Monday, September 3, 2018

မိခင်နှင့်ကလေးပြုစုစောင့်ရှောက်မှု အသိပညာများပေးခြင်းဖြင့် ရှမ်းပြည်နယ်၊ ကျေးလက်ဒေသများရှိ ကလေးသူငယ်များထံ ရောက်ရှိခြင်း

*အလက်စ်ဇန္ဒာဝင်းရေးသာသည်

မဂျီးဆိပ်၊ ရှမ်းပြည်နယ် - ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကို မိခင်နှင့်ကလေးကျန်းမာရေး ပြဿနာဆိုင်ရာ အချက်အလက်တွေကောက်ယူဖို့ ခရီးသွားခဲ့တဲ့ ယူနီဆက်ဖ်အဖွဲ့ဝင်တစ်ယောက်အနေဖြင့် ကျွန်တော့်ရဲ့ အဓိကတာဝန်ကတော့ ဒေသဆိုင်ရာ ကျန်းမာရေးအဖွဲ့များ၊ မိခင်များနှင့် ကလေးများကို တွေ့ဆုံ မေးမြန်းခြင်းဖြစ်ပါတယ်။ တောင်ကြီးကနေ အင်းလေးကန်ကို တစ်နာရီကြာ ကားနဲ့သွားရောက်ပြီး နောက်ထပ် မိနစ်လေးဆယ် လှေစီးပြီးတဲ့အခါမှာတော့ ကျွန်တော်တို့အဖွဲ့ဟာ မဂျီးဆိပ်လို့ခေါ်တဲ့ ရွာလေးမှာရှိတဲ့ ယူနီဆက်ဖ်က ထောက်ပံ့ထားတဲ့ အစိုးရကျန်းမာရေးဆေးခန်းကို ရောက်ရှိခဲ့ပါတယ်။

The local health team standing outside the health office receiving UNICEF health team in Magyi Seik village, Shan State.
©UNICEF Myanmar/2018/Alexander Win

ကျန်းမာရေးအဖွဲ့ရဲ့ နွေးထွေးလှိုက်လှဲစွာကြိုဆိုမှုအောက်မှာ ကျွန်တော်ဟာ မဂျီးဆိပ်ကို ပထမဆုံးအကြိမ် လာတယ်ဆိုတာကို မေ့သွားပါတယ်။ ကျန်းမာရေးဆေးခန်းနံရံတွေပေါ်မှာ ကပ်ထားတဲ့ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပြီးသော နေရာဒေသရာခိုင်နှုန်း၊ ငါးနှစ်အောက်ကလေးငယ် သေဆုံးနှုန်းအရေအတွက်၊ အသက်အန္တရာယ် အလားအလာမြင့်မားတဲ့ ကိုယ်ဝန်ဆောင်မိခင်များကို ခြေရာကောက်စနစ်စသဖြင့် အချက်အလက်များကို ဖော်ပြထားတဲ့ ပိုစတာတွေ၊ ကားချပ်တွေကို လေ့လာမိပါတယ်။ ဒီလို ကျေးလက်ဒေသတွေမှာရှိတဲ့ ကျန်းမာရေးဆေးခန်းတွေမှာ အရေးကြီးဆုံးလို့ ကျွန်တော် ယုံကြည်တာကတော့ လူအများနားလည်လွယ်အောင် အမြင်နဲ့ပေးတဲ့ သတင်းအချက်အလက်တွေပါပဲ။ 

ကျန်းမာရေးစင်တာမှာ အသက် ၂နှစ်၊ ၅ လရှိပြီဖြစ်တဲ့ကလေးနဲ့လာတဲ့ မိခင်တစ်ဦးကို ကျွန်တော်တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။  မအေးအေးဆွေ၊ ၄၁ နှစ်ဟာ သူမရဲ့ကလေး မနွယ်ဇင်ဝင်းရဲ့ ဖွံ့ဖြိုးမှုနှုန်းကို စောင့်ကြည့်ဖို့ ကျန်းမာရေးဆေးခန်းကိုလာတာဖြစ်ပါတယ်။ ကြီးထွားမှုနှုန်းပြကားချပ်ရဲ့ အစိမ်းရောင်ဇုန်ထဲမှာသာ အမြဲရှိသည့်၊ ဆိုလိုတာကတော့ မနွယ်ဇင်ဝင်းက ကျန်းမာပြီး ပုံမှန်ဖွံ့ဖြိုးနေပါတယ်။ ဒါပေမယ့် မနွယ်ဇင်ဝင်းဟာ သူမရဲ့ ပထမဦးဆုံးကလေးတော့ မဟုတ်ပါဘူး။ မအေးအေးဆွေရဲ့ သားဦးလေးဟာ အသက်တစ်နှစ်ပြည့်ပြီးနောက် ပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်း ပိုးဝင်တဲ့ရောဂါနဲ့ အသက်ဆုံးရှုံးခဲ့တာဖြစ်တယ်။ မဂျီးဆိပ်လို ကျေးလက်ဒေသတွေမှာ အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့နဲ့ မှန်ကန်တဲ့ကုသမှုကိုရရှိဖို့ အခက်အခဲများစွာနဲ့ ရင်ဆိုင် ကြုံတွေ့ နေရပါတယ်။ 


