Wednesday, December 2, 2015

ရပ်ရွာအကူအညီဖြင့် အိမ်သို့ ဘေးကင်းစွာပြန်လည်ပို့ဆောင်နိုင်ခြင်း

ရေးသားသူ - ဗာဂျီးနီးယား ဟန်ဒါဆန်


©ယူနီဆက်မြန်မာ/၂၀၁၅/ဗာဂျီးနီးယား ဟန်ဒါဆန်

၂၀၁၅ခုနှစ် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ - အသက် ၁၂ နှစ်အရွယ် နေအောင်နဲ့ သူ့အစ်ကို ကျော်မိုးလှိုင် (၂၂ နှစ်)တို့ဟာ အဒေါ်ဖြစ်သူ ဒေါ်ခင်ညို၊ အဖိုးဖြစ်သူတို့နှင့် အတူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မှာ နေထိုင်လျက်ရှိပါတယ်။


အလွန်ဆင်းရဲကာ ရှက်ကြောက်တတ်ပြီး စာပေတတ်မြောက်ခြင်းမရှိတဲ့ မိဖမဲ့ ညီအစ်ကိုနှစ်ယောက်ဟာ မူကြိုကျောင်း အပြီးမှာတော့ ကျောင်းလက်တက် ကျောင်းဆက်တက် ရောက်နိုင်ခြင်း မရှိခဲ့ပေ။ သူတို့ဟာ နာမည်ကို မရေးတတ်ပေမယ့် တစ်ယောက်ယောက်က စာလုံးရေးပြရင်တော့ စာလုံးတွေကို မှတ်မိနိုင် ပါတယ်။ သူတို့ဟာ ပိုက်ဆံရဖို့အတွက် သူတို့အိမ်နံဘေးက လက်ဖက်ရည်ဆိုင်မှာ လက်တိုလက်တောင်း အလုပ်ပေါင်းစုံ လုပ်ရပါတယ်။ ဆိုင်သိမ်းချိန်မှာတော့ စာပွဲတွေ၊ ခုံတွေကို ပြန်သိမ်းပြီး သန့်ရှင်းရေး လုပ်ရပါတယ်။ အနီးအနားမှာရှိတဲ့ ဆိုင်ရှင်တွေက ဆိုင်ထွက်အမှိုက်တွေ စွန့်ပေးဖို့နဲ့ အမှိုက်စွန့်ရင်း အသုံးဝင်မဲ့ပစ္စည်းလေးတွေ မွှေနှောက်ရှာဖွေရောင်းရင် အပိုဝင်ငွေရနိုင်တယ်လို့ သူတို့ကို ပြောပါတယ်။
 
“ကျွန်တော်တို့မိဘတွေဆုံးသွားတဲ့နောက် ခြောက်နှစ်အကြာမှာ ကျွန်တော်တိုညီအစ်ကို ကိုယ့်ဘာသာကို ရှာဖွေစားသောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဒေါ်ကို ကူညီနိုင်ဖို့နဲ့ မိသားစုဝင်တွေကို ထောက်ပံ့နိုင်ဖို့ ကျွန်တော်တို့ နည်းလမ်းရှာပါတယ်”လို့ ညီလေးဖြစ်သူ နေအောင်ကပြောပါတယ်။ “မိသားစုဟာ ကျွန်တော့်အတွက် အရေးအကြီးဆုံးပါပဲ”။
 
မတ်လ ၂၀၁၅ ခုနှစ် အမှိုက်ပုံမှာ ရှိနေစဉ်မှာပဲ ညီအစ်ကိုနှစ်ယောက်ထံကို သားသားနားနားဝတ်စားထားတဲ့ စုံတွဲတစ်တွဲ ချဉ်းကပ်လာကာ ဂေါက်ရိုက်သင်တန်းမှာ တစ်နေ့ (၁၀) ဒေါ်လာ ရမဲ့ အလုပ်လုပ်မလားလို့ ကမ်းလှမ်းလာခဲ့ပါတယ်။

