Thursday, June 1, 2017

ဖုံးကွယ်နေသည့် အန္တရာယ်များ

By Simon Ingram - ၂၀၁၇ ခုနှစ်၊ မေလ

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများ နှင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများသည် ကလေးငယ်များအတွက် အသက်သေဆုံးရခြင်း နှင့် ထိခိုက်ဒဏ်ရာရ ခြင်း အန္တရာယ်နှင့် နေ့စဉ်ကြုံတွေ့နေရ

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ၉ ခုတွင် ဆက်လက်ဖြစ်ပွားနေသည့်၊ လွန်ခဲ့သောကာလဖြစ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြေမြှပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များ ပြန့်နှံ့လျှက်ရှိပါသည်။  မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသည့်နှုန်းအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ပါသည်။ မိုင်းအန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့၏ စာရင်းများအရ မိုင်းထိခိုက်ဒဏ်ရာရသေဆုံးမှုသည် သုံးရက်တစ်ကြိမ်ဖြစ်ပွားနေပြီး သုံးယောက်တွင်တစ်ယောက် သည်ကလေးသူငယ်များဖြစ်ပါသည်။


အသက် (၁၂) အရွယ် မောင်အောင်ဒင် သည် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဖန်ခါးကုန်း စစ်ဘေးရှောင်စခန်းမှ ရေဆင်းချိုးစဉ်။ သူ၏ဖခင် သည် နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းဖြစ်နိုင်သည့်အရာ နင်းမိပြီး  သေဆုံးသွားခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ကချင်လက်နက်ကိုင်အဖွဲ့အစည်း (KIA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါသည်။ 

© UNICEF/UN061783/Brown

အသက် (၁၀) နှစ် အရွယ် မောင်မင်းသီဟ သည် လွန်ခဲ့သော (၂) နှစ်ခန့်က သူနှင့် သူ့ သူငယ်ချင်းများ တောအုပ်ထဲ ဆော့ကစားရင်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို တွေ့ရှိ ပေါက်ကွဲရာ မှ ရရှိခဲ့သည့် ဒဏ်ရာ အမာရွတ်ကို ပြသနေသည်။ ယင်းပေါက်ကွဲမှုကြောင့် ကရင်ပြည်နယ် အန်ကလောကျေးရွာရှိ ကလေး ၂ နှစ်ဦး သေဆုံးခဲ့ပြီး သူ၏အချစ်ဆုံးသူငယ်ချင်း စောဘဆန်းအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ပါသည်။ 

© UNICEF/UN061805/Brown
ကျွန်မတို့က ကလေးတွေကို ပြောထားတယ်၊ တောထဲမှာ ထူးခြားပြီး မူမမှန်တဲ့ အရာတစ်ခု ခုတွေ့ရင် မကိုင်ပါနဲ့၊ လူကြီးတွေကို သွားပြီး ပြောပါလို့ အမြဲမှာထားရတယ်”  ဟု ဆရာမ နန်းမော်မော်ကြည် ကပြောသည်။ ဆရာမ သည် နှစ်ပေါင်း (၆၀) ကျော်ဖြစ်ပွားသည့် ပဋိပက္ခကို ပြန်ပြောင်းအမှတ်ရစေသည့် ယင်းပေါက်ကွဲမှု ကို ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးလည်းဖြစ်သည်။ 

© UNICEF/UN061811/Brown
“တော်တော်လေးတယ်၊ ပူလည်းပူတယ်။ ကျွန်တော်ကတော့ အန္တရာယ်ရှိမယ်လို့တော့ ထင်ခဲ့တယ်” ဟုအသက် (၉) နှစ်အရွယ်စောဘဆန်း ကပြောသည်။ စောဘဆန်းသည် မင်းသီဟ ၏ သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး ယင်းပေါက်ကွဲမှု ကြောင့် ဒဏ်ရာရခဲ့သူတစ်ဦးလည်းဖြစ်သည်။ ယင်းမတော်တဆ ဖြစ်ရပ်သည် လွန်ခဲ့သော သီတင်းပတ်များက ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ကျန်ခဲ့သည့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများကြောင့်ဖြစ်နိုင်ပါသည်။

© UNICEF/UN061802/Brown
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အသစ်ဖွင့်လှစ်ထားသည့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ။ ကိုအောင်စိုးမင်း၊ အသက် (၄၂) နှစ် (လက်ယာ) နှင့် ဒေါင်ဂျ၊ အသက် (၃၃) နှစ်တို့ ခြေတုအသစ်များတပ်ဆင်လေ့ကျင့်နေကြသည်။ ကိုအောင်စိုးမင်းသည် တပ်မတော်သားဟောင်းတစ်ဦးဖြစ်ပြီး မိုင်းရှင်းလင်းစဉ် မိုင်းထိဒဏ်ရာ ရခဲ့ကာ ဒေါင်ဂျ သည် ကချင်လက်နက်ကိုင်အဖွဲ့မှ ဖြစ်ကာ မိုင်းထောင်စဉ် မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့ပါသည်။  

© UNICEF/UN061798/Brown
အသက် (၃၃) အရွယ် မစန်းစန်းမော်တစ်ယောက် သူမအသက် (၁၃) နှစ်အရွယ်တွင် မိုင်းတက်နင်းမိပြီး သူမ၏ ယာဘက်ခြေထောက်ဆုံးရှုံးခဲ့ပါသည်။ ယခုအခါ ယူနီဆက်ပံ့ပိုးမှုဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ Mine Victim Assistance Centre တွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးလျှက်ရှိပါသည်။ ယင်းစင်တာတွင် ခြေတုများပြုပြင်ပေးခြင်းကို သူမလုပ်ဆောင်နေပါသည်။ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ပုန်းကွယ်နေသည့် လက်နက်များနှင့် အတူ နေထိုင်နေရသည့် လူဦးရေ ခန့်မှန်းခြေ ၅ သန်းခန့်ရှိပါသည်။  

© UNICEF/UN061800/Brown

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများသည်ကလေးငယ်များအပေါ် အကျိုးသက်ရောက်စေပါသည်။  ပဋိပက္ခနှင့် မြေမြှုပ်မိုင်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းကြောင့် သူတို့၏ဘဝများပုံသွင်းခြင်းခံရပါသည်။ ငြိမ်းချမ်းရေး နှင့် အတူတကွပေါင်းစည်းနေထိုင်ရေး အောင်မြင်ဖို့ ကြိုးပမ်းအားထုတ်မှု များ မဆောင်ရွက်ပါက မောင်အောင်ဒင်ကဲ့သို့ ကလေးများအနေဖြင့် နောက်ဆက်တွဲ အကျိုးဆက်ကို ဆက်လက်ခံစားရပေမည်။ 

© UNICEF/UN061857/Brown




No comments:

Post a Comment