ရှမ်းပြည်နယ်၊ မဂျီးဆိပ်ကျေးရွာ၊ ကျန်းမာရေးစင်တာတွင် မအေးအေးဆွေက သူမရဲ့ ၂ နှစ်၊ ၅ လရှိပြီဖြစ်တဲ့ မနွယ်ဇင်ဝင်းကို ပွေ့ပိုက်ထားပုံ
©UNICEF Myanmar/2018/Alexander Win
မအေးက ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားလာတာဖြစ်ပြီး လုံလောက်တဲ့အစားအစာ၊ ရေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လက်လှမ်းမီစေတဲ့ အခြေခံအရင်းအမြစ်တွေချို့တဲ့တယ်။ သူမရဲ့ရပ်ရွာ အသိုင်းအဝိုင်းမှာ ကောင်းမွန်တဲ့ကျန်းမာရေးအလေ့အကျင့် ဗဟုသုတကို အကန့်အသတ်နဲ့သာ ရရှိတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ တစိတ်တပိုင်းကတော့ သူတို့ဘာစားတယ်၊ ဘာသောက်တယ်၊ အိမ်ကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာတွေနဲ့ ပတ်သက်တဲ့ ယုံကြည်မှုတွေနဲ့ ဓလေ့ထုံးစံနဲ့ မကိုက်ညီခြင်းကြောင့်ဟု သတ်မှတ်ကာ မပြောဘဲနေကြတာတွေကြောင့်ဖြစ်တယ်။

မအေးက သူမရဲ့ ဒုတိယကလေးကို ကိုယ်ဝန်ရစကနေ ဆေးရုံမှာတက်မွေးတဲ့အထိ အထူးသတိထား ဂရုပြုခဲ့ပါတယ်။  ကျန်းမာရေးလုပ်သားတွေဆီက ရရှိခဲ့တဲ့ လမ်းညွှန်မှုတွေကိုအခြေခံပြီး သူမရဲ့ကလေးကို မိခင်နို့ရည်သာတိုက်ကျွေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ မိခင်နို့ရည်ဟာ ကလေးအတွက်လိုအပ်တဲ့ သဘာဝ ခုခံစွမ်းအားကိုပေးစွမ်းပြီး မွေးကင်းစကလေးသေဆုံးမှု အလားအလာတွေကို ကာကွယ်ပေးတဲ့ မိခင်နို့ရည်ရဲ့ အရေးပါမှုနဲ့ အကျိုးကျေးဇူးတွေကို နားလည်လို့ပါပဲ။ မအေးရဲ့သံန္နိဌာန်ကိုကြည့်ပြီး မိခင်တွေဟာ သူတို့မှာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေရှိတဲ့အခါမှာ သူတို့ရဲ့ကလေးတွေကို ကာကွယ်ဖို့၊ ပြုစုစောင့်ရှောက်ဖို့အတွက် ဘယ်လောက်ထိခိုင်မာတယ်ဆိုတာ မအေးက ကျွန်တော့ကို နားလည် စေခဲ့ပါတယ်။ 

ကျေးလက်ဒေသတွေနဲ့ မအေးလာတဲ့ ရပ်ရွာအသိုင်းအ၀န်းတွေမှာ အခြေခံကျန်းမာရေးဝန်ထမ်းများအား ကျွမ်းကျင်မှုကို အခြေခံသောသင်တန်းများပေးခြင်း၊ မရှိမဖြစ်ဆေးဝါးများနှင့် ကျန်းမာသော အလေ့အကျင့်ကောင်း ဗဟုသုတများ ပိုမိုကောင်းမွန်စေရန် ရပ်ရွာလူထုနှင့် စောင့်ရှောက်မှုပေးသူများထံ သတင်းအချက်အလက်များ ဆက်သွယ်ပေးပို့ခြင်းနဲ့ အရည်အသွေးမီ ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုများ လက်လှမ်းမီနိုင်မှုတို့ကို ပိုမိုကောင်းမွန်စေရန် ယူနီဆက်ဖ်က မြန်မာနိုင်ငံအစိုးရကို ပံ့ပိုးကူညီလျက်ရှိပါတယ်။ ထိုကဲ့သို့ ကြိုးပမ်းအားထုတ်မှုများမှတဆင့် မြန်မာနိုင်ငံရှိများစွာသော ကလေးသူငယ်များသည် ၄င်းတို့၏ ပထမဆုံးသောမွေးနေ့ကို ကျင်းပနိုင်ရန်နှင့် ထိုထက်မကသာလွန်၍ ပိုမို ကောင်းမွန်စွာနေထိုင်ရေး၊ ပိုမိုလုံခြုံ၍ ပိုမိုကျန်းမာသောဘ၀များကို နေထိုင်နိုင်ရန် ကျွန်တော် မျှော်လင့်ပါသည်။ 

*အလက်စ်ဇန္ဒာဝင်းသည် ယူနီဆက်ဖ်မြန်မာအတွက် သုံးပတ်ကြာ လူမှုဝန်ထမ်းတာဝန်ထမ်းဆောင်ခဲ့ပြီး ရှမ်းပြည်နယ်ရှိ ယူနီဆက်ဖ်က ထောက်ပံ့သော အာဟာရအစီအစဉ်သို့ သွားရောက်ခဲ့သည်။ 

No comments:

Post a Comment