©ယူနီဆက်မြန်မာ/၂၀၁၅/ဗာဂျီးနီးယား ဟန်ဒါဆန်
 
သူတို့ဟာ အဲသည်စုံတွဲနဲအတူလိုက်ဖို့ သဘောတူခဲ့ပါတယ်။ အဲသည်နောက်မှာတော့ ထိုလူက အဒေါ်ကို ခေါ်စေပြီး အနီးအနားမှာရှိတဲ့ ဂေါက်ရိုက်သင်တန်းမှာ အလုပ်လုပ်ဖို့ခေါ်သွားမယ်လို့ အသိပေးခဲ့ပါတယ်။ ထိုနောက် နေအောင်က “ကျွန်တော်တို့ ဘတ်စ်ကားဂိတ်ကိုရောက်ချိန်မှာတော့ နည်းနည်းစိတ်ပူနေပါပြီ။ ဘယ်ကိုသွားမှာလည်းမေးတော့ အဲသည်လူက ဂေါက်ရိုက်သင်တန်းနဲ့ ဒီနေရာဟာ ငါးနာရီအကြာလောက် ဝေးတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က “တောင်ကြီးမြို့ နဲ့ နီးတယ်ဆို ကျွန်တော်တို့ အိမ်ပြန် ချင်တယ်လို့ ပြောလိုက်ပါတယ်”။ ဒါပေမယ့် အဲသည်လူက “ဘတ်စ်ကားလက်မှတ်တွေ ၀ယ်ထားပြီးပြီ ဒါကြောင့် သွားမှဖြစ်မယ်” လို့ ပြန်ပြောခဲ့ပါတယ်။

ကျွန်တော်တို့ကို ရှမ်းပြည်နယ်အရှေ့ ပိုင်း နယ်စပ်အခြေစိုက် စစ်စခန်းရှိရာ ကိုလန်းကို ပိုဆောင်ခြင်း ခံခဲ့ရပါတယ်။ စစ်တပ်ကလူကြီးက ကျွန်တော်တိုကို “စစ်တပ်ထဲဝင်ချင်လား” လို့မေးပါတယ်။ ကျွန်တော်တို့က “မ၀င်ခြင်းဘူး” လို့ ဖြေခဲ့ပါတယ်။ “ထမင်းချက်တတ်လား” လို့လည်းမေးပါတယ်။ ကျွန်တော်တို့က “မချက်တတ်ဘူး” လို့ ပြောပါတယ်။ “ကျွန်တော်တို့ကိ ဆံပင်ညှပ်ပေးပြီး ပျင်းစရာကောင်းလှတဲ့ အိမ်တွင်းမှု လုပ်ငန်း၊ အပင်တွေရေလောင်းပေါင်းသင်တဲ့ အလုပ်ကို လုပ်ဖို့ ပို့ခဲ့ပါတယ်” လို့  အစ်ကိုဖြစ်သူ ကျော်မိုးလှိုင်က ပြောပြပါတယ်။

သုံးရက်မြောက်နေ့အထိ ဘာမှ ထူးခြားမှုမရှိတဲ့အခါမှာတော့ သူတို့ရဲ့မိသားစုဟာ သံသယဖြစ်လာခဲ့ ပါတယ်။ “ကျွန်မ သူတို့ကို ဘယ်ရောက်နေလည်း ဆိုတာလည်းသိချင်တယ် ပြီးတော့ စိတ်လည်းပူတယ်။ ကျွန်မ မသိတဲ့ သူစိမ်းတစ်ယာက်နဲ့ ကလေးတွေကို ထည့်ပေးလိုက်ရတာ အရမ်းစိတ်ထိခိုက်မိတယ်”လို့ ဒေါ်ခင်ညိုကပြောပါတယ်။ အဒေါ်အငယ်ဖြစ်သူ ဒေါ်မိုးအေးညိုကတော့ မကြာသေးခင်ကပဲ ကလေး သူငယ်ကာကွယ်ရေး ပညာပေး သင်တန်းကို တက်ရောက်ထားခဲ့တာဖြစ်တာကြောင့် အရေးပေါ် ဖုန်းနံပါတ်တွေရရှိထားပါတယ်။

ဘာလုပ်ရမလဲဆိုတာနဲ့ ဘယ်သူ့ကို ဆက်သွယ်ရမလဲဆိုတာ မှတ်မိပြီး ရဲတပ်ဖွဲ့ ၊လူမှုဝန်ထမ်းဦးစီးဌာန၊ ဂရုဏာမြန်မာ လူမှုဝန်ထမ်းဌာန (KMSS)၊ UNICEF နဲ့ လတ်တလော ဆက်သွယ်ချိတ်ဆက်ထားပြီး ကူညီမှုတွေရရှိနိုင်တဲ့ ပြည်တွင်း NGO တွေကို ဆက်သွယ်ခဲ့ပါတယ်။

