Showing posts with label Kachin Sate. Show all posts
Showing posts with label Kachin Sate. Show all posts

Friday, August 2, 2019

ဓမ္မတာလာခြင်းအကြောင်း ရှမ်းပြည်နယ်တွင် လေ့လာခြင်း

ရေးသားသူ - တင်ထက်ပိုင်

©UNICEF Myanmar/2019/Minzayar Oo
ကွတ်ခိုင်၊ ရှမ်းပြည်နယ် - ဆိုင်းနမ်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်သူများ နေထိုင်ရာစခန်းထဲက သူ့ရဲ့ အိမ်လေးအနီးမှာ သူငယ်ချင်းတွေနဲ့အတူ ကစားနေတုန်း ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲမှာ တစ်ခုခု ထူးခြားနေတာကို ခံစားမိလိုက်ပါတယ်။ သူက အိမ်သာဆီကို အလျင်အမြန်ပြေးသွားပြီးတဲ့အခါ သူ့အတွင်းခံပေါ်မှာ သွေးတွေစွန်းနေတာကို တွေ့လိုက်ပါတယ်။  အဲဒီအချိန်တုန်းက သူက အသက် ၁၃ နှစ်ဖြစ်ပြီး ဘာလုပ်ရမလဲဆိုတာ မသိခဲ့ပါဘူး။

ဆိုင်းနမ်က “ကျွန်မတော့ မကောင်းတာတစ်ခုခုဖြစ်နေပြီလို့ ထင်ခဲ့မိတယ်”လို့ သူ့ရဲ့ပထမဆုံး ဓမ္မတာလာစဉ်ကအချိန်ကို အမှတ်ရပြီး ပြန်ပြောပြခဲ့ပါတယ်။ ကြောက်လည်းကြောက်၊ စိတ်လည်း ရှုပ်ထွေးနေရင်း အဖေနဲ့ အစ်ကိုတွေ အိမ်ကထွက်သွားချိန်အထိ စောင့်ပြီးမှ အမေ့နားကို တိုးတိုးလေး ကပ်ပြီးမေးခဲ့ရပါတယ်။
မိန်းကလေးအများစုအတွက် ရင်းနှီးပါတယ်ဆိုတဲ့ အမျိုးသမီး မိသားစုဝင်အချင်းချင်းကြားမှာတောင် ရာသီလာတယ်ဆိုတာ ဆွေးနွေးဖို့လွယ်တဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။

ပထမဆုံးဓမ္မတာမလာခင်မှာ ရာသီသွေးနဲ့ပတ်သက်တဲ့ အသိပညာတွေ၊ ဗဟုသုတတွေမရှိကြတဲ့အတွက် မိန်းကလေးတွေဟာ ရာသီသွေးစလာတဲ့အချိန်မှာ ရှက်ရွံ့တာ၊ စိတ်ဓာတ်ကျတာမျိုး၊ အရှက်ကွဲသလိုမျိုး တွေ ခံစားကြရတတ်တယ်။

ကချင်ပြည်နယ်ရှိ စာသင်ကျောင်းများ တွင် ရေ၊ ပတ်ဝန်းကျင် နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး စီမံချက်

By Agostino Munyiri 

ကချင်ပြည်နယ်၊ မြန်မာ၊ ၂၀၁၉  ခုနှစ် ဇူလိုင်လ — ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ဟိုပင်အရှေ့ကွက်သစ်ကျောင်းကို စီမံခန့်ခွဲနေပြီး အလုပ်တွင် စိတ်အားထက်သန်ကာ စိတ်နှစ်မြုပ်လုပ်ဆောင်တတ်သော သားသမီး(၂) ဦး၏ဖခင်ဖြစ်သူ ဦးအောင်ကျော်ထွန်းသည် ရပ်ရွာလူထုမှ လေးစားအသိအမှတ်ပြုခံရသူဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရပ်ရွာလူထုက ရေ၊ ပတ်ဝန်းကျင် နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ကော်မတီ (Water, Sanitation and Hygiene (WASH) committee) နှင့် စာသင်ကျောင်းများတွင်လုပ်သည့် WASH စီမံချက်  (WinS project) အတွက် ဒေသခံ ခေါင်းဆောင်ကို မဲပေးရွေးချယ်ခဲ့ ကြသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့အရှေ့ကွက်သစ်ကျောင်းရှိ လက်ဆေးသည့် နေ ရာ ဘေးတွင် မတ်တပ်ရပ်နေသည့်
ဦးအောင်ကျော်ထွန်း
©UNICEF Myanmar/2018/ Nyan Zay Htet

Wednesday, November 28, 2018

It takes a village…



When children live in conflict affected areas or in camps for the Internally Displaced Persons (IDP), their education will be one of the first things to be compromised. But when communities and local officials realize the future of those vulnerable children can be brighter through education, then it will be possible to keep children learning even in difficult circumstances.  

