Tuesday, August 6, 2019

ရှေးဦးအရွယ်ကလေးသူငယ်အရေး ဆောင်ရွက်ခြင်း - မိဘများအတွက် အကူအညီဖြစ်စေမည့် နည်းစနစ်များ

ရေးသားသူ မေသက်သက်ဦး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အထွေထွေပြည်သူ့ဆေးရုံးကြီးတွင်တာဝန်ထမ်းဆောင်  နေသောဆေးဘက်ဆိုင်ရာ  လူမှုဝန်ထမ်းတစ်ယောက် ဖြစ်သည့် အက်စတာသည် ၂၀၁၉ ခုနှစ် ဇွန်လ (၃) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျင်းပသော ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး  (ECI)   မွမ်းမံသင်တန်းတွင် ကလေးငယ် ဖွံ.ဖြိုးမှုကိုအကဲဖြတ်ခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီအစဉ် နည်းစနစ်များ(Assessment, Evaluation, Programming and System (AEPS)  ကို (၁၂) ရက်တာ တက်ရောက် လေ့လာခဲ့ပြီး နောက်ပိုင်းတွင် စိတ်အားထက်သန်ကာ ယုံကြည်မှု ပိုရှိလာခဲ့သည်။ 




“ကလေးတစ်ယောက်အတွက် ကလေးငယ်ရဲ့ တစ်နေ့တာ လုပ်ဆောင်မှုများ (routine-based interventions) ကို အခြေခံပြီး ဖွံ့ဖြိုးမှုနှင့် ကိုက်ညီသော နည်းစနစ်တွေ ပုံမှန်လုပ်ပေးစရာ ကိစ္စတွေကို အကြံဥာဏ် ပေးတဲ့အခါမှာ ကျွန်မ ပိုပြီး ယုံကြည်မှု ရှိလာပါတယ်။ တခါတလေကျရင် မိဘတွေက ကလေးတွေ အတွက် သတ်မှတ်ထားတဲ့ ရည်မှန်းချက်၊ပန်းတိုင် တွေကို  အဆင့်သေးလေးတွေ အဖြစ် တဖြည်းဖြည်းခွဲခြမ်းစိတ်ဖြာ သွားဖို့လိုပါတယ်။ ဒီ ရည်မှန်းချက် ပန်းတိုင်တွေ ကို မိဘတွေက နားလည်ပြီး သဘောတူ လက်ခံဖို့ အတော် ကြိုးစားလုပ်ယူရပါတယ်။ ပုံမှန် အားဖြင့် သူတို့က ပန်းတိုင်ကြီးတွေကိုသာချမှတ်ထားတတ်ကြတယ်” ဟု စိတ်ထက်သန်မှု အပြည့်ရှိသည့် ကျွမ်းကျင်ပညာရှင် မအက်စတာမှ ရှင်းပြသည်။ 

ECI အစီအစဉ် သည် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် မှ စတင်ခဲ့ကာ  ထိုအချိန်မှစ၍ သင်တန်းတွင် ပါဝင်တက်ရောက်ပြီးစီးခဲ့သည့် ပညာရှင် (၁၅) ဦးတွင် အက်စတာသည် တစ်ဦး အပါအဝင် ဖြစ်သည်။ ပညာရှင်များတွင် အစိုးရဝန်ကြီးဌာနများဖြစ်သည့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများမှ အကြောအဆစ် ကုထုံးပညာရှင်များ၊ ဆေးဘက်လူမှုဆိုင်ရာ ကျွမ်းကျင်သူများ၊ စိတ်ပညာရှင်များနှင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့် ဘာသာရေးအခြေပြု အဖွဲ့အစည်းများမှ ပညာရှင်များပါဝင်ကာ ECI ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့အဖြစ် လုပ်ဆောင်ခဲ့သည်။ 

‘’ရိုးရှင်းသည့် ဆောင်ရွက်ချက်များဖြစ်သည့် ကလေးနှင့် အတူကစားခြင်း သို့မဟုတ် အစာကျွေးနေစဉ် စကားပြောပေးခြင်း သည် ကလေး၏ဆက်သွယ်ပြောဆိုခြင်းကို တိုးတက်စေသည်။ ကလေးများကို မတ်တရပ်ရန် အားပေးခြင်း နှင့် လူကြီးအကူအညီအနည်းငယ်ဖြင့်သာ လှုပ်ရှားရန်အားပေးခြင်း များသည်လည်း အခြားနည်းလမ်းကောင်းများဖြစ်သည်။’’ ဟု အက်စတာက  သူမ၏ သင်တန်း အတွေ့အကြုံကို ထင်ဟပ်ကာ ဝေမျှပြောဆိုပါသည်။ 

ယူနီဆက်မြန်မာ၊ The Leprosy Mission Myanmar နှင့် New Life Foundation နှင့်ပူးပေါင်းကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးစီသည့် ကလေးငယ် ဖွံ.ဖြိုးမှုကိုအကဲဖြတ်ခြင်း၊ ဆန်းစစ်ခြင်း နှင့် အစီအစဉ် နည်းစနစ်များ(Assessment, Evaluation, Programming and System (AEPS)  မွမ်းမံသင်တန်းတွင် လက်ရှိ ပညာရပ်ဆိုင်ရာသဘောတရားများ၊ အိမ်တိုင်ရာရောက်လည်ပတ်ကြည့်ရှုခြင်း အပါအဝင် လက်တွေ့ကျင့်သုံးနေသည့် လုပ်ငန်းလုပ်ဆောင်ရွက်မှုများကို ပြန်လည်ဆန်းစစ်သုံးသပ်ရန် သင်တန်းသားများ နှစ်ယောက်တစ်တွဲ လုပ်ဆောင်ခဲ့သည်။ 

