Monday, December 14, 2015

ကလေးသူငယ်ကျန်းမာရေးနှင့် အာဟာရထောက်ပံ့မှုသည် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သည့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိ ခဲ့ကာ NLD မှ လာမည့်နှစ်ဦးတွင် အစိုးရအဖွဲ့ဖွဲ့သည့်အခါ ကမ္ဘာတွင် အချိန်အကြာမြင့်ဆုံး ဖြစ်သည့် ပြည်တွင်းပဋိပက္ခနှင့် ရင်ဆိုင် ကြုံတွေ့ ရမည်ဖြစ်ပေသည်။

နိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ကြားတွင် မကြာသေးမီက ချုပ်ဆိုခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ရှိသော်လည်း အဆိုပါ သဘောတူညီချက်သည် အထူးသဖြင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သော ကလေးသူငယ် ၁.၈ သန်းခန့်ကို အကာအကွယ် မဖြစ်စေခဲ့ပေ။ အဆိုပါနေရာများတွင် တားဆီးပိတ်ပင်နေသကဲ့သို့ ဖြစ်နေသည်။ UNICEF နှင့် NGO Health Poverty Action တို့သည် အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် အာဟာရရရှိမှု ခိုင်မာစေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပဋိပက္ခဖြစ်ပွားမှု၊ နယ်မြေအခက်အခဲရှိမှုနှင့် နိုင်ငံရေး ကန့်သတ်ပိတ်ပင်မှု များကြောင့် ရောက်ရှိရန် ခက်ခဲသည့်ဒေသများရှိ မွေးကင်းစကလေးများနှင့် ကလေးသူငယ်များအား အာဟာရ ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

Mariana Palavra ရေးသားသည်

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ကချင်ပြည်နယ် - မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်း ပဋိပက္ခတွင် လွမ်းနို အဖမ်းခံခဲ့ရသည်။ လေယာဉ်ဗုံးကြဲသံ၊ အဆက်မပြတ် သေနတ်ပစ်ခတ် သံနှင့် မိုင်းကွဲသံတို့ကို ကြားခဲ့ရသည်ဟု လွမ်းနိုက ပြန်ပြောပြသည်။ ကချင်ပြည်နယ်တွင် ပြည်တွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ် အချိန်က ဖြစ်သည်။ 
 
လွမ်းနိုသည် လွန်ခဲ့သည့် သုံးနှစ်က ပြည်တွင်းပဋိပက္ခမှ တိမ်းရှောင် ထွက်ပြေးလာကာ နေ့ရပ်စွန့်ခွာ တိမ်းရှောင်သူများ စခန်းတွင်ပင် အိမ်ထောင်ကျခဲ့သည်။ ယခု သူမမွေးထားသည့် ငါးလအရွယ် ကလေးငယ်လေးအား ထက်မြတ်အောင်မြင်သည့် စီးပွားရှင်ကြီး ဖြစ်လာစေချင်နေသည်။
©UNICEF Myanmar/2015/Mariana Palavra
 
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်း ပဋိပက္ခတွင် လွမ်းနို အဖမ်းခံခဲ့ ရသည်။ လေယာဉ်ဗုံးကြဲသံ၊ အဆက်မပြတ် သေနတ်ပစ်ခတ်သံနှင့် မိုင်းကွဲသံတို့ကို ကြားခဲ့ရသည်ဟု လွမ်းနိုက ပြန်ပြောပြသည်။ ကချင်ပြည်နယ်တွင် ပြည်တွင်းပဋိပက္ခ ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ် အချိန်က ဖြစ်သည်။

အသက်အန္တရာယ် ဘေးကင်းရန်အတွက် လွမ်းနိုသည် ရွာမှ လက်ဗလာဖြင့် ထွက်ပြေးခဲ့ရသည်။ သူမသည် လွန်ခဲ့သော သုံးနှစ်က ချီပွေရှိ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ (IDPs)စခန်းတွင် နေထိုင် ခဲ့သည်။

ချီပွေသည် တရုတ်နိုင်ငံ၏ အစွန်းနယ်နိမိတ်ဖြစ်သော ယခင် ကချင်အထူးဒေသ(၁) (KSR-၁) ၏ အစိတ်အပိုင်းဖြစ်သည်။ ထိုဒေသသည် ယခုအခါတွင် အစိုးရအုပ်ချုပ်မှုအောက်၌ တည်ရှိသည်။ သို့သော် မြစ်၏တစ်ဖက်ကမ်းဒေသကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားပြီး ပဋိပက္ခမှာ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည်။

