Wednesday, July 12, 2017

နေရပ်စွန့်ခွာ ရွေ့ပြောင်းလာသည့်မိသားစုများအား မျှော်လင့်ချက်ပေးနိုင်မည့် စာသင်ကျောင်း

ကချင်ပြည်နယ်၊ ဗန်းမော်

ကချင်ပြည်နယ်တွင် ကာလကြာမြင့်စွာဖြစ်ပွားနေသည့် ပဋိပက္ခသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့ မှာတော့ မန်ဒေးပါ ရွာလေးဆီသို့ဆိုက်ရောက်လာခဲ့ပါသည်။ အဲဒီနေ့ကိုတော့ ရွာရှိစာသင်ကျောင်းလေးရဲ့ကျောင်းအုပ်ဆရာကြီး ဦးလာနူးတစ်ယောက် ဘယ်တော့မှ မေ့နိုင်လိမ့်မည်မဟုတ်ပါ။

©UNICEF/UN061796/Brown
ကချင်ပြည်နယ်တွင် လွန်ခဲ့သောနှစ်နှစ် ပဋိပက္ခများဖြစ်ပွားချိန်မှာစ၍ မသောင်းမီမီနှင့် ၄င်း၏ မောင်လေးကတော့ စစ်ဘေးရှောင်နေရပ်စွန်ခွာသူများနေထိုင်ရာ ဗန်းမော်မြို့ အနီးရှိ လီဆူးစစ်ဘေးရှောင်စခန်းတွင် နေထိုင်လျက်ရှိသည်။


သူတို့မိသားစုသည် နေ့စားအလုပ်သမားများဖြစ်ပြီး မကြာခဏ ခရီးထွက်လေ့ရှိပါသည်။ သူမတို့မိသားစုမှာ အသီးအရွက်စိုက်ပျိုးခြင်း၊ ၀က်မွေးခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် လုံးပမ်းကြရသည်။

“ရုတ်တရက် ကျွန်တော်တို့အနားမှာ ပစ်ကြခတ်ကြတယ်။ အဲဒါနဲ့ကျွန်တော်လည်း မိန်းမ၊ သားနဲ့ တူနှစ်ယောက်ကို လူစုပြီး တောထဲကိုထွက်ပြေးကြတယ်” ဟု ဦးလာနူးကပြန်ပြောပြပါတယ်။ ကျွန်တော်တို့မိသားစုတွေ တောခရီးကြမ်းကို ၂ ရက် နဲ့ ၂ ညဖြတ်ကျော်ပြီးမှ ဗန်းမော်မြို့ကို အန္တရာယ်ကင်းကင်းနဲ့ ရောက်ရှိခဲ့ပါတယ်။

ကချင်ပြည်နယ်တွင် အရပ်သားများအနေဖြင့် အတင်းအကြပ် ဒါမှမဟုတ် တစ်ခါတစ်ရံ ကြိမ်ဖန်များစွာ နေရပ်ပြောင်းရွေ့နေထိုင်ရခြင်းသည် သိပ်မထူးဆန်း တော့ဘဲ  မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဥပမာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ဖြစ်ပွားသည့် တိုက်ပွဲများ၏ နာကျင်ဖွယ်နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၄၀ ခုနှစ် နှောင်းပိုင်းလွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ အခြားသောနယ်စပ်ဒေသများနည်းတူ ကချင်ပြည်နယ်သည်လည်း ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲငယ်များကြောင့်ထိခိုက်ခံစားရပါသည်။ 

ယင်းပဋိပက္ခများအကြောင်းကို ပြင်ပကမ္ဘာမှ အနည်းငယ်သာလျှင်သိရှိထားပြီး  အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပေါင်းစည်းညီညွတ်ရေးကို အားထုတ်ကြိုးပမ်းဆောင်ရွက်နေ သည့်အချိန်အခါတွင် အားထုတ်မှုကို ပျက်ပြားစေမည့် တိုင်းရင်းသားပဋိပက္ခများ သည် တိုင်းပြည်ကို အမာရွတ်ထင်ကျန်စေသည်သာမက တိုးတက်မှု မျှော်လင့်ချက် ရောင်ခြည်ကို အဟန့်အတားဖြစ်စေပါသည်။

