသား ၂၆၈၄ ဦးထံသို့ လက်လှမ်းမီ ဆောင်ရွက်ခဲ့ပါသည်။
UNICEF Australia မှ ငွေကြေးပံ့ပိုးထားသည့် “မြို့နယ်တစ်ခုလုံးအတိုင်းအတာ” ချဉ်းကပ်မှုပုံစံကိုအသုံးပြုထား  သော စီမံကိန်းသည် ၂၀၁၉  ခုနှစ်တွင် မိုးညှင်းမြို့နယ်မှ ကျောင်းပေါင်း (၁၀၇) ကျောင်း နှင့် အင်ဂန်ယန်မြို့နယ် မှ  ကျောင်း (၄)ကျောင်းသို့ လက်လှမ်းမီ ရောက်ရှိရန် ရည်မှန်းထားသည်။ 


1 comment:

  1. Thanks for sharing, nice post! Post really provice useful information!

    Hương Lâm chuyên cung cấp bán máy photocopy và dịch vụ cho thuê máy photocopy giá rẻ, uy tín TP.HCM với dòng máy photocopy toshiba và dòng máy photocopy ricoh uy tín, giá rẻ.

    ReplyDelete