”တစ်ချို့ညတွေမှာဆို မြစ်တစ်ဖက်တစ်ချက်စီက ပစ်ခတ်သံတွေကြောင့် ကျွန်မတို့ နိုးနေခဲ့တယ်” ဟု လွမ်းနိုက ပြောပြသည်။

UNICEF နှင့် NGO Health Poverty Action (HPA) တို့သည် မိခင်နှင့် ငါးနှစ်အောက်ကလေး သေဆုံးမှု လျော့နည်းစေရေးအတွက် အစိုးရအုပ်ချုပ်သော ကချင်အထူးဒေသ(၁) ကိုသာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အုပ်ချုပ်သော အထူးဒေသ (၂) တွင်ပါ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

”လူမျိုးရေးကို အဓိကမထားဘဲ ကလေးတွေ အသက်ရှင်နေတဲ့ နေရာတိုင်းကို အရောက်သွားဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်” ဟု UNICEF မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Bertrand Bainval က ရှင်းပြသည်။ ”အစိုးရအုပ်ချုပ်တဲ့ ဒေသက ကလေးတွေရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ချုပ်ကိုင် ထားတဲ့ ဒေသက ကလေးတွေဆီကိုပါ အရောက်သွားမယ်” ဟု ဆိုသည်။

”နေရာတိုင်းရှိ မိခင်နှင့်ကလေးများ၏ ကျန်းမာရေးနှင့် အာဟာရ အခြေအနေများ တိုးတက်ကောင်းမွန် စေရန် စစ်ဖြစ်ပွားရာဒေသနှစ်ခု၏ အလယ်တွင် အများသဘောဆန္ဒဖြင့် ဖွဲ့စည်းထားသောကြောင့် ငြိမ်းချမ်းရေး တည်ဆောက်မှုကို အထောက်အကူဖြစ်စေနိုင်သည်” ဟု HPA မြန်မာပိုင်းအစီအစဉ်မှ ညှိနှိုင်းရေးမှူး Jiayin Li က ဖော်ပြထားသည်။

အထူးဒေသ(၁)နှင့် အထူးဒေသ(၂)တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော  စွမ်းရည် တည်ဆောက်မှု သို့မဟုတ် အထောက်အပံ့ ဖြန့်ဝေခြင်းကဲ့သို့သော လုပ်ဆောင်မှုတိုင်းကို  ပဋိပက္ခ ဖြစ်ပွားရာ ဒေသနှစ်ခုစလုံးက သဘောတူညီသည်။ HPA ၏ ကူညီထောက်ပံ့မှုဖြင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြားတွင် အဆက်မပြတ် ခိုင်မြဲသော ဆွေးနွေးညှိနှိုင်းမှုများလည်း ရှိခဲ့သည်ဟု သွယ်ဝိုက်ညွှန်းဆိုထားသည်။

ဤစီမံချက်မှ ထောက်ပံ့ကာကွယ်ပေးထားသော အထူးဒေသ(၁) နှင့် အထူးဒေသ(၂)ရှိ မြို့နယ် (၆)မြို့နယ်မှ ကျန်းမာရေးအညွှန်းပြကိန်းမှာ တစ်နိုင်ငံလုံး ပျမ်းမျှထက် သိသိသာသာ လျော့နည်းနေသည်။ ဥပမာဆိုရသော် ယခင် အထူးဒေသ(၁)တွင် အမျိုးသမီးများ မမွေးဖွားမီ ရရှိသော  စောင့်ရှောက်မှုသည် တစ်နိုင်ငံလုံး အနေဖြင့် ၈၃% ရှိရာမှ ၅၀% အောက် လျော့နည်းနေသည်။ ကာကွယ် ဆေးထိုးခြင်းမှာ တစ်နိုင်ငံလုံးအဆင့်တွင် ၈၈% ရှိနေသည့်အချိန်၌ အဆိုပါ ဒေသတွင် ၂ နှစ်အောက် ကလေးကာကွယ် ဆေးထိုးမှုမှာ ၂၇% သာ ရှိသည်။ ကလေးနှင့် မိခင်များတွင် သွေးအားနည်းရောဂါ ဖြစ်ပွားမှုမှာ ၇၂% နှင့် ၆၂ % အသီးသီး ဖြစ်ပွားနေသည်။

