Friday, August 2, 2019

ရှေးဦးအရွယ်ပညာတတ်မြောက်ခြင်းကို မြှင့်တင်ပေးမည့် ဘာသာစကား(၂)မျိုးသုံးစာအုပ်များ


Text by Ruth Ayisi
Photos by Nyan Zay Htet




မိခင်ဖြစ်သူ ဒေါ်မိုးဝင်း နှင့် (၃) နှစ်အရွယ် သမီးလေးဖြစ်သူ ဆောင်းနဒီခိုင် တို့သည် စိမ်းလန်းစိုပြေသော စိုက်ခင်းများကို ဖြတ်၍ဖောက်ထားသော မြေနီလမ်းကျဉ်းလေး အတိုင်း အနည်းငယ် လမ်းလျှောက်ပြီးနောက်  နေ့ကလေးထိန်းကျောင်းသို့  ရောက်ရှိ ခဲ့ပါသည်။ ထိုအချိန်တွင် မိုးတိမ် များ မဲမှောင်လာက စတင်မိုးရွာလာပါတော့သည်။ ယနေ့အဖို့ အပြင်ထွက်၍ ကစားစရာ ဖရိန်များပေါ်တက်၍ သော်လည်းေ ကာင်း လျှောစီး၍ သော်လည်းကောင်း  ဆော့ကစားနိုင်တော့မည် မဟုတ်သော်လည်း ဆောင်းနဒီခိုင်သည် စိုးရိမ်မှု ရှိပုံမပေါ်ပေ။

ဓမ္မတာလာခြင်းအကြောင်း ရှမ်းပြည်နယ်တွင် လေ့လာခြင်း

ရေးသားသူ - တင်ထက်ပိုင်

©UNICEF Myanmar/2019/Minzayar Oo
ကွတ်ခိုင်၊ ရှမ်းပြည်နယ် - ဆိုင်းနမ်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်သူများ နေထိုင်ရာစခန်းထဲက သူ့ရဲ့ အိမ်လေးအနီးမှာ သူငယ်ချင်းတွေနဲ့အတူ ကစားနေတုန်း ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲမှာ တစ်ခုခု ထူးခြားနေတာကို ခံစားမိလိုက်ပါတယ်။ သူက အိမ်သာဆီကို အလျင်အမြန်ပြေးသွားပြီးတဲ့အခါ သူ့အတွင်းခံပေါ်မှာ သွေးတွေစွန်းနေတာကို တွေ့လိုက်ပါတယ်။  အဲဒီအချိန်တုန်းက သူက အသက် ၁၃ နှစ်ဖြစ်ပြီး ဘာလုပ်ရမလဲဆိုတာ မသိခဲ့ပါဘူး။

ဆိုင်းနမ်က “ကျွန်မတော့ မကောင်းတာတစ်ခုခုဖြစ်နေပြီလို့ ထင်ခဲ့မိတယ်”လို့ သူ့ရဲ့ပထမဆုံး ဓမ္မတာလာစဉ်ကအချိန်ကို အမှတ်ရပြီး ပြန်ပြောပြခဲ့ပါတယ်။ ကြောက်လည်းကြောက်၊ စိတ်လည်း ရှုပ်ထွေးနေရင်း အဖေနဲ့ အစ်ကိုတွေ အိမ်ကထွက်သွားချိန်အထိ စောင့်ပြီးမှ အမေ့နားကို တိုးတိုးလေး ကပ်ပြီးမေးခဲ့ရပါတယ်။
မိန်းကလေးအများစုအတွက် ရင်းနှီးပါတယ်ဆိုတဲ့ အမျိုးသမီး မိသားစုဝင်အချင်းချင်းကြားမှာတောင် ရာသီလာတယ်ဆိုတာ ဆွေးနွေးဖို့လွယ်တဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။

ပထမဆုံးဓမ္မတာမလာခင်မှာ ရာသီသွေးနဲ့ပတ်သက်တဲ့ အသိပညာတွေ၊ ဗဟုသုတတွေမရှိကြတဲ့အတွက် မိန်းကလေးတွေဟာ ရာသီသွေးစလာတဲ့အချိန်မှာ ရှက်ရွံ့တာ၊ စိတ်ဓာတ်ကျတာမျိုး၊ အရှက်ကွဲသလိုမျိုး တွေ ခံစားကြရတတ်တယ်။

ကချင်ပြည်နယ်ရှိ စာသင်ကျောင်းများ တွင် ရေ၊ ပတ်ဝန်းကျင် နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး စီမံချက်