အိမ်တိုင်ရာရောက်သွားရောက်သွားရောက်သူများမှ ညွှန်းပို့သည့်ကလေး ငယ်များအတွက်     အသေးစိတ်ကျသည့် ဆန်းစစ်မှုများ ပြုလုပ်ခြင်း၊ ကလေးငယ်များ နှင့် မိသားစုဝင်များ အတွက် သင့်တော်သည့် အစီအစဉ်များကို ချမှတ်ပြီး လမ်းညွှန်ပေးနိုင်ရမည့် အချက်များသည် ပညာရှင်တိုင်း သိထားရမည့်အရေးကြီး လုပ်ငန်းခွင်သင်တန်းများ ထဲမှ တစ်ခုဖြစ်ပါသည်။     

မိဘများ၊ မိသားစုဝင်များနှင့်  ကလေးစောင့်ရှောက်မှုပေးသူများကို “ကလေးငယ်ရဲ့ တစ်နေ့တာ လုပ်ဆောင်မှုများ (routine-based interventions) ကိုအခြေခံပြီးဖွံ့ဖြိုးမှုနှင့် ကိုက်ညီသော နည်းစနစ်တွေကို အခြေပြု လှုပ်ရှားမှုများကို ပြုလုပ်ရာတွင် အကူအညီဖြစ်စေရန်နှင့် ကလေးများ၏ ဖွံဖြိုးမှု လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေမည့် ဧရိယာများကို အလေးထားဆောင်ရွက်ခြင်းများဖြင့်ကလေး ဖွံဖြိုးမှုများတိုးတက်မြန်ဆန်စေရန် အတူတကွ လုပ်ဆောင်လျက် ရှိသည်” ဟု အက်စတာ မှ ရှင်းပြပါသည်။ 

“အထူးပညာရေးကျောင်းကို စီမံခန့်ခွဲလျက် အထူးဂရုစိုက်မှုလိုအပ်သောကလေးငယ်များအား ပညာသင်ကြား  ပေးနေသူ ခင် လည်း သင်တန်းတွင် ပါဝင်တက်ရောက်ခဲ့သည်။ ဤ Assessment, Evaluation, Programming and System (AEPS) နည်းစနစ်အသစ်ကို အသုံးပြုပြီး ကလေးတစ်ဦးစီ နှင့် သူ.မိသားစုတို့၏ လိုအပ်ချက်အပေါ်မူတည်ကာ တိကျစွာလုပ်ဆောင်ရမည့်ကလေး၏ ဖွံဖြိုးမှု လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေမည့် လှုပ်ရှားမှုများကို စီစဉ်ရန် ကျွန်မအနေဖြင့် အလွန်စိတ်ဝင်တစားရှိနေပါတယ်” ဟု ဤလုပ်ငန်းတွင် အင်တိုက်အားတိုက် လုပ်ဆောင်နေသော ဆရာမက ပြောသည်။ 
   
ယခုဆိုလျှင် ခင်အနေဖြင့် မိသားစုအခြေပြုဝန်ဆောင်မှုများ၏ အကျိုးများသည် နေ့စဉ်လုပ်ရိုးလုပ်စဉ်များတွင်  ပေါင်းစပ်နေသည် ဆိုသည့် အကြောင်း သဘောပေါက်နားလည်လာပါသည်။ ဤသင်တန်းတွင် အခိုင်အမာဖော်ပြထားသည့် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေုတိုင်းတာစစ်ဆေး မှုနှင့်ပြန်လည်ထူထောင်ရေး  (ECI) ဝန်ဆောင်မှုများ ၏ အဓိကအခြေခံသဘောတရားများသည် မိဘများ အပြည့်အဝပါဝင်ခြင်းကို အားပေးထားပြီး ကလေးများ ဖွံဖြိုးစေရန် အကောင်းဆုံးနည်းသည် ကလေး ၏ နီးစပ်ရာ ပတ်ဝန်းကျင် ဖြစ်သည်ဟု သတ်မှတ်ထားပါသည်။  အဘယ်ကြောင့်ဆိုသော် ကလေး နှင့် မိသားစုအတွက် စိတ်ဖိစီးမှုဖြစ်နိုင်ချေ နည်းသော ကြောင့်ဖြစ်သည်။ မိမိတို့ အိမ်တွင် မိဘများသည် မိမိကိုယ်ယုံကြည်မှု နှင့် မျှော်လင့်ချက်ကို ခံစားရကာ ကျွမ်းကျင်ပညာရှင်များအပေါ် မှီခိုမှု ပိုနည်းကြသည်။ ထိုနည်းဖြင့် အဖွဲ့အစည်းများသို့ လာရောက်ရန် အပိုငွေကုန်ကျများခြင်း  သို့မဟုတ် အချိန်ကုန်ခြင်းတို့ ဖြစ်ရန် မလိုတော့ပေ။  

No comments:

Post a Comment