ဆရာကြီး ဦးလာနူးအတွက်တော့ အကျိုးဆက်ကို တိုက်ရိုက်ခံစားရစေပြီး နာကျင်မှုတွေကိုပါ ဖြစ်စေပါသည်။ ယခုအခါ ဆရာကြီး မိသားစု နှင့်အတူ စစ်ဘေးရှောင်နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် မန်ဒေးပါရွာမှ အခြားသောမိသားစုများနှင့်အတူ နေရပ်ပြောင်းရွှေ့နေထိုင်သူများအဖြစ် ဗန်းမော်မြို့ရှိ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းမှ လှူဒါန်းထားသည့်မြေပေါ်တွင် တည်ဆောက်ထားသော စစ်ဘေးရှောင်စခန်း တစ်ခုတွင်နေထိုင်လျှက်ရှိပါသည်။ ယင်းစခန်းသည် သူတို့၏ မွေးရပ်မြေ မန်ဒေးပါရွာ နှင့် ကီလိုမီတာ ၅၀ ခန့် ကွာဝေးပါသည်။ 

ဆရာကြီးအနေဖြင့် သူနှင့် အတူ စစ်ရှောင်ထွက်ပြေးလာသည့် ကျောင်းသား၊ကျောင်းသူ ၁၀၀ ခန့်ကို စစ်ရှောင်စခန်းရှိ စာသင်ကျောင်းတွင် ဆက်လက်ပညာသင်ကြားပေနိုင်သည့်အတွက် ဖြေသိမ့်စရာတစ်ခုတော့ရှိပါသည်။

“ကျွန်တော် ကလေးတွေကို စာသင်ပေးရတာကျေနပ်ပါတယ်။ ဒါပေမယ့် မြို့ပေါ်စစ်ရှောင်ခန်းမှာနေရတာနဲ့ တောမှာနေရတာမတူပါဘူး။ ကလေးတွေလည်း ဒီလိုခံစားမိမှာကို ပူပန်မိပါတယ်” ဟု ဆရာကြီးပြောပြပါတယ်။ 

စစ်ဘေးရှောင် စခန်းများရှိ နေရပ်စွန့်ခွာ ထွက်ပြေးလာသူ ၈၇၀၀၀ သည် စားနပ်ရိက္ခာနှင့် အခြား အထောက်အပံ့များပေါ် မှီခိုနေရခြင်း

အသက် (၁၄) နှစ်အရွယ် မသောင်းမီမီ ကတော့ ဗန်းမော်မြို့ရှိ စစ်ဘေးရှောင်နေရပ်စွန့်ခွာထွက်ပြေးလာသည့် မိသားစုဝင်တစ်ဦးလည်းဖြစ်ပါသည်။ သူမ၏ဖခင်သည်နေ့စားအလုပ်သမားတစ်ဦးဖြစ်ပြီး မကြာခဏ ခရီးထွက်လေ့ရှိပါသည်။ သူမ၏အချိန်ကို ကျောင်းတက်ခြင်း၊ စိုက်ခင်းသွားအသီးအရွက်ခူးပြီး မိသားစုစားဝတ်နေရေးအတွက် ထောက်ပံ့ပေးရပါသည်။ သူမကတော့ ယူနီဆက်အကူအညီဖြင့် ဖွင့်လှစ်ထားသည့် ဘဝတွက်တာကျွမ်းကျင်စရာ သင်တန်း တွင်တက်ရောက်သင်ကြားလျှက်ရှိပါသည်။

“သင်တန်းက ကျွန်မအတွက်တော့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာအခြားသောလူငယ်များနဲ့ အတူတကွဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အသိကိုပေးပါတယ်” ဟု သောင်းမီမီကပြောပါသည်။

ကာလကြာမြင့်စွာ သူတို့၏နေရပ်ကိုစွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်ရသည့်အတွက် အရွယ်ရောက်သည့်ကလေးများ အတွက်လည်း စိန်ခေါ်မှုများ များစွာကြုံတွေ့ရပါသည်။ အလုပ်အကိုင်ရှားပါးမှု နှင့် အကူအညီပေးရေးအဖွဲ့များ မှ ထောက်ပံ့သည့် ရိက္ခာကိုသာမှီခိုအားထားနေရပါသည်။

