Wednesday, April 6, 2016

အမျိုးသား ပိုလီယိုဆေးတိုက်ကျွေးရေးအစီအစဉ် - ဓာတ်ပုံစုစည်းတင်ပြမှု

ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၂ ရက်အထိ တစ်နိုင်ငံလုံးတွင် ရှိသော ကလေးငယ် ၄ ဒသမ ၆ သန်းခန့်အတွက် မြို့နယ်ပေါင်း ၃၃၀ တွင် အမျိုးသားပိုလီယိုရောဂါကာကွယ်ရေးအစီအစဉ် ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနအား ယူနီဆက်ဖ်နဲ့ ဒဗလျူအိတ်ခ်ျအိုက ထောက်ပံ့ကူညီပေးခဲ့သည်။ ယင်းအစီအစဉ်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံအချို့ကို တင်ပြလိုက်ပါသည်။



ပိုလီယိုဆေးတိုက်ကျွေးရေးအစီအစဉ်မှာ မြန်မာနိုင်ငံ၏ ချောင်ကျသော နေရာအားလုံးကို ရောက်ရှိခဲ့သည်။ ချင်းပြည်နယ် အာဏာပိုင်များနှင့် ယူနီဆက်က အတူတကွ ဆောင်ရွက်ခဲ့ကြသည်။
©ယူနီဆက်ဖ် မြန်မာ/၂၀၁၆/ဒန်နီရယ်ရိုမီယို


၈ လသမီးလေး ထွိုင်ဆန်ပန်သည် ၎င်းအား ပိုလီယိုရောဂါမှ ကာကွယ်ပေးမည့် ပိုလီယိုရောဂါကာကွယ်ဆေးကို သောက်သုံးပြီး ဖြစ်သည်။ ထွိုင်ဆန်သည် ဗန်းမော်မြို့ရှိ ဤအိုင်ဒီပီစခန်းတွင် မွေးဖွားခဲ့သည်။ ပြီးခဲ့သည့် ၄ နှစ်အတွင်း လူပေါင်း တစ်သိန်းကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည့် ပြည်တွင်းစစ်ကြောင့် ၎င်းတို့နေထိုင်ရာကျေးရွာတွင်လည်း သက်ရောက်မှုများရှိလာသဖြင့် လွန်ခဲ့သော ၂နှစ်က ယင်းစခန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ယူနီဆက်ဖ်နှင့် ကျန်းမာရေးအာဏာပိုင်များ ပူးတွဲဦးဆောင် ကြိုးပမ်းမှုဖြင့် အိုင်ဒီပီစခန်းများ၊ နယ်စပ်နှင့် ပဋိပက္ခများဖြစ်ပွားရာ နေရာများအပါအဝင် ကချင်ပြည်နယ်အတွင်း၌ ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၂ ရက်အတွင်း စုစုပေါင်း ကလေးငယ် ၁၅၇,၆၉၂ ဦးကို ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးနိုင်ခဲ့သည်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ဆီဇာဗယ်လာ


၂၀၁၅ ခုနှစ်အတွင်း ကလေးသူငယ်နှစ်ဦးပိုလီယိုရောဂါ ကူးစက်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ၅ နှစ်အောက် ကလေးသူငယ်အားလုံးကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနိုင်ရန်အတွက် ကျန်းမာရေး ဝန်ထမ်းများက တစ်အိမ်တက်ဆင်း သွားရောက်ခဲ့သည်။
ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးရေးအစီအစဉ် တလျှောက်လုံး တစ်နိုင်ငံလုံးရှိ ကလေးသူငယ်ဦးရေ ၄သန်းကျော်ကို တိုက်ကျွေးနိုင်ခဲ့သည်။
©ယူနီဆက်မြန်မာ/၂၀၁၆/သီဟထွန်း

ပြည်သူ့ကျန်းမာရေးဌာနနှင့် ‘ဝ’ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး ‘ဝ’အထူးဒေသ(၂) တွင် ပိုလီယိုရောဂါတိုက်ကျွေးရေးအစီအစဉ် ဆောင်ရွက်ခဲ့ကြသည်ပြီးကလေးသူငယ် တစ်သိန်းကျော်ကို ကာကွယ်ဆေး တိုက်ကျွေးခဲ့သည်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆

ကယားပြည်နယ်၊ ဘော်လခဲကျေးရွာရှိ အသက် ၄နှစ်အရွယ် ထရီဇာက ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးပြီးကြောင်း မှတ်သားထားသည့် သူမရဲ့ လက်ချောင်းလေးကို ဂုဏ်ယူစွာ ပြသနေသည်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်

ကယားပြည်နယ်တွင် ကလေးသူငယ် ထောင်ပေါင်းများစွာကို ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခဲ့သည်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်



ငါးနှစ်အောက် ကလေးသူငယ် ၄ ဒသမ ၆ သန်းကို ပိုလီယိုရောဂါမှ ကာကွယ်ပေးရန်အတွက် ကာကွယ်ဆေးတိုက်ကျွေးပေးးခဲ့သော မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သားဖွားဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ အားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူစကား ပြောကြားလိုပါသည်။ သူတို့အားလုံးက အမျိုးသားအဆင့် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းအတွက် အနီးအဝေးနေရာများရှိ ဆေးတိုက်ရုံများသို့ သွားခဲ့ကြရပါသည်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်

No comments:

Post a Comment