Grade 4 IDP children, originally from Zup Mai Yan village of Ingyanyan Township, learning Geography at Tang Hpre IDP camp, Kachin State on 15 November 2018.
©UNICEF Myanmar/2018/ Nyan Zay Htet
By Fre Yilma

In Kachin State, following the conflict in April 2018, children from villages in Njang Yang Township, including students and teachers from Zup Mai Yang village, took shelter in Tang Hpre IDP camp. Initially, the children were not able to start the 2018-2019 academic year. However, with the collaboration of the local community, State Parliamentarians and district education authorities children like Hkun Mai are now able to learn within the camp.

Wednesday, July 12, 2017

နေရပ်စွန့်ခွာ ရွေ့ပြောင်းလာသည့်မိသားစုများအား မျှော်လင့်ချက်ပေးနိုင်မည့် စာသင်ကျောင်း

ကချင်ပြည်နယ်၊ ဗန်းမော်

ကချင်ပြည်နယ်တွင် ကာလကြာမြင့်စွာဖြစ်ပွားနေသည့် ပဋိပက္ခသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့ မှာတော့ မန်ဒေးပါ ရွာလေးဆီသို့ဆိုက်ရောက်လာခဲ့ပါသည်။ အဲဒီနေ့ကိုတော့ ရွာရှိစာသင်ကျောင်းလေးရဲ့ကျောင်းအုပ်ဆရာကြီး ဦးလာနူးတစ်ယောက် ဘယ်တော့မှ မေ့နိုင်လိမ့်မည်မဟုတ်ပါ။

©UNICEF/UN061796/Brown
ကချင်ပြည်နယ်တွင် လွန်ခဲ့သောနှစ်နှစ် ပဋိပက္ခများဖြစ်ပွားချိန်မှာစ၍ မသောင်းမီမီနှင့် ၄င်း၏ မောင်လေးကတော့ စစ်ဘေးရှောင်နေရပ်စွန်ခွာသူများနေထိုင်ရာ ဗန်းမော်မြို့ အနီးရှိ လီဆူးစစ်ဘေးရှောင်စခန်းတွင် နေထိုင်လျက်ရှိသည်။


သူတို့မိသားစုသည် နေ့စားအလုပ်သမားများဖြစ်ပြီး မကြာခဏ ခရီးထွက်လေ့ရှိပါသည်။ သူမတို့မိသားစုမှာ အသီးအရွက်စိုက်ပျိုးခြင်း၊ ၀က်မွေးခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် လုံးပမ်းကြရသည်။

Monday, July 10, 2017

School provides displaced families with sense of hope

Bhamo, Kachin State

28 October 2013 was the day Kachin State’s long-running conflict finally reached the village of Mong Dein Pa. It was also a day the head teacher at the local school, Mr La Nu, 54, would never forget.


©UNICEF/UN061796/Brown
Since fleeing conflict in their region of Kachin Sate two years ago, Taung Mi Mi and her brother live in Lisu Camp for internally displaceed persons near the town of Bhamo.

Their family is a day labourer who travels frequently; the family work a small plot of rented land outside the camp to grow vegetables and raise pigs to supplement their meagre income.

Thursday, June 1, 2017

ဖုံးကွယ်နေသည့် အန္တရာယ်များ

By Simon Ingram - ၂၀၁၇ ခုနှစ်၊ မေလ

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများ နှင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများသည် ကလေးငယ်များအတွက် အသက်သေဆုံးရခြင်း နှင့် ထိခိုက်ဒဏ်ရာရ ခြင်း အန္တရာယ်နှင့် နေ့စဉ်ကြုံတွေ့နေရ