အဆိုပါရလဒ်များအပေါ်အခြေခံလျက် UNICEF နှင့် HPA တို့သည် ကချင်ပြည်နယ် ကျန်းမာရေးဌာနနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကျန်းမာရေးကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ အခြေခံ ကျန်းမာရေး ဝန်ထမ်းများ၏ အရည်အသွေး ခိုင်မာစေရန်နှင့် ကျန်းမာရေးလုပ်အားပေး အဖွဲ့များအား အရည်အသွေး ကောင်းမွန်သော ကျန်းမာရေးနှင့်ညီသည့် အာဟာရများကို ညီတူမျှတူ ဖြန့်ဝေပေးရန် ဆောင်ရွက်လျက် ရှိသည်။ ယခု တစ်နှစ်လုံးတွင် အထူးလေ့ကျင့်သင်ကြားပေးသူ ၁၄ ဦးနှင့် ဝန်ထမ်း ၁၂၀ ဦးတို့ကို မိခင်၊ မွေးကင်းစကလေးနှင့် ကလေးသူငယ်ကျန်းမာရေး စောင့်ရှောက်မှုအပြင် အာဟာရဓာတ်နှင့် ကာကွယ် ဆေးထိုးခြင်းတို့နှင့် ပက်သက်၍ သင်တန်းပေး လေ့ကျင့်ခဲ့သည်။ ထို့အပြင် ဒေသတွင်း လုပ်အားပေး ၁၄၀ ဦးတို့ကိုလည်း ရောက်ရှိရန် ခက်ခဲသောဒေသများတွင် အခြေခံကျန်းမာရေးလှည့်လည် စောင့်ရှောက်မှု ပေးနိုင်ရန် သင်တန်းများပို့ချခဲ့သည်။

အထူးဒေသ(၁) နှင့်အထူးဒေသ(၂) ရှိ ကျန်းမာရေးဝန်ထမ်းများသည် တန်းတူညီမျှသော နည်းပညာ ဆိုင်ရာ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို ရရှိပြီး မိခင်၊ မွေးကင်းစ ကလေးနှင့် ကလေးသူငယ်အတွက် ကျန်းမာရေး၊ အာဟာရနှင့် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တူညီသော စံနှုန်းထားများနှင့် လက်ခံ ရရှိခဲ့သည်။ ဆန်းမျော်သည် အဆိုပါသင်တန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အစိုးရအုပ်ချုပ်မှုအောက်ရှိ ဒေသတွင် နေထိုင်လျက်ရှိသော အရပ်လက်သည်တစ်ဦးဖြစ်သည်။
 
ဆန်းမျော်၏ ဘဝတစ်သက်တာ (၅၂)နှစ်တွင် ၂၃နှစ်မှာ မြစ်ကမ်း နှစ်ဘက်ရှိ အမျိုးသမီးများအား ကလေးမွေးဖွားနိုင်ရန် ကူညီပေးခြင်း၊ မိခင်နှင့် ကလေးများအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ ပြုလုပ်ခြင်းဖြင့် ကုန်ဆုံးခဲ့သည်။
©UNICEF Myanmar/2015/Mariana Palavra

သူမ၏ ၅၂နှစ်တာ ဘဝတစ်သက်တွင် ၂၃နှစ်တာကာလကို အမျိုးသမီးများ မွေးဖွားရာတွင် အကူအညီ ပေးခြင်းနှင့် ပဋိပက္ခဖြစ်နေသော ဒေသနှစ်ခု၏ ထိန်းချုပ်မှုအောက်တွင်ရှိသော မန်တောင်ကျေးရွာ တစ်ဝန်းရှိ မိခင်နှင့် ကလေးများကို အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများဖြင့် ကုန်ဆုံးခဲ့သည်။

”လွန်ခဲ့တဲ့နှစ်က နေ့ကောညပါ အချိန်မရွေး ကျွန်မကို အကူအညီ တောင်းနိုင်တယ်၊ နာရီပေါင်းများစွာ လမ်းလျှောက်ရပြီး တစ်ခါတစ်ရံ အမှောင်ထဲမှာ လဲကျခဲ့တယ်။ တစ်ခါကဆိုရင် လှေစီးနေရင်း အင်ဂျင် စက်ပျက်ပြီးတော့ ကျွန်မတို့အားလုံး မျောပါသွားခဲ့ဖူးတယ်။ နောက်တစ်ခေါက်ကျတော့ လှေမြှုပ်လုနီးပါး ဖြစ်ခဲ့သေးတယ်” ဟု ပြောပြသည်။

ယခု စီမံချက်အရ အထူးဒေသ(၁) နှင့် အထူးဒေသ(၂) တွင် နေထိုင်သော ၅ နှစ်အောက် ကလေးသူငယ် ၁၉၀၀၀ခန့်သည် ကာကွယ်ဆေးထိုးခြင်း၊ အာဟာရနှင့် ကလေးသဘာဝဖျားနာမှု ကာကွယ်ရေး အထောက် အပံ့များ လက်ခံရရှိခဲ့သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် နို့တိုက်မိခင် ၇၇၀၀ ကျော်သည် မမွေးဖွားမီနှင့် မွေးဖွားပြီး စောင့်ရှောက်မှုများ၊ အန္တရာယ်ကင်းစွာ မွေးဖွားရမှု၊ မွေးကင်းစ ကလေးနှင့် ကလေးငယ်များအတွက် အာဟာရ ထောက်ပံ့မှု ရရှိခဲ့သည်။

