Showing posts with label water supply. Show all posts
Showing posts with label water supply. Show all posts

Wednesday, June 26, 2019

အရေးပေါ်လိုအပ်နေသည့် သောက်သုံးရေများကို လှေဖြင့်ပို့ပေးခြင်း

ရေးသားသူ Ye Lat Yi နှင့် Kris Cahyanto

မြန်မာ၊ ဇွန်လ ၂၀၁၉။

စစ်တွေ၊ ရခိုင်ပြည်နယ် - ယခုနှစ်သည် ရခိုင်ပြည်နယ်တွင် ရေ အလွန်ရှားပါးသည့် နှစ်ဖြစ်ပါသည်။ ယခုအချိန်ထိ မိုးမရွာနိုင်သေးပေ။ ယခုလို ခြောက်သွေ့သည့် နွေကာလ တာရှည်ခြင်းကြောင့် မိုးရေသိုလှောင်ထား သည့် ရေကန်များလည်း ရေခန်းခြောက်လုနီးပါး ဖြစ်နေလေသည်။ ရခိုင်ပြည်နယ် ကျေးလက်ဖွံ့ဖြိုးရေးဌာန ၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ကျေးရွာ ၅၀ ထက် ပိုပြီး ရေရှားပါးသည့် ပြဿနာကို ကြုံတွေ့နေကြရ ပါသည်။

ဧပြီလ ၂၀ ရက် မှ စတင်၍ ယူနီဆက်သည် အနောက်ရွာ စခန်းသို့ ရေ ၃၅ ကုဗမီတာခန့် နေ့စဉ် သယ်ပို့ပေးနေခဲ့ပါသည်။
©UNICEF Myanmar/2019/Maung Maung Oo
အနောက်ရွာစခန်းတွင် နေထိုင်နေရသည့် ရွှေ့ ပြောင်းနေထိုင်သူ ဒေါ်ဇော်ရီနမ်ခါတာသည် ကလေး ရှစ်ယောက် မိခင် တစ်ယောက်ဖြစ်ပြီး  နေ့စဉ်ရေထုတ်ရန် ပြရသည့် ဗောက်ချာနှင့်အတူ ရေထည့်သည့် အိုး တို့ကို သယ်ယူလိုက်ပြီးနောက် မနက်နှင့်နေ့လည်ခင်းများတွင် စခန်းတွင်း ရေဖြန့်ဝေပေးသည့် နေရာသို့ ရေ ခွဲတမ်း ရယူရန် အခြားသူများနှင့် ဝင်ရောက် တန်းစီလိုက်ပါသည်။

Tuesday, March 27, 2018

ကရင်ပြည်နယ်ရှိ ကျေးရွာနေပြည်သူများ၏ ဘဝကို ပိုမိုဖြောင့်ဖြူးစေသည့် ရေပိုက်လိုင်းစနစ်

ရေးသားသူ - ခင်မာဝင်း

ကရင်ပြည်နယ်၊ ပျဉ်ကတိုးကုန်းကျေးရွာမှာ နေထိုင်တဲ့သူတွေဟာ ရေရရှိဖို့အတွက် ၄ကီလိုမီတာ လမ်းလျှောက်ခဲ့ရတယ်ဆိုတာ သူတို့အတွက် အမှတ်ရစရာတခု အဖြစ်ရှိနေတော့မှာပါ … 

ကျေးရွာနေပြည်သူတွေဟာ ရေရရှိဖို့အတွက် အိမ်မှ ဒုံတမိမြစ်ကို နာရီပေါင်းများစွာ အချိန်ကုန်ခံပြီး ကြိုးစားပမ်းစား သယ်ယူခဲ့ကြရပါတယ်။ ရွာမှာ ရေအဆင်သင့် မရနိုင်တဲ့အတွက် အပြင်မှာ မစင်စွန့်တဲ့ အလေ့အထတခုက လူထုတွေအကြား နိစ္စဓူဝ အလုပ်တခု ဖြစ်လာခဲ့ပါတယ်။ ဒီအခြေအနေတွေက ထိခိုက်လွယ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် အန္တရာယ်ကျရောက်နိုင်ခြေများပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးမှလည်း “ရေမရှိလို့ အိမ်သာမရှိ” တာမဆန်းပါဘူးလို့ ပြောပါတယ်။ 

Daw Htwe Yee, her daughter and grandchild are delighted that they now have a water supply at their home.
©NICF Myanmar/2018/ Khin Mar Win

Tuesday, March 20, 2018

Water on tap makes life flow better in Kayin village

By Khin Mar Win

For as long back as people can remember, the four-kilometer walk to the nearest water supply had a big effect on the life of residents of Pyin Kadoe Kone village in Myanmar’s Kayin State. 

As well as forcing villagers to undertake long hours of hard work carrying water home from the Don Ta Mi river, the lack of a ready water supply meant that open defecation was common around the village, making children and women more vulnerable, especially at night. ‘‘No water = no latrines,” said the village head. 

Daw Htwe Yee, her daughter and grandchild are delighted that they now have a water supply at their home.
©NICF Myanmar/2018/ Khin Mar Win