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ၉ ခုတွင် ဆက်လက်ဖြစ်ပွားနေသည့်၊ လွန်ခဲ့သောကာလဖြစ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြေမြှပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များ ပြန့်နှံ့လျှက်ရှိပါသည်။  မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသည့်နှုန်းအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ပါသည်။ မိုင်းအန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့၏ စာရင်းများအရ မိုင်းထိခိုက်ဒဏ်ရာရသေဆုံးမှုသည် သုံးရက်တစ်ကြိမ်ဖြစ်ပွားနေပြီး သုံးယောက်တွင်တစ်ယောက် သည်ကလေးသူငယ်များဖြစ်ပါသည်။

Hidden dangers

By Simon Ingram - May 2017

In Myanmar, landmines and unexploded ordnance present a daily risk of injury or death for children

Nine of Myanmar’s 14 States and Regions are contaminated with landmines and explosive remnants of war both from ongoing and past conflicts. The country has some of the highest mine accident rates in the world. On average, every three days a person is a victim of landmines, according to Myanmar’s Mine Risk Working Group. One out of every three victims is a child.

Thursday, January 26, 2017

ကျိုးပျက်သွားသော ကွန်းခိုရာ - ကျောင်းများကို တိုက်ခိုက်ခြင်းသည် ကလေးသူငယ် အခွင့်အရေးများကို တိုက်ခိုက်ခြင်းဖြစ်သည်

အန်ဒီဘရောင်း ရေးသားသည်

ကချင်ပြည်နယ်၊ မြန်မာ - အသက် ၁၁ နှစ်အရွယ် ဇောင်ဆိုင်းမှာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မိုးညှင်းဒေသရှိ နမ်းယအလယ်တန်းကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်သည်။ ကချင်ပြည်နယ်မှာ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်ဆဲမှု ပျက်ပြားသွားပြီးနောက် ၂၀၁၁ ခုနှစ်ကတည်းက ပဋိပက္ခဒဏ်ခံခဲ့ရသည်။ လတ်တလောဖြစ်ပေါ်ခဲ့ သည့် အကြမ်းဖက်မှုများကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး နိုင်ငံသား တစ်သိန်းကျော် အိမ်ပစ်ရာပစ်ထွက်ပေးခဲ့ကြရကာ ယင်းတို့ထဲက တစ်ဝက်မှာ ကလေးငယ်များ ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အပြီးသတ်သဘောတူညီမှု ရရှိရန် ခက်ခဲနေပြီး တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။


ကျောင်းတိုက်ခိုက်ခံရချိန်တွင် အသက် ၁၁ နှစ်အရွယ် ဇောင်ဆိုင်းနဲ့ ဆရာမ မမြတို့ နှစ်ဦးစလုံး ဒဏ်ရာရခဲ့သည်။ 
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်

Broken sanctuary: attacks on schools are assaults of children’s rights

By Andy Brown, Regional Communication Specialist for UNICEF East Asia and Pacific

Kachin State, Myanmar - Zau Seng, 11, is a student at Nam Ya Middle School, in Moe Nyin District, Kachin State, Myanmar. Kachin has been affected by conflict since 2011, following the collapse of a 17-year ceasefire. The recent violence has resulted in thousands of deaths and the displacement of around 100,000 civilians, half of them children. Despite ongoing peace talks, a final deal has proved elusive and the fighting continues.

Zau Seng, 11, and teacher Mya, both of whom were injured in an attack on their school
© UNICEF Myanmar/2016/Khine Zar Mon

အပစ်အခတ်ဖြစ်ပွားရာနေရာများတစ်လျှောက်ရှိ ကလေးငယ်များ ပညာသင်ကြားခွင့် ရရှိရေး

၂၀၁၁ခုနှစ် နှစ်လယ်တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှု ကျိုးပျက်သွားကတည်းက ပဋိပက္ခဒဏ်ခံ ကလေးငယ်အားလုံးအတွက် အရည်အသွေးမီ အခြေခံပညာရေးဝန်ဆောင်မှု ရရှိရေးမှာ ကြီးစွာသော စိန်ခေါ်မှုအဖြစ် ရှိနေခဲ့သည်။  လတ်တလောတွင် အကြမ်းဖက်မှု အရှိန်မြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံရှိ နှစ်ဖက် ရှေ့တန်းစစ်မြေပြင်တွင် နေထိုင်သော ပဋိပက္ခဒဏ်ခံ ကလေးငယ်များအတွက် ပညာရေးမှာ အလိုအပ်ဆုံးအရာတစ်ခု ဖြစ်နေသည်။