”ငြိမ်းချမ်းရေး ဆွေးနွေးစဉ် တစ်လျှောက်လုံးတွင် – ကျန်းမာရေးနှင့်အာဟာရ အထောက်အပံ့ ဖြန့်ဝေမှုကို ပြတ်တောက်မှု မရှိစေသည်သာမက အဖွဲ့အစည်းများ၏ လိုအပ်ချက်ဖြစ်သော ကျန်းမာရေးစနစ်များ တည်ဆောက်နိုင်ရန်အတွက်ပါ နှစ်ဖက်စလုံးမှ ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်သူများအကြား ဆွေးနွေး မှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်း အားထုတ်ခဲ့သည်” ဟု UNICEF မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Bertrand Bainval က ပြောသည်။

စင်စစ်တွင် UNICEFနှင့် HPAတို့၏ ဆက်သွယ်ဆောင်ရွက်ပေးမှုဖြင့် ၂၀၁၅ခုနှစ် ဝက်သက်ရောဂါ ကာကွယ်ရေးတွင် နိုင်ငံသားနှင့် တိုင်းရင်းသား ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့များသည် ပဋိပက္ခ ဖြစ်ပွားနေသည့် နှစ်ဖက်လုံးမှ ကလေးငယ်များ ကာကွယ်ဆေးထိုးရေးအတွက် ပူးပေါင်းဆောင်ရွက် ခဲ့သည်။

”ပဋိပက္ခဖြစ်ပွားနေသည့် နေရာနှစ်ဖက်အနှံ့တွင် အသက်ရှင်နေသော ကလေးငယ်တိုင်း စုစုစည်းစည်း၊ ငြိမ်းငြိမ်းချမ်းချမ်းနှင့် သာယာစည်ပင်သော မြန်မာနိုင်ငံတွင် ကြီးပြင်း စေရန်အတွက် ပဋိပက္ခဖြစ်နေသည့် နှစ်ဖက်လုံးကို ငြိမ်းချမ်းရေးရယူနိုင်ရန် UNICEF က အကြံပြု တိုက်တွန်းထားသည်။” ဟု Bertrand Bainval  က ပြောကြားသည်။

လွမ်းနိုသည်လည်း ငြိမ်းချမ်းရေးနှင့် တောက်ပသော အနာဂတ်ကို မျှော်လင့်သည်။ ”ကျွန်မဟာ IDP စခန်းမှာ လက်ထပ်ခဲ့ပြီး ငါးလအကြာမှာ ပထမကလေးကို မွေးဖွားခဲ့ပါတယ်” ဟု သူမ၏သမီးကို နို့တိုက်ရင်း ဂုဏ်ယူ ဝံ့ကြွားစွာပြောသည်။ ”ကျွန်မရဲ့သမီးကို ထက်မြက်အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်စေချင်တယ်။ ကုမ္ပဏီကြီးတစ်ခုကို ပိုင်ဆိုင်ပြီး ပိုက်ဆံလည်း ချမ်းသာစေချင်တယ်၊ ဒါမှသာ ဒီလူအဖွဲ့အစည်းမှာ ရှိနေတဲ့အရာတွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်”

အရပ်လက်သည် ဆန်းမျော်သည်လည်း သူမ၏လုပ်ငန်းတာဝန်များကို အရှုံးပေးမည်မဟုတ်ပေ။ တောင် တွေဖြတ် နေ့ရောညပါ လမ်းတွေလျှောက်၊ လှေတွေလှော်ရင်း ကလေးမွေးဖွားရန် လိုအပ်သည့် နေရာ တိုင်းသို့ သွားနေသည်။ ”နယ်စပ်လုံခြုံရေးစစ်ဆေးရေး ဂိတ်နားချဉ်းကပ်မိလို့ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့တွေက ကျွန်မကို ခြောက်လှန့်ဖို့ လေထဲကိုသေနတ် ပစ်မယ်ဆိုရင်တောင် ကျွန်မဘယ်တော့မှ မကြောက် ပါဘူး။ ကျွန်မသွားရောက် ကူညီရမှာ ဖြစ်တဲ့အတွက် အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကူညီချင်ပါတယ်၊ ကူလည်း ကူညီမှာပါ” ဟု ပြောသည်။
 

No comments:

Post a Comment