မာရီယာနာ ပါလက်ဗရာ ရေးသားသည်
နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ မေလ၊ ၁၉ ရက် - ကချင်ပြည်နယ်ရှိ မကိုင်ဂျာ၏ရွာ၌ တိုက်ပွဲဖြစ်ချိန်တွင် သူမ ကျောင်းတွင် ရှိနေခဲ့သည်။ ခေတ္တခိုလှုံရာနေရာအဖြစ် အသုံးပြုသည့် အဆောင်တစ်ခုသို့ သူမကို ရွှေ့ပြောင်းပေးခဲ့သည်။ ယင်းအချိန်က သူမအသက်မှာ ၁၆ နှစ်ဖြစ်ပြီး မိဘတွေနဲ့ ဝေးသည့် ယင်းနေရာတွင် နှစ်လခန့် တစ်ယောက်တည်း နေထိုင်ခဲ့ရသည်။