မာရီယာနာပါလာဗရာ ရေးသားသည်

ကချင်ပြည်နယ် - အသက် ၃၂ နှစ်အရွယ် ဒေါ်ခွမ်နွမ်အတွက် ဘဝက အမြဲလွယ်ကူခဲ့သည်တော့ မဟုတ်ပေ။ ၎င်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့အစည်းက ထိန်းချုပ်ထားသော ဧရိယာအတွင်းရှိ ချီဖွေမြို့တွင် နေထိုင်သည်။ ၎င်း၏မိခင်မှာ ၎င်းအသက် ၇နှစ်အရွယ်တွင်  ငှက်ဖျားရောဂါကြောင့် သေဆုံးသွားခဲ့ပြီး စစ်တပ်မှ အနားယူထားသော ၎င်း၏ဖခင်မှာ နောက် ၄နှစ်အကြာတွင် သေဆုံးသွားခဲ့သည်။ ထို့နောက် ၎င်းမှာ အကြီးဆုံးအစ်ကို၏ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

ရှေးဦးအရွယ်ကလေးဘဝဖွံ့ဖြိုးမှု (ECD) လုပ်အားပေးဆရာမ အသက် ၃၂ နှစ်အရွယ် ဒေါ်ခွမ်နွမ်
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်

Meeting children’s rights to education across the fire lines

Since the collapse of the ceasefire in mid-2011 in Kachin and northern Shan, ensuring access to quality basic education services for all children affected by conflict has remained a big challenge. With the current escalation of violence, education remains one of the most critical needs for conflict-affected children who live on both sides of the frontline in Myanmar.  

By Mariana Palavra, Communication Specialist

Kachin State - Life wasn’t always easy for 32 year-old Hkawng Nyoi, who lives in Chipwe Township, in an area controlled by the Kachin Independence Organisation. Her mother died from malaria when she was 7 years old and her father, who was retired from the army, passed away some four years later. Then, she moved to her eldest brother’s house. 

32 year-old Hkawng Nyoi is a ECD volunteer teacher
©UNICEF Myanmar/2016/Khine Zar Mon

အိမ်မက်များ၏မြေ - ကချင် စစ်ဘေးရှောင်စခန်းမှ ကလေးငယ်များ၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်

အန်ဒီဘရောင်း ရေးသားသည်

အသက် ၁၂နှစ်အရွယ် ဘောမ်မျော်မှာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနား အနီးရှိ စစ်ဘေးရှောင် ပြည်သူများနေထိုင်ရာ စခန်းတစ်ခုတွင် မိသားစုနဲ့အတူ နေထိုင်သည်။ ကချင်ပြည်နယ်မှာ ၁၇ နှစ်ကြာခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ကျိုးပျက်ပြီးနောက် ၂၀၁၁ ခုနှစ်ကတည်းက ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။ မကြာသေးမီက ဖြစ်ခဲ့သည့် အကြမ်းဖက်မှုကြောင့် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရကာ တစ်သိန်းခန့် အိမ်ပစ်ရာပစ် ထွက်ပြေးခဲ့ရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အပြီးသတ်သဘောတူညီမှု မရနိုင်သေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသည်။

အသက် ၁၂ နှစ်အရွယ် ဘောမ်မျော်ကို မိသားစုနဲ့အတူ မြစ်ကြီးနားအနီးရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ ဒုက္ခသည်စခန်းတင် မြင်တွေ့ရစဉ်။ 
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်

Field of dreams: children in a Kachin camp hope for peace

By Andy Brown

Baum Myaw, 12, lives with her family at a camp for displaced people near Myitkyina, capital of Kachin State, Myanmar. Kachin has been affected by conflict since 2011, following the collapse of a 17-year ceasefire. The recent violence has resulted in thousands of deaths and the displacement of around 100,000 civilians, including children. Despite ongoing peace talks, a final deal has proved elusive and the fighting continues.