KMSS ကဲ့သို့ အဖွဲ့များမှ လူမှုဝန်ထမ်းလုပ်သားတွေဟာ အဖိုးတန်ပြီး မရှိမဖြစ်လိုအပ်တဲ့ အခန်းကဏ္ဍဖြစ်တဲ့ လူမှုပတ်ဝန်းကျင် စည်ရုံးရေးသမားများအဖြစ် ကလေးများကို ကာကွယ်ဖို့ ပံ့ပိုးဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းမှ လုပ်အားပေးတွေကို မိသားစုတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ ဆက်သွယ် ပူးပေါင်းဆောင်ရွက်ပြီး အခြေခံကျကျ အသိပညာ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖို့ သင်တန်းပေး လေ့ကျင့်ထားတာ ဖြစ်ပါတယ်။ သူတို့ဟာမကြာခဏဆိုသလို ထိခိုက်လွယ်ပြီး သတင်းများနဲ့ ထိတွေ ထားတဲ့ ဒေသခံအာဏာပိုင်များနှင့်အတူ ပူးပေါင်းပြီး ယုံကြည်စိတ်ချရတဲ့ ဆက်သွယ်ရေးမျိုးကို တည်ဆောက်ထားပါတယ်။ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး သင်တန်း များကို ရပ်ရွာတွင်း လက်လှမ်းမှီနေရာများတွင် ကျင်းပပြီး ရင်းနှီးစွာ ဖိတ်ခေါ်ခြင်း၊ အသုံးဝင်သော သတင်းအချက်အလက်ကို ဝေမျှပေးခြင်းဖြင့်  ပံ့ပိုးကူညီမှုကြခြင်းပဲဖြစ်ပါတယ်။

စစ်တပ်တန်းလျားမှာနေတုန်းက ပျင်းလည်းပျင်း၊ မပျော်တဲ့အပြင် ပိုက်ဆံလည်းမရဘူးလို့ နေအောင်က ငြီးပါတယ်။ ကျွန်တော်တော့ တချိန်လုံးအိမ်ပြန်ချင်တာပဲ။

ကောင်လေးနှစ်ယောက်နဲ့ အဒေါ်တွေကတော့  သူတို့အိမ်ပြန်ရောက်နိုင်ဖို့နဲ့ အနာဂတ် မျှော်လင့်ချက် တွေရရှိဖို့ ယူဆောင်ပေးခဲ့တဲ့ အဖွဲ့ အစည်းတွေကို ကျေးဇူးနေတင်ပါတယ်။ အခုချိန်မှာတော့ နေအောင်ဟာ အခြေပညာ ညကျောင်းကို တက်ရောက်လျက်ရှိပါတယ်။ ကျော်မိုးအောင်အတွက် အသက်မွေးဝမ်းကျောင်း ပညာအဖြစ် စက်ပြင်သင်တန်းကို YMCA မှာတက်ရောက်ဖို့ KMSS မှ စီစဉ်ပေးခဲ့ပေမယ့် ကောင်လေး အတွက်တော့ ဒါဟာ စိတ်ရှုပ်စရာကောင်းနေတာမို့ သူအရင်အလုပ်လုပ်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်ကို ပြန်သွားခဲ့ပြီး လက်တိုလက်တောင်း ဈေးရောင်းပေးတဲ့အလုပ်ကိုပဲ လုပ်ခဲ့ပါတယ်။

ကျွန်တော့်မိသားစုနဲ့အတူနေပြီး ကျွန်တော့်ဘ၀အတွက် အတတ်ပညာ အသစ်တွေသင်ယူဖို့ မျှော်လင့် ချက်တွေ ရှိလာတဲ့အတွက် ကျွန်တော်ပိုပျော်နေပါတယ်။ အနာဂတ်မှာတော့ ကျွန်တော်ပိုပြီး သတိရှိရှိနေပြီး ကျွန်တော့်လိုမဖြစ်ပဲ သတိထားနိုင်ဖို့ သူများတွေကို ကျွန်တော့အကြောင်းလည်း ပြောပြမှာပါလို့ နေအောင်က ရဲရဲဝံ့ဝံ့ပြောလိုက်ပါတယ်။
 

No comments:

Post a Comment