Showing posts with label Learn better. Show all posts
Showing posts with label Learn better. Show all posts

Monday, February 10, 2020

အတူတူသင်ကြားခြင်းက ကလေးငယ်တွေကို ရင်းနှီးစည်းလုံးစေ

ကျောင်းသားဘဝတစ်လျှောက် အတူတူသင်ကြား ကစားခြင်း
ရေးသားသူ - အိသူဇာ

မမြတ်နိုးခန့်နဲ့ မလှလှအောင်တို့နှစ်ယောက် ပြေးလမ်းပေါ်မှာ မြန်နိုင်သမျှ မြန်မြန်ပြေးနေကြပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်က အစိုးရစာသင်ကျောင်းရဲ့ မီတာ ၄၀၀ လက်ဆင့်ကမ်းပြေးပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး ကျောင်းသားတွေနဲ့ ဆရာဆရာမတွေက သူတို့ကို စိတ်လှုပ်ရှားတက်ကြွစွာ  အားပေးနေကြပါတယ်။ 

ပန်းတိုင်နားရောက်တဲ့အချိန်မှာပဲ အသင်းခေါင်းဆောင်ဖြစ်တဲ့ မမြတ်နိုးခန့်က လဲကျသွားခဲ့ပါတယ်။ သူက သိပ်ကိုစိတ်ပျက်သွားပြီး “နောက်တစ်ခါကျရင် သမီးအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်”လို့ ဝမ်းပမ်းတနည်းနဲ့ ပြောရှာပါတယ်။ ဒါပေမဲ့ မြတ်နိုးခန့်လေးကို သူ့အသင်းသားတွေက နားလည်ပေးတဲ့အတွက် စိတ်ပူစရာမလိုပါဘူး။ သူ့ကို သူ့ရဲ့ချစ်ရတဲ့သူငယ်ချင်း မလှလှအောင်က အားပေးနှစ်သိမ့်ပေးခဲ့ပါတယ်။

©UNICEF Myanmar/2020
မမြတ်နိုးခန့်နဲ့ မလှလှအောင်က တိုင်းရင်းသားမျိုးနွယ်၊ ဘာသာအသိုက်အဝန်းမတူကြပေမဲ့လည်း သိပ်ကိုရင်းနှီးတဲ့ သူငယ်ချင်း နှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးက အားကစားကို ဝါသနာပါသူလေးတွေပါ။ သမီးငယ် နှစ်ဦးစလုံးက အသက် ၁၃ နှစ်ဖြစ်ပြီး အစိုးရကျောင်းမှာ ၈ တန်းတက်ရောက်နေကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ကျောင်းမှာ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင်နဲ့ မွတ်စလင်ဘာသာဝင် အပါအဝင် တိုင်းရင်းသားမျိုးနွယ်၊ ဘာသာမတူကွဲပြားတဲ့ ကျောင်းသူကျောင်းသားပေါင်း ၃၀၀ ကျော်ရှိပြီး အားလုံးအတူတကွ သင်ကြားလျက်ရှိပါတယ်။

Friday, October 7, 2016

ကချင်ပြည်နယ်မှ ဘာသာစကားဆွေးနွေးခြင်းနှင့် ပတ်သက်သော အမြင်များ

ဒီရေဒရီနော့တန် (ပညာရေးဆိုင်ရာ ဆက်သွယ်ရေး)မှ ရေးသားသည်


ကချင်ပြည်နယ်၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ - ဒေါ်အယ်လ်ဂျာအောင်လူ သည် ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် သူငယ်တန်း ကလေးငယ်များကို စာသင် ကြားပေးနေသူဖြစ်သည်။ ၎င်း၏ တစ်နေ့တာ မှာ တပည့်တွေ ကျောင်းခန်းထဲကို ဝင်မလာခင်ကတည်းက စတင်နေပြီ ဖြစ်သည်။ ၎င်း၏ သင်ကြားရေးမှတ်စုများကို ပြန်လည်ဆန်းစစ်ပြီး တစ်နေ့တာ သင်ကြားရမည့် အကြောင်းအရာများကို ပြန်မှတ်ကာ ဘာသာစကားမတူသော တပည့်များအတွက် အသုံးပြုရမည့် ဘာသာစကားကို ပြန်လေ့ကျင့်ရသည်။


ဒေါ်အယ်လ်ဂျာအောင်လူ (ဝဲ) ကို တခြားဆရာမများနှင့်အတူတွေ့ရစဉ် 
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ဒီရေဒရီနော့တန်

The time is right - perspectives on language dialogue from Kachin

By Deirdre Naughton, Education Communications

Kachin State, September 2016 - Daw L Ja Aung Lu teaches grade one pupils in Mogaung Township, Kachin State.  Her day begins even before the pupils make their way through the school gate and into their classrooms.  She reviews her planning notes, reminding herself of her teaching content for the day, and mentally revises the language she will use with her diverse group of pupils.  
Daw L Ja Aung Lu (left) with some of her fellow teachers
©UNICEF Myanmar/ Deirdre Naughton/2016