Baum Myaw, 12, with her family at a camp for displaced people near Myitkyina
© UNICEF Myanmar/2016/Khine Zar Mon

စစ်တပ်ထဲတွင် ဆယ်ကျော်သက်ဘဝကို ကုန်ဆုံးပြီးနောက် ထူထောင်ခဲ့သည့် ဘဝသစ်

မာရီယာနာပါလာဗရာ ရေးသားသည်

မြစ်ကြီးနား၊ ကချင်ပြည်နယ်၊ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ - ဇွဲချစ် (အမည်လွှဲ) မှာ သတ္တမတန်းနှင့် ကျောင်းထွက်ခဲ့သည်။ အဲဒီအချိန်တွင် ၎င်းထက်အသက်ကြီးသော သူငယ်ချင်းများနှင့် တွဲခဲ့သည်။ ၎င်းတို့ အားလုံးမှာ စစ်တပ်ထဲသို့ ဝင်လိုကြပြီး ဇွဲချစ်ကိုလည်း အတူဝင်ရန် တိုက်တွန်းကြသည်။ ဇွဲချစ်မှာ အသက် ၁၆ နှစ်နှင့် တပ်ထဲ ဝင်ခဲ့သည်။ “စစ်တပ်ထဲ ဝင်မယ်လို့ တစ်ခါမှ အိပ်မက်မမက်ခဲ့ဘူး။ အဲဒီရည်မှန်းချက်လည်း မရှိခဲ့ဘူး။ ဘာလုပ်ရမယ်မှန်း မသိလို့ သူငယ်ချင်းတွေ လုပ်တဲ့အတိုင်း လိုက်လုပ်လိုက်တာပါ” ဟု ၎င်းက ပြန်ပြောပြသည်။ 

ကလေးတပ်သားစုဆောင်းခြင်းကို ကာကွယ်သည့် ကြေငြာဘုတ်ကို ဇွဲချစ်နှင့် ၎င်း၏မိခင်က ကြည့်ရှုနေစဉ် ဇွဲချစ်က ဖုန်းနံပါတ်အား လက်ညှိုးထိုးပြနေစဉ်။ 
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်

A new life after spending teen years in the army

By Mariana Palavra 

Myitkyina, Kachin State, November 2016 - Zwe Chit (fake name) left school when he was in grade eight. He started hanging out with four older friends. They all wanted to join the army and pushed him to do the same. He was 16 years old when he was recruited. “I never dreamed about being in the army. I didn’t have that ambition. I just followed my friends as I didn’t know what else to do with my life”, he recalls.  

Zwe Chit and his mother look at the child recruitment prevention billboard and point at the hotline number
©UNICEF Myanmar/2016/Khine Zar Mon

Tuesday, May 24, 2016

ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ

မာရီယာနာ ပါလက်ဗရာ ရေးသားသည်
 
နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ မေလ၊ ၁၉ ရက် - ကချင်ပြည်နယ်ရှိ မကိုင်ဂျာ၏ရွာ၌ တိုက်ပွဲဖြစ်ချိန်တွင် သူမ ကျောင်းတွင် ရှိနေခဲ့သည်။ ခေတ္တခိုလှုံရာနေရာအဖြစ် အသုံးပြုသည့် အဆောင်တစ်ခုသို့ သူမကို ရွှေ့ပြောင်းပေးခဲ့သည်။ ယင်းအချိန်က သူမအသက်မှာ ၁၆ နှစ်ဖြစ်ပြီး မိဘတွေနဲ့ ဝေးသည့် ယင်းနေရာတွင် နှစ်လခန့် တစ်ယောက်တည်း နေထိုင်ခဲ့ရသည်။ 
 


ဓာတ်ပုံ- ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မျိုးသိမ်း

Monday, May 23, 2016

First National Adolescents Conference - “I feel I became a better person”

By Mariana Palavra
 
Nay Pyi Taw, 19 May 2016- Ma Kai Ja was at school when fighting broke out in her village, in Kachin State. She was evacuated to a hostel used as a shelter. She was 16 years and she stayed there alone for two months, far away from her parents.

©UNICEF Myanmar/2016/Myo Thame
 

Wednesday, April 6, 2016

အမျိုးသား ပိုလီယိုဆေးတိုက်ကျွေးရေးအစီအစဉ် - ဓာတ်ပုံစုစည်းတင်ပြမှု

ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၂ ရက်အထိ တစ်နိုင်ငံလုံးတွင် ရှိသော ကလေးငယ် ၄ ဒသမ ၆ သန်းခန့်အတွက် မြို့နယ်ပေါင်း ၃၃၀ တွင် အမျိုးသားပိုလီယိုရောဂါကာကွယ်ရေးအစီအစဉ် ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနအား ယူနီဆက်ဖ်နဲ့ ဒဗလျူအိတ်ခ်ျအိုက ထောက်ပံ့ကူညီပေးခဲ့သည်။ ယင်းအစီအစဉ်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံအချို့ကို တင်ပြလိုက်ပါသည်။