By Agostino Munyiri 

ကချင်ပြည်နယ်၊ မြန်မာ၊ ၂၀၁၉  ခုနှစ် ဇူလိုင်လ — ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ဟိုပင်အရှေ့ကွက်သစ်ကျောင်းကို စီမံခန့်ခွဲနေပြီး အလုပ်တွင် စိတ်အားထက်သန်ကာ စိတ်နှစ်မြုပ်လုပ်ဆောင်တတ်သော သားသမီး(၂) ဦး၏ဖခင်ဖြစ်သူ ဦးအောင်ကျော်ထွန်းသည် ရပ်ရွာလူထုမှ လေးစားအသိအမှတ်ပြုခံရသူဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရပ်ရွာလူထုက ရေ၊ ပတ်ဝန်းကျင် နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ကော်မတီ (Water, Sanitation and Hygiene (WASH) committee) နှင့် စာသင်ကျောင်းများတွင်လုပ်သည့် WASH စီမံချက်  (WinS project) အတွက် ဒေသခံ ခေါင်းဆောင်ကို မဲပေးရွေးချယ်ခဲ့ ကြသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့အရှေ့ကွက်သစ်ကျောင်းရှိ လက်ဆေးသည့် နေ ရာ ဘေးတွင် မတ်တပ်ရပ်နေသည့်
ဦးအောင်ကျော်ထွန်း
©UNICEF Myanmar/2018/ Nyan Zay Htet

Wednesday, June 26, 2019

အရေးပေါ်လိုအပ်နေသည့် သောက်သုံးရေများကို လှေဖြင့်ပို့ပေးခြင်း

ရေးသားသူ Ye Lat Yi နှင့် Kris Cahyanto

မြန်မာ၊ ဇွန်လ ၂၀၁၉။

စစ်တွေ၊ ရခိုင်ပြည်နယ် - ယခုနှစ်သည် ရခိုင်ပြည်နယ်တွင် ရေ အလွန်ရှားပါးသည့် နှစ်ဖြစ်ပါသည်။ ယခုအချိန်ထိ မိုးမရွာနိုင်သေးပေ။ ယခုလို ခြောက်သွေ့သည့် နွေကာလ တာရှည်ခြင်းကြောင့် မိုးရေသိုလှောင်ထား သည့် ရေကန်များလည်း ရေခန်းခြောက်လုနီးပါး ဖြစ်နေလေသည်။ ရခိုင်ပြည်နယ် ကျေးလက်ဖွံ့ဖြိုးရေးဌာန ၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ကျေးရွာ ၅၀ ထက် ပိုပြီး ရေရှားပါးသည့် ပြဿနာကို ကြုံတွေ့နေကြရ ပါသည်။

ဧပြီလ ၂၀ ရက် မှ စတင်၍ ယူနီဆက်သည် အနောက်ရွာ စခန်းသို့ ရေ ၃၅ ကုဗမီတာခန့် နေ့စဉ် သယ်ပို့ပေးနေခဲ့ပါသည်။
©UNICEF Myanmar/2019/Maung Maung Oo
အနောက်ရွာစခန်းတွင် နေထိုင်နေရသည့် ရွှေ့ ပြောင်းနေထိုင်သူ ဒေါ်ဇော်ရီနမ်ခါတာသည် ကလေး ရှစ်ယောက် မိခင် တစ်ယောက်ဖြစ်ပြီး  နေ့စဉ်ရေထုတ်ရန် ပြရသည့် ဗောက်ချာနှင့်အတူ ရေထည့်သည့် အိုး တို့ကို သယ်ယူလိုက်ပြီးနောက် မနက်နှင့်နေ့လည်ခင်းများတွင် စခန်းတွင်း ရေဖြန့်ဝေပေးသည့် နေရာသို့ ရေ ခွဲတမ်း ရယူရန် အခြားသူများနှင့် ဝင်ရောက် တန်းစီလိုက်ပါသည်။

Thursday, June 20, 2019

အရွယ်ရောက်သူတွေလည်း ကစားရင်းနဲ့သင်ယူကြမယ်

ရေးသားသူ မေသက်သက်ဦး (Liza)

မေလရဲ့ နံနက်ခင်းတစ်ခုမှာ စာသင်ခန်းတစ်ခုထဲကနေ စူးစူးဝါးဝါးအသံတွေ၊ အော်သံတွေ၊ သီချင်းဆိုသံတွေနဲ့ တိရစ္ဆာန်အကောင်လေးတွေရဲ့အသံတွေကြားလိုက်ရပါတယ်။ ထိန်းလို့မနိုင်တဲ့ ကလေးငယ်တစ်စုရဲ့ အသံတွေလို့ထင်ချင်စရာပါ။ ဒါပေမဲ့ မဟုတ်ပါဘူး ဒါက လူကြီးတွေရဲ့ အသံဖြစ်ပါတယ်။ သူတို့က သရုပ်ဆောင်ကြတယ်။ ကလေးတေးကဗျာတွေဆိုကြတယ်။ ပြီးတော့ဂိမ်းတွေကစားကြပါတယ်။


