Wednesday, September 30, 2015

Critical early days - giving birth in a health facility

By Virginia Henderson
 
Baby Nang Mya with his mother and family at home in Loi Lomt village, Southern Shan State
©UNICEF Myanmar/2015/Virginia Henderson
 
Taunggyi, Southern Shan State, September 2015: On a pouring rainy day in October 2014 in the remote village of Loi Lomt, 24 year old Nang Khe gave birth to her fourth child with the assistance of a male traditional birth attendant. After delivery, Nang Khe fell semi-unconscious suffering from very low blood pressure due to a retained placenta. 

ရေလွှမ်းမိုးမှုနှင့်ကြုံတွေ့ရပြီးနောက်ပိုင်းကာလ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၃ ရက်

ဓာတ်ပုံ - မျိုးသိမ်း

မြန်မာနိုင်ငံအနောက်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်တွင် နေထိုင်သော ကလေးသူငယ်များနှင့် ၎င်းတို့၏ မိသားစုများသည် အဆိုးရွားဆုံးသော ရေလွှမ်းမိုးမှုဒဏ်ကို တွေ့ကြုံ ခံစားခဲ့ရပြီး ဖြစ်သည်။ တချို့ကျေးရွာများဆိုလျှင် လုံးဝပျက်စီးလုနီးပါးအခြေအနေသို့ ရောက်ရှိခဲ့သည်။

စစ်ကိုင်းအစရှိသော မြောက်ပိုင်းဒေသများတွင် ရေတဖြည်းဖြည်းချင်း ကျလာသည်နှင့်အမျှ ရေများသည် အောက်ဘက်သို့ ဆက်လက်စုန်ဆင်းနေပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ ပြည်သူ ၃၀၀,၀၀၀ ကျော်ကို ကြီးစွာ အန္တရာယ်ပြုခြိမ်းခြောက်လျက်ရှိသည်။

ယူနီဆက်ဖ်သည် အခြားသော ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီများနှင့် လက်တွဲလျက် မြန်မာနိုင်ငံအစိုးရ အာဏာပိုင်များနှင့် အနီးကပ် ပူးပေါင်းကာ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးမှုတန်ဖိုးများကို အကဲဖြတ် ဆန်းစစ်ခြင်း၊ သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းသောသောက်သုံးရေ ရရှိရေးအတွက် လိုအပ်ချက်များနှင့် ပြန်လည်နလန်ထူနိုင်ရေးလိုအပ်ချက်များကို အလျင်အမြန် ဖြည့်ဆည်းပေးရန် အရေးပေါ် အထောက်အပံ့ များကိုပေးအပ်ခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ခြင်း၊ ကျောင်းနှင့် အိမ်များကို ပြင်ဆင်ပေးခြင်းနှင့် ကလေးသူငယ်များ၏ စိတ်သက်သာရာရမှုအတွက် နှစ်သိမ့်ပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက် ရှိပါသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ ငါးမိုင်အကွာရှိ ရေလွှမ်းမိုးမှုဒဏ် အဆိုးရွားဆုံးခံရသော ဒေသများမှ တစ်ခုတွင် အိမ်များနှင့်ကျောင်းများ ယခုကဲ့သို့ ပျက်စီးသွားကြသည်
©UNICEF Myanmar/2015/Myo Thame

၂၀၁၅ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ ကလေးသူငယ်အခွင့်အရေး ဖော်ဆောင်ပေးသူကို မဲပေးကြပါစို့

ရန်ကုန်၊ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၈ ရက် –-- ရန်ကုန်မြို့တွင် ဩဂုတ်လ ၂၈ ရက် သောကြာနေ့၌ ကျင်းပခဲ့သော လူ ၂၀၀ တက်ရောက်ခဲ့သည့် ”ကလေးသူငယ်အခွင့်အရေးဖော်ဆောင်ပေးသူကို မဲပေးကြပါ” ဆိုသည့် တက်ကြွလှုပ်ရှားစေသည့် ဖိုရမ်ကို သွက်လက်သောဖျော်ဖြေမှုများနှင့် ပေါ့ဂီတဖြင့် ဖွင့်လှစ်ခဲ့ သည်။

