မာရီယာနာပါလာဗရာ ရေးသားသည်
မြစ်ကြီးနား၊ ကချင်ပြည်နယ်၊ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ - ဇွဲချစ် (အမည်လွှဲ) မှာ သတ္တမတန်းနှင့် ကျောင်းထွက်ခဲ့သည်။ အဲဒီအချိန်တွင် ၎င်းထက်အသက်ကြီးသော သူငယ်ချင်းများနှင့် တွဲခဲ့သည်။ ၎င်းတို့ အားလုံးမှာ စစ်တပ်ထဲသို့ ဝင်လိုကြပြီး ဇွဲချစ်ကိုလည်း အတူဝင်ရန် တိုက်တွန်းကြသည်။ ဇွဲချစ်မှာ အသက် ၁၆ နှစ်နှင့် တပ်ထဲ ဝင်ခဲ့သည်။ “စစ်တပ်ထဲ ဝင်မယ်လို့ တစ်ခါမှ အိပ်မက်မမက်ခဲ့ဘူး။ အဲဒီရည်မှန်းချက်လည်း မရှိခဲ့ဘူး။ ဘာလုပ်ရမယ်မှန်း မသိလို့ သူငယ်ချင်းတွေ လုပ်တဲ့အတိုင်း လိုက်လုပ်လိုက်တာပါ” ဟု ၎င်းက ပြန်ပြောပြသည်။
![]() |
ကလေးတပ်သားစုဆောင်းခြင်းကို ကာကွယ်သည့် ကြေငြာဘုတ်ကို ဇွဲချစ်နှင့် ၎င်း၏မိခင်က ကြည့်ရှုနေစဉ် ဇွဲချစ်က ဖုန်းနံပါတ်အား လက်ညှိုးထိုးပြနေစဉ်။
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန် |