နေရပ်ရွေ့ပြောင်းလာသူအများစုသည် လက်ဗလာဖြင့်  ထွက်ပြေးတိမ်းရှောင်လာရသဖြင့် သူတို့ပိုင်ဆိုင်သည့် ပစ်ထားခဲ့ရသည့် ပိုင်ဆိုင်မှုများကို မိမိနေရပ်သို့ပြန်ကာ သွားရောက်ယူဖို့တောင် မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ရှေ့တန်းစစ်မျက်နှာများတွင် တစ်ဖက်နဲ့တစ်ဖက် နေရာယူထားဆဲအခြေအနေကြောင့်ဖြစ်ပါသည်။ 

ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်နေရပ်စွန့်ခွာထွက်ပြေးသူ ၈၇၀၀၀ ခန့်ရှိနေပြီး စစ်ဘေးရှောင်စခန်း သို့မဟုတ် ယာယီစခန်းများတွင် နေထိုင်လျှက်ရှိပါသည်။ စစ်ဘေးရှောင်စခန်းအများစုသည်မြို့ပေါ်တွင် တည်ရှိပြီး ကျန်စခန်းများကတော့ တရုတ်နိုင်ငံနယ်စပ်အနီးရှိ ဝေးလံသည့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ထိန်းချုပ်နယ်မြေတွင်တည်ရှိပါသည်။

၂၀၁၆ ခုနှစ်နှောင်းပိုင်းကာလများတွင်ထပ်မံဖြစ်ပွားသည့် တိုက်ပွဲများကြောင့် လူပေါင်း ၇၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ကြရပြီး ယင်းဒေသများတွင် တိုက်ပွဲများပြင်းထန်ခဲ့ပါသည်။ ကီလိုမီတာ ၁၉၀ ကွာဝေးသည့် ဗန်းမော်မြို့နှင့် မြစ်ကြီးနားမြို့အကြား ကွေ့ကောက်နေသည့် လမ်းပ်ါတွင် ယင်းတိုက်ပွဲများကြောင့်ထိခိုက် ပျက်စီးမှုများကိုမြင်တွေ့နိုင်ပါသည်။ စွန့်ခွာထွက်ပြေးခဲ့ရသောကြောင့်  လူသူကင်းမဲ့နေသည့် ကျေးရွာများတွင် စစ်ဆေးရေးစခန်းများကို တွေ့ရပြီး အချို့နေရာများတွင် သစ်ပင်ချုံနွယ်များဖြင့် ပိတ်ဖုံးလျှက်ရှိနေပါသည်။

အချို့သောအဆောက်အဦးပျက်များတွင် မိုင်းအန္တရာယ်ရှိသည်ဟု သတိပေးဆိုင်းဘုတ်များဖြင့် ဖေါ်ပြထားပါသည်။ မိုင်းအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းအဖွဲ့ (Mine Risk Working Group)၏ ဖေါ်ပြချက်အရ ၂၀၁၆ ခုနှစ်အတွင်း အရပ်သားများအား မတော်တဆ ထိခိုက်ပေါက်ကွဲမှုများ၏ ၈၅% သည် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင်ဖြစ်ပွားကြောင်းဖေါ်ပြထားပါသည်။

လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေ အဖွဲ့များအနေဖြင့် ဝေးလံသည့် ဒေသများသို့ အကူအညီပေးရန် စိန်ခေါ်မှုများရှိနေဆဲ

ထိရှလွယ်သည့်လုံခြုံရေးအခြေအနေများကြောင့် ယူနီဆက်အပါအဝင် အခြားသောလူသားချင်းစာနာထောက်ထား မှုအကူအညီပေးရေးအဖွဲ့များအနေဖြင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ထိန်းချုပ်နယ်မြေ သို့သွားရောက်နိုင်ရန် အခက်အခဲများရှိနေပါသည်။

“အထူးသဖြင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်များတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကလေးများအတွက် အရေးပါသည့်အကူအညီများကို သွားရောက်အကူအညီ ပေးနိုင်ဖို့အလွန်ခက်ခဲပါတယ်။ တစ်ခါတစ်ရံ လုံးဝမဖြစ်နိုင်သည့်အခြေအနေဖြစ်နေပါသည်” ဟု ယူနီဆက်၏ ကချင်ဒေသဆိုင်ရာရုံးတာဝန်ခံ Cesar Villar ကပြောသည်။

“ယူနီဆက်အနေဖြင့် ကလေးများအတွက် ကျန်းမာရေး၊ ပညာရေး နှင့် အခြားသောအကူအညီများ ကို သာတူညီမျှခံစားရရှိစေဖို့  အစိုးရ နှင့် တိုင်းရင်းသားအဖွဲ့များ အကြား အစွမ်းကုန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျှက်ရှိပါသည်” ဟုပြောသည်။

