ရေးသားသူ - ယုယုအောင်
“သမီးတို့ဆယ်ကျော်သက်တွေ လူမှုရေးအလုပ်တွေကို အတူတူလုပ်ရတာ တကယ်သဘောကျပါတယ်၊ ဒါကြောင့် အဖွဲ့ဖွဲ့တာပါ။”
ဒါကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က အသစ်ဖွဲ့စည်းလိုက်တဲ့ ဆယ်ကျော်သက်အဖွဲ့က လူငယ်တစ်ယောက်ရဲ့ စကားသံဖြစ်ပါတယ်။

ရှမ်းပြည်နယ်က မြန်မာနိုင်ငံရဲ့ အကြီးဆုံးပြည်နယ်ဖြစ်ပြီး ဆယ်ကျော်သက် အရွယ်လူငယ် ၁.၂သန်း နေထိုင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဆယ်ကျော်သက်စုစုပေါင်းရဲ့ ၁၂ရာခိုင်နှုန်းဖြစ်ပါတယ်။
ယူနီဆက်က ဆယ်ကျော်သက်များ ပူးပေါင်းပါဝင်ရေးအစီအစဉ်ကို ပီယာဆန်(Pearson)ရဲ့ ငွေကြေး အထောက်အပံ့နဲ့ ဆောင်ရွက်နေပါတယ်။ UPSHIFTလို့နာမည်ပေထားတဲ့ ဆယ်ကျော်များ ပူးပေါင်းပါဝင်ရေးအစီအစဉ်မှာ ဆယ်ကျော်သက်လူငယ်တွေကို အုပ်စုဖွဲ့ပြီး သင်တန်းတွေပေးပါတယ်။ ၂၁ရာစုမှာ အောင်မြင်တဲ့သူများဖြစ်လာစေရန် လိုအပ်တဲ့ အရည်အချင်းတွေဖြစ်တဲ့ ထိရောက်စွာ ပြောဆိုဆက်ဆံခြင်း၊ အများနှင့်ပူးပေါင်း လုပ်ဆောင်ခြင်းနှင့် အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ ပြသနာကို ဖြေရှင်းခြင်း၊ ဆန်းသစ်တီထွင်ခြင်းစတဲ့ ဘ၀အရည်အချင်းတွေကို လေ့ကျင့်ပေးပါတယ်။