အန်ဒီဘရောင်း
ယူနီဆက်ဖ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသအတွက် ဒေသဆိုင်ရာ ဆက်သွယ်ရေး ကျွမ်းကျင်သူ
ယူနီဆက်ဖ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသအတွက် ဒေသဆိုင်ရာ ဆက်သွယ်ရေး ကျွမ်းကျင်သူ
မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ မြို့လယ်ကနေ မြစ်ကိုဖြတ်ပြီး တစ်ဖက်ကမ်းမှာရှိတဲ့ ဒလရဲ့ ကျေးရွာတစ်ရွာကို ဖယ်ရီသင်္ဘောတစ်စီးက မိနစ် ၂၀ တစ်ခါ ပုံမှန်သွားပါတယ်။ မကြာသေးမီ မနက်ခင်းတစ်ခုက ယင်းသင်္ဘောပေါ်မှာ မြန်မာလုံခြည်တွေ ဝတ်ဆင်ထားတဲ့ ရုံးသွားရုံးလာတွေ၊ ငုံးဥ/ကြက်ဥပြုတ်နဲ့ စီးကရက်တွေရောင်းနေတဲ့ ခေါင်းရွက်ဗြက်ထိုးဈေးသည်တွေနဲ့ စွန့်စွန့်စားစား သွားလာကြတဲ့ ကမ္ဘာလှည့်ခရီးသွား လက်တစ်ဆုပ်စာတို့နဲ့ ဖယ်ရီက ပြည့်နေတယ်။
![]() |
မိဘမဲ့ဂေဟာ ခရီးသွားလုပ်ငန်း နေရာတစ်ခုဖြစ်သည့် ဒလရှိ လယ်ကွင်းများကို ဖြတ်လျှောက်နေသော ကလေးငယ်များ ယူနီဆက်ဖ်မြန်မာ/၂၀၁၆/အန်ဒီဘရောင်း |