နှစ်ကာလကြာမြင့်စွာဖြစ်ပွားနေသည့်ပဋိပက္ခသည် ကလေးများအပေါ် အခြားသောနည်းလမ်း အသွယ်သွယ်ဖြင့် ဆိုးကျိုးသက်ရောက်လျှက်ရှိနေပါသည်။ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့အား ကလေးသူငယ် အခွင့်အရေးများအပေါ်ကြီးလေးသောချိုးဖောက်မှုများအပါအဝင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား တပ်သားအဖြစ်ခေါ်ယူစုဆောင်းအသုံးပြုနေမှု၊ လမ်းပြအဖြစ် သို့မဟုတ် အထမ်းသမား အဖြစ် ခိုင်းစေမှုများကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ စာရင်း၌ ပါဝင်လျှက်ရှိပါသည်။

အကြမ်းဖက်မှုသည် ယင်းဒေသအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု ကိုထပ်ဆောင်းအတား အဆီးတစ်ခုဖြစ်စေပါသည်။ ကချင်ပြည်နယ်ရှိ အိမ်ထောင်စု ၃၆% နှင့် ရှမ်းပြည်နယ်ရှိ အိမ်ထောင်စု ၄၃% သည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင်နေထိုင် အသက်ရှင်ရုန်းကန်လျှက်ရှိပါသည်။ ယင်းပြည်နယ်နှစ်ခုတွင် အသက် (၅) နှစ်အောက်ကလေး ၁၀ ယောက်တွင် ၅ ယောက်သည် ပုညလျှက်ရှိပါသည်။ 

ယူနီဆက်အနေဖြင့် ၁၉၆၀ ခုနှစ်ကာလများမှစတင်ကာ ကချင်ပြည်နယ်တွင် ၂၀၀၁ ခုနှစ်မှ ယနေ့အချိန်အထိ မည်သည့်နေရာဒေသတွင်နေထိုင်သည်ဖြစ်စေ ခွဲခြားမှုမပြုဘဲ ကလေးသူငယ်များ၏ဘဝ တိုးတက်စေရန် နည်းလမ်းပေါင်းစုံဖြင့် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။ ယင်းတို့အထဲတွင် အစိုးရ နှင့် တိုင်းရင်းသားအဖွဲ့များထိန်းချုပ်နယ်မြေ ရှိ ကလေးအားလုံး ရှင်သန်ခွင့်ရရှိရန် ကူညီပံ့ပိုးပေးလျှက်ရှိပါသည်။

ပညာရေးသည် အထူးဦးစားပေးအစီအစဉ်တစ်ရပ်ဖြစ်ပါသည်။ ဖန်ခါးကုန်းစစ်ရှောင်စခန်းတွင် ယူနီဆက်၏ အစီအစဉ်တစ်ခုအဖြစ် ဒေသဆိုင်ရာ အာဏာပိုင်များ၏ ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများဦးဆောင်ကာ သင်ထောက်ကူပစ္စည်းများ  ဖြင့် စာသင်ကျောင်းဖွင့်လှစ်သင်ကြားခွင့်ရရှိလာခဲ့ပါသည်။  စာသင်ကျောင်း အဆောက်အဦးကို ယူနီဆက်မှ ၂၀၁၄ ခုနှစ် တွင်ဆောက်လုပ်ပံ့ပိုးပေးခဲ့ပါသည်။

သို့သော်လည်း ဆရာကြီး ဦးလာနူးတစ်ယောက်ကတော့ သူအလုပ်လုပ်ခဲ့သည့် ရွာက စာသင်ကျောင်းကြီး ၏ ဓါတ်ပုံကိုတော့ သူ့ရဲ့ မိုဘိုင်းဖုန်းထဲသိမ်းဆည်းဆဲဖြစ်ပါသည်။

“အခုအခါမှာတော့ အဲဒီနေရာကို ဘယ်သူမှ မသွားတော့ပါဘူး၊ အဲဒီကျောင်းကြီးပတ်ဝန်းကျင်လည်းမြက်တွေနဲ့ ဖုံးလွှမ်းလို့နေပါတယ်” ဟု သူကဝမ်းနည်းစွာပြောပြပါသည်။

No comments:

Post a Comment