Wednesday, September 30, 2015

၂၀၁၅ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ ကလေးသူငယ်အခွင့်အရေး ဖော်ဆောင်ပေးသူကို မဲပေးကြပါစို့

ရန်ကုန်၊ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၈ ရက် –-- ရန်ကုန်မြို့တွင် ဩဂုတ်လ ၂၈ ရက် သောကြာနေ့၌ ကျင်းပခဲ့သော လူ ၂၀၀ တက်ရောက်ခဲ့သည့် ”ကလေးသူငယ်အခွင့်အရေးဖော်ဆောင်ပေးသူကို မဲပေးကြပါ” ဆိုသည့် တက်ကြွလှုပ်ရှားစေသည့် ဖိုရမ်ကို သွက်လက်သောဖျော်ဖြေမှုများနှင့် ပေါ့ဂီတဖြင့် ဖွင့်လှစ်ခဲ့ သည်။

နိုင်ငံရေးပါတီများ၏ မဲဆွယ်လှုပ်ရှားမှုမစတင်မီ ကိုးရက်အလိုတွင် ကလေးငယ်များကို ဦးစားပေးသည့် ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာတစ်ခုကို အသုံးပြုရန် နိုင်ငံရေးသမားများအား ကလေးငယ်များက တောင်းဆိုခဲ့သည်။
 
 
”နိုင်ငံတစ်ဝန်းလုံးက နိုင်ငံရေးသမားတွေနဲ့ အခုလို တိုက်ရိုက်စကားပြောခွင့်ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိတယ်။ ကျွန်မတို့ပြောမယ့်ဟာကို သူတို့တွေ အရမ်းစိတ်ဝင်စားပုံပဲ။ ပြီးတော့ ကျွန်မတို့ နိုင်ငံတွင်းက ကလေးတွေရဲ့ဘ၀ တိုးတက်ဖို့အတွက် သူတို့တွေ ကြိုးစားပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှ မချောနှင်းပွင့်က ပြောသည်။

UNICEF နှင့် NGO ၅၀ ကျော်ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သော နိုင်ငံ့ကလေး သူငယ်အခွင့်အရေး လုပ်ငန်းအဖွဲ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အထောက်အပံ့ဖြင့် ကျင်းပသော ဤဖိုရမ်တွင် အသက် ၁၂ နှစ်မှ ၁၇ နှစ်အတွင်း ကလေးသူငယ်ပေါင်း ၅၀ ကို မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၉၀ မှ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများနှင့် မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးခဲ့သည်။

ကျန်းမာရေး၊ ပညာရေး၊ မူးယစ်ဆေး၊ ကလေးလုပ်သားနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် တရားဥပဒေစိုးမိုးရေး ညီလာခံ အပါအဝင် ကလေးသူငယ်များအတွက် အဓိကအရေးပါသော ပြဿနာ များကို ကိုယ်စားလှယ်လောင်းများအား ကလေးငယ်များက အကျဉ်းရုံးပြောကြားခဲ့ရာ ရက်သတ္တပတ် ပေါင်းများစွာ လေ့ကျင့်ဆောင်ရွက်ခဲ့မှုက အကျိုးဖြစ်ထွန်းခဲ့သည်။

အလှည့်ကျပြောကြားသော စကားဝိုင်းတွင် ကလေးများက ၎င်းတို့၏ ဆန္ဒများနှင့် လိုလားချက်များကို စေ့ငုသေချာစွာ ပြောကြားခဲ့ရာ နိုင်ငံရေးသမားများက မှတ်သားခဲ့ကြပြီး ရှေ့လာမည့် ရက်သတ္တပတ်တွင် စတင်မည့် နိုင်ငံရေးမဲဆွယ်လှုပ်ရှားမှုများ၌ မဲဆွယ်မှုပုံစံအသစ်တစ်မျိုးကို ပြုလုပ်နိုင်ကြမည် ဖြစ်သည်။ ဖိုရမ်အပြီး၌ ကလေးများအားအတွက် ကတိကဝတ်နံရံတွင် လက်မှတ်များဖြင့် ပြည့်နှက်သွားသည်။

”ကလေးများကို နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ထိပ်တန်းဦးစားပေးထားမယ်ဆိုရင် နိုင်ငံရေးပါတီတွေ အတွက်ရော၊ မဲဆန္ဒရှင်ပြည်သူတွေအတွက်ရော၊ ကလေးတွေအတွက်နဲ့ နိုင်ငံအတွက်ပါ ကောင်းပါတယ်။ ဒါက သေချာပေါက်အနိုင်ရမယ့် မဟာဗျူဟာပဲ” ဟု UNICEF မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Bertrand Bainval က ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို တိုက်တွန်းခဲ့သည်။




အဆိုပါဖိုရမ်သို့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်း ၇၀ ဦး၊ NGO ၅၀ နှင့် ကလေးသူငယ် ၅၀ ဦးတို့ တက်ရောက်ခဲ့ကြသည်။
©UNICEF Myanmar/2015/Myo Thame

 

 
 


ကလေးသူငယ်များက ပြဇာတ်နှင့် ဖျော်ဖြေတင်ဆက်ကာ ၎င်းတို့ကြုံတွေ့နေရသော ပြဿနာအချို့ကို နိုင်ငံရေးသမားများအား ပြသခဲ့သည်။
©UNICEF Myanmar/2015/Myo Thame


ကျန်းမာရေး၊ ပညာရေး၊ မူးယစ်ဆေး၊ ကလေးလုပ်သားနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် တရားဥပဒေစိုးမိုးရေးညီလာခံ အပါအဝင် ကလေးသူငယ်များအတွက် အဓိကအရေးပါသော ပြဿနာ များကို ကိုယ်စားလှယ်လောင်းများအား ကလေးငယ်များက အကျဉ်းရုံးပြောကြားခဲ့သည်။
©UNICEF Myanmar/2015/Myo Thame


မဇင်ဇင်မာ၏ ဖြစ်ရပ်က ကလေးငယ်များ၏ လိုအပ်ချက်များအပေါ် ပိုမိုအာရုံစိုက်လာစေသည်။
©UNICEF Myanmar/2015/Virginia Henderson



ဖိုရမ်အပြီး၌ ကလေးများအတွက် ကတိကဝတ်နံရံတွင် လက်မှတ်များဖြင့် ပြည့်နှက်သွားသည်
©UNICEF Myanmar/2015/Myo Thame

 

No comments:

Post a Comment