Monday, December 14, 2015

ကလေးသူငယ်ကျန်းမာရေးနှင့် အာဟာရထောက်ပံ့မှုသည် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သည့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိ ခဲ့ကာ NLD မှ လာမည့်နှစ်ဦးတွင် အစိုးရအဖွဲ့ဖွဲ့သည့်အခါ ကမ္ဘာတွင် အချိန်အကြာမြင့်ဆုံး ဖြစ်သည့် ပြည်တွင်းပဋိပက္ခနှင့် ရင်ဆိုင် ကြုံတွေ့ ရမည်ဖြစ်ပေသည်။

နိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ကြားတွင် မကြာသေးမီက ချုပ်ဆိုခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ရှိသော်လည်း အဆိုပါ သဘောတူညီချက်သည် အထူးသဖြင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သော ကလေးသူငယ် ၁.၈ သန်းခန့်ကို အကာအကွယ် မဖြစ်စေခဲ့ပေ။ အဆိုပါနေရာများတွင် တားဆီးပိတ်ပင်နေသကဲ့သို့ ဖြစ်နေသည်။ UNICEF နှင့် NGO Health Poverty Action တို့သည် အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် အာဟာရရရှိမှု ခိုင်မာစေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပဋိပက္ခဖြစ်ပွားမှု၊ နယ်မြေအခက်အခဲရှိမှုနှင့် နိုင်ငံရေး ကန့်သတ်ပိတ်ပင်မှု များကြောင့် ရောက်ရှိရန် ခက်ခဲသည့်ဒေသများရှိ မွေးကင်းစကလေးများနှင့် ကလေးသူငယ်များအား အာဟာရ ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

Mariana Palavra ရေးသားသည်

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ကချင်ပြည်နယ် - မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်း ပဋိပက္ခတွင် လွမ်းနို အဖမ်းခံခဲ့ရသည်။ လေယာဉ်ဗုံးကြဲသံ၊ အဆက်မပြတ် သေနတ်ပစ်ခတ် သံနှင့် မိုင်းကွဲသံတို့ကို ကြားခဲ့ရသည်ဟု လွမ်းနိုက ပြန်ပြောပြသည်။ ကချင်ပြည်နယ်တွင် ပြည်တွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ် အချိန်က ဖြစ်သည်။ 
 
လွမ်းနိုသည် လွန်ခဲ့သည့် သုံးနှစ်က ပြည်တွင်းပဋိပက္ခမှ တိမ်းရှောင် ထွက်ပြေးလာကာ နေ့ရပ်စွန့်ခွာ တိမ်းရှောင်သူများ စခန်းတွင်ပင် အိမ်ထောင်ကျခဲ့သည်။ ယခု သူမမွေးထားသည့် ငါးလအရွယ် ကလေးငယ်လေးအား ထက်မြတ်အောင်မြင်သည့် စီးပွားရှင်ကြီး ဖြစ်လာစေချင်နေသည်။
©UNICEF Myanmar/2015/Mariana Palavra

Tuesday, December 1, 2015

Children’s health and nutrition helps build peace in Myanmar

Nobel Peace Prize winner Aung San Suu Kyi and her National League for Democracy (NLD) has won a landslide victory in Myanmar’s first free elections in 25 years. When NLD assumes office early next year, it will face one of the longest running civil conflict in the world.

Despite the recent signing of a ceasefire between the Government and representatives of eight ethnic armed group, an estimated 1.8 million children are not covered by the agreement, especially those living in some areas of Kachin and northern Shan, where conflicts continue and prevent children from accessing basic services. UNICEF and the NGO Health Poverty Action work together to strengthen access to primary health care and nutrition interventions, such as infant and young child feeding support in areas that are hard to reach due to conflict, poor geographical access, and political constraints.
 
By Mariana Palavra
 
Kachin State, November 2015 - Lwan No was caught in the middle of the civil conflict in Kachin State, Northern Myanmar. “I could hear the planes bombing the area, the constant gun shots and mine explosions”, she recalls. This was in 2011, when the civil conflict broke out in Kachin. 
 
Lwan No got married in this IDP camp, after fleeing from the civil conflict three years ago. Now, she wants her five-month old baby to become a bright and successful businesswoman.
©UNICEF Myanmar/2015/Mariana Palavra