နိုင်ငံရေးပါတီများ၏ မဲဆွယ်လှုပ်ရှားမှုမစတင်မီ ကိုးရက်အလိုတွင် ကလေးငယ်များကို ဦးစားပေးသည့် ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာတစ်ခုကို အသုံးပြုရန် နိုင်ငံရေးသမားများအား ကလေးငယ်များက တောင်းဆိုခဲ့သည်။
 

Monday, September 7, 2015

The power of education to build a joint future for all children in Rakhine State

By Andy Brown, Communication Specialist, UNICEF East Asia and Pacific Regional Office
 

Thu Zar (right) studies with a friend in a classroom at Thea Chaung IDP camp
©UNICEF Myanmar/2015/Myo Thame


Hlaing Hlaing Oo (left) studies in a Grade 6 class at Mingan School
©UNICEF Myanmar/2015/Myo Thame
Rakhine State is one of the poorest and most isolated parts of Myanmar, and suffers from complex humanitarian needs and unaddressed development needs. Already marked by a high rate of poverty, the socioeconomic situation in Rakhine further deteriorated in 2012 following the outbreak of violence between majority Buddhist and minority Muslim communities, which displaced many Muslim communities, who were relocated in controlled camps.

ရခိုင်ပြည်နယ်ရှိ ကလေးများအားလုံး၏ ပူးတွဲအနာဂတ် တည်ထောင်ရန်အတွက် ပညာရေးစွမ်းရည်


ယူနီဆက်ဖ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံးမှ ဆက်သွယ်ရေးပညာရှင် အန်ဒီဘရောင်း ရေးသားသည်
 
သဲချောင်း ပြည်တွင်း၌ နေရာမဲ့ဖြစ်နေသူများ (အိုင်ဒီပီ) စခန်းရှိ စာသင်ခန်းတစ်ခုတွင် သူငယ်ချင်းတစ်ဦးနှင့်အတူ စာသင်ယူနေသော သူဇာ
 ©UNICEF Myanmar/2015/Myo Thame
 
မင်းဂံကျောင်းတွင် ပဉ္စမတန်းတက်နေသော လှိုင်လှိုင်ဦး
©UNICEF Myanmar/2015/Myo Thame

ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးနှင့် အထီးအကျန်ဆုံးဒေသတစ်ခုဖြစ်ပြီး များမြောင်လှသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် မဖြေရှင်းရသေးသော ဖွံ့ဖြိုးရေး လိုအပ်ချက်များ ရှိနေသည်။ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် ဆင်းရဲနွမ်းပါးမှုမှာ ၇၈ ရာခိုင်နှုန်း ရှိနေရာ ရခိုင်ပြည်နယ်၏ လူမှုစီးပွားရေးအခြေအနေမှာ လူများစု ဖြစ်သော ဗုဒ္ဓဘာသာနှင့် လူနည်းစု မွတ်စလင်များအကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ပိုမိုဆိုးရွားလာခဲ့သည်။ ယင်းပဋိပက္ခကြောင့် မွတ်စလင်အုပ်စုများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ထိန်းချုပ်ထားသော စခန်းများတွင် ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဩဂုတ်လ၌ ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများက အသိုင်းအဝိုင်းနှစ်ခုကြား ခွဲခြားထားသော ကာလရှည်ကြာစွာ အခိုင်အမာ အမြစ်တွယ်နေသည့် နယ်နိမိတ် စည်းကို လျစ်လျူရှုလျက် ဤပြသနာများကို ပိုမိုဆိုးရွားစေခဲ့သည်။

Wednesday, September 2, 2015

Myanmar Elections 2015 – Let’s vote for one clear winner: CHILDREN

Yangon 28th August 2015: Dynamic performances and pop music greeted the two hundred participants at the upbeat forum “Let’s vote for one clear winner: Children” which took place in Yangon on Friday 28 August.
 
With 9 days to go before political parties depart on their campaigning trail, children called for politicians to adopt a winning strategy: prioritizing children.