Text by Ruth Ayisi
Photos by Nyan Zay Htet
မိခင်ဖြစ်သူ
ဒေါ်မိုးဝင်း နှင့် (၃) နှစ်အရွယ် သမီးလေးဖြစ်သူ ဆောင်းနဒီခိုင် တို့သည် စိမ်းလန်းစိုပြေသော
စိုက်ခင်းများကို ဖြတ်၍ဖောက်ထားသော မြေနီလမ်းကျဉ်းလေး အတိုင်း အနည်းငယ် လမ်းလျှောက်ပြီးနောက်
နေ့ကလေးထိန်းကျောင်းသို့ ရောက်ရှိ ခဲ့ပါသည်။ ထိုအချိန်တွင် မိုးတိမ် များ
မဲမှောင်လာက စတင်မိုးရွာလာပါတော့သည်။ ယနေ့အဖို့ အပြင်ထွက်၍ ကစားစရာ ဖရိန်များပေါ်တက်၍
သော်လည်းေ ကာင်း လျှောစီး၍ သော်လည်းကောင်း ဆော့ကစားနိုင်တော့မည် မဟုတ်သော်လည်း ဆောင်းနဒီခိုင်သည်
စိုးရိမ်မှု ရှိပုံမပေါ်ပေ။