Friday, September 21, 2018

ကလေးသူငယ်နေပျော်ကျောင်းများ၏ သင်တန်းများက ကျွန်မ၏ သင်ပြမှုစွမ်းရည်များကို တိုးတက်စေခဲ့

By Tin Shwe


ဘူးသီးတောင်၊ ရခိုင်ပြည်နယ်၊ ၇ စက်တင်ဘာ ၂၀၁၈ -  ဖြူနွေမိုးသည် ဘူးသီးတောင်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဒုတိယတန်း၊ လက်ထောက်ဆရာမအနေဖြင့် ဆယ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂၀၁၈ ခုနှစ်မတိုင်မီထိ ဖြူသည် ဆရာ၊ဆရာမများကို အဓိကထားသော နည်းလမ်းဖြင့်သင်ကြားပို့ချခဲ့ပြီး ဆရာမတစ်ဦးအနေဖြင့် သူမကိုသူမ ပိုမိုအဓိကထားသော ဆောင်ရွက်ချက်များပေါ်တွင် အာရုံစိုက်ခဲ့သည်။ သို့သော်လည်း ယခုနှစ်တွင် သူမအတန်းအတွက် ပညာရေးဝန်ကြီးဌာနက သင်ရိုးသစ်ကို စတင် မိတ်ဆက်လိုက်သောအခါ သူမသည် ခြားနားချက်ကိုသတိပြုခဲ့မိသည်။ သင်ရိုးသစ်တွင် ဆရာ၊ ဆရာမများက အတန်းသင်ခန်းစာများနှင့် သင်ကြားမှုပစ္စည်းများ ပြင်ဆင်ရာတွင်လည်းကောင်း၊ အတန်း လေ့ကျင့်ခန်းများတွင် တပည့်များ တက်ကြွစွာပူးပေါင်းပါဝင်မှုတွင်လည်းကောင်း တောင်းဆိုမှုများ များပြားလာသည်။ 

 စီအက်ဖ်အက်စ်နည်းလမ်းကိုသုံး၍ ဒုတိယတန်းကျောင်းသားများအား ဆရာမ ဖြူနွေမိုးမှ သင်ကြားနေပုံ
©UNICEF Myanmar/2018/Tin Shwe
ဂျပန်အစိုးရ၏အထောက်အပံ့ဖြင့် ယူနီဆက်ဖ်က ကူညီပံ့ပိုးသော အခြေခံပညာဦးစီးဌာနက ဖွင့်လှစ်သည့် ကလေးပျော်ကျောင်းများ(စီအက်ဖ်အက်စ်)သည် သင်ရိုးသစ်သို့ပြောင်းလဲခြင်းဖြင့်  ဆရာ/ဆရာမများကို ကူညီရန် ရည်ရွယ်သည်။ ဘာသာစကား ကုံလုံကြွယ်ဝရေးအစီအစဉ်နှင့် ပေါင်းစပ်ထားသော ဤသင်တန်းက မိခင် ဘာသာစကားသည် မြန်မာစကားမဟုတ်သော ကလေးများကို ပိုမို အထောက်အကူဖြစ်စေရန် ဆရာ/ဆရာမများကို ပံ့ပိုးကူညီပေးသည်။



ဆရာမ ဖြူသည် ဤသင်တန်းအတွက် အခြားဆရာ/ဆရာမ ၈၀၀ ကျော်နှင့်အတူ ရွေးချယ်ခံရခြင်းအတွက် အလွန် စိတ်ရှုပ်ရှားနေသည်။ “ဒီကလေးပျော်ကျောင်းများသင်တန်းက ဆရာ/ဆရာမတွေအတွက်ကော ကျောင်းသားတွေအတွက်ပါ အလွန်သက်ဆိုင်ပြီး အကျိုးရှိပါတယ်။” လို့သူမကပြောပါတယ်။ “ပိုကောင်းတဲ့ သင်ပြနည်းတစ်ခုကို ကျွန်မတို့ကို ပြပေးခဲ့တယ်။ ဒီနည်းက ကျွန်မတို့ရဲ့ ကျွမ်းကျင်မှုကို တည်ဆောက်ပေးပြီး ကလေးတွေကိုလည်း တစ်ယောက်ဆီက တစ်ယောက်ပိုပြီး သင်ယူလာနိုင်စေတယ်။ ကလေးတွေ ပိုပျော်ပါတယ်။ ဒီလိုနည်းနဲ့ အတန်းစည်းလုံးညီညွတ်မှုကို ပိုမိုမြှင့်တင်ပေးပြီး အဖွဲ့တစ်ဖွဲ့အနေနဲ့ အတူတကွ စုပေါင်းလုပ်ကိုင်လိုစိတ် ပေးစွမ်းတာကို ကျွန်မတွေ့ရပါတယ်။”

ဤစီအက်ဖ်အက်စ်နည်းလမ်းကို ကနဦးစသုံးစဉ်တွင် ၄င်းနည်းလမ်း၏ အခက်အခဲများရှိခဲ့ပြီး အဓိကအားဖြင့် သင်ခန်းစာတစ်ခုချင်းစီကို စီစဉ်ရန်နှင့် သင်ကြားမှုပစ္စည်းများဖော်ဆောင်ရန် လိုအပ်ချိန်နှင့် သက်ဆိုင်ပါသည်။ ဆရာမဖြူသည် ဤသင်တန်းမှတဆင့် ထိုပြဿနာများကို ဖြေရှင်းနိုင်ခဲ့သည်။ “ပထမဆုံး ဒေသတွင်းရနိုင်တဲ့ သင်ကြားမှုပစ္စည်းတွေကို စုစည်းပြီး သင်ထောက်ကူပစ္စည်းတွေဖြစ်အောင် အရင်လုပ်ဖို့ လိုတယ်၊ ကျွန်မရဲ့သင်ခန်းစာတွေကို လုံလုံလောက်လောက် စီစဉ်ရမယ်ဆိုတာကို ကျွန်မနားလည် သွားခဲ့ပါတယ်။” ဒီနည်းလမ်းသစ်သည် တပည့်များအပေါ်တွင် ပိုမိုစိတ်ရှည်ရန်လိုအပ်စေသည်။

ဆရာမဖြူက သင်တန်းပြီးနောက် သူမ၏ သင်ပြမှုစွမ်းရည်တိုးတက်လာကြောင်းကို သတိပြုမိခဲ့သည်။ အထူးသဖြင့် ပိုမိုတိကျသော ဘာသာရပ်များကို လွယ်ကူစွာနားလည်နိုင်စေရန် ယခုအခါ သူမ၏တပည့်များကို သူမကူညီနိုင်ပြီဖြစ်သည်။ “သံသယဖြစ်ဖွယ်မရှိပါဘူး” ဟုသူမကပြောခဲ့သည်။ “ဒီသင်တန်းက ကျွန်မကိုအရေးပါတဲ့ အုတ်မြစ်ပေးခဲ့တယ်ဆိုတာ၊ ဒီအခြေခံအုတ်မြစ်ပေါ်ကနေ ကျွန်မရဲ့စွမ်းရည်တွေကို ဆက်လက် တည်ဆောက်သွားချင်ပါတယ်။”

No comments:

Post a Comment