တချို့က စကားနားထောင်ပြီးလိုက်လုပ်တဲ့ကလေးတွေပုံစံ၊ တချို့က နှောင့်ယှက်ပေးတဲ့ ကလေးလေးတွေရဲ့ ပုံစံလုပ်ကြတဲ့အချိန်မှာ တခြားအဖွဲ့တစ်ခုကတော့ အမူအရာတွေကို စောင့်ကြည့်ကြပါတယ်။ ပြီးတဲ့အခါ သင်တန်းသားအားလုံးက ကလေးငယ်တွေရဲ့ သင်ခန်းစာအပေါ် သူတို့ဘယ်လောက်ကောင်းအောင် စီမံခန့်ခွဲနိုင်ခဲ့သလဲဆိုတာကို အဖွဲ့လိုက် တက်တက်ကြွကြွ အတူတူဆွေးနွေးကြည့်ခဲ့ကြပါတယ်။

Monday, June 3, 2019

မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာဒေသများမှ အာဟာရချို့တဲ့မှုတွေအတွက် စဉ်းစားကိုင်တွယ်ဖြေရှင်းခြင်း

ရခိုင်ပြည်နယ်၊ ၂၀၁၉ ခုနှစ် မေလ ၁၄ ရက် - ပြီးခဲ့တဲ့ နှစ်လခန့်ကစပြီး အသက် ၁၈ လအရွယ် နူးရ်ဘူရှာလေးဟာ ပြင်းထန်အာဟာရချို့တဲ့ဝေဒနာခံစားနေရတဲ့အတွက် ယူနီဆက်အဖွဲ့ကြီးက ပံ့ပိုးပေးထားတဲ့ မောင်တော ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအဖွဲ့ ပြင်ပလူနာဌာန ကုထုံးအစီအစဉ် (OTP) ကနေ ဖြည့်စွက်အာဟာရတွေနဲ့ ကုထုံးတွေကို လက်ခံရယူလျက်ရှိပါတယ်။

အစီအစဉ်ကို စတင်ရောက်ရှိလာခဲ့ချိန်က နူးရ်ဘူရှာရဲ့ ကိုယ်အလေးချိန်ဟာ ခုနစ်ကီလိုဂရမ်ပဲ ရှိပါတယ်။ ကုထုံးရဲ့ ကျေးဇူးတွေကြောင့် သူ့ရဲ့ကိုယ်အလေးချိန်နဲ့ ဘက်စုံအခြေအနေတွေ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီလို့ မိခင်ဖြစ်သူ ဒေလ်ကေယက်စ် ကပြောပြပါတယ်။ သူက အခုဆိုရင် ပိုပြီးဆော့တတ်လာပြီး သူ့အလေးချိန်လည်း တစ်ကီလိုဂရမ်တောင် တက်လာတယ်လို့ ဒေလ်ကေယက်စ်က အပြုံးတွေနဲ့ ပြောပြလာပါတယ်။

မောင်တောမြို့ရှိ အသက် ၁၈ လအရွယ် နူးရ်ဘူရှာ
©UNICEF Myanmar/2019/Khin Moe Aye

Tuesday, May 14, 2019

ကျောင်းပတ်ဝန်းကျင်နှင့် သန့်ရှင်းရေး အလုပ်နိုင်ဆုံးသူများအား မယ်သန့်ရှင်းနှင့် မောင်သန့်ရှင်းဆု ချီးမြှင့်


စာရေးသူ - ခင်မာဝင်းနှင့် အေးမာဇော်


မတ်လ ၂၀၁၉၊ မြန်မာ - (၇) နှစ် အရွယ် မဟန်စုလွင်လေး တစ်ယောက် “မယ်သန့်ရှင်း” ဆု ရသဖြင့် အင်မတန် ဂုဏ်ယူဝမ်းမြောက်နေလေသည်။

“တခြား သူငယ်ချင်းတွေလည်း တစ်ကိုယ်ရေသန့်ရှင်း ပိုပြီးလုပ်လာအောင် သမီးက ကူညီပြောပြပေးနိုင်လို့ အရမ်းပျော်တယ်။” ဟု မဟန်စုလွင် က ပြောပြပါသည်။

ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်ရှိ ဆင်တောင်အလယ်တန်းကျောင်းတွင် လစဉ်၊လတိုင်း ကျောင်းသား၊ ကျောင်းသူများ၏ နေ့စဉ် ပြုမူလုပ်ဆောင်ပုံများကို စောင့်ကြည့်ပြီး “မောင်သန့်ရှင်း” နှင့် “မယ်သန့်ရှင်း” ချန်ပီယံ ဆုများ ချီးမြှင့်ပေးနေခြင်းဖြစ်ပါသည်။ အဆိုပါ ဆုသည် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ဆိုင်သည့် အသိပညာပေးလုပ်ဆောင်မှုများကို အားပေးသည့် ယှဉ်ပြိုင်မှု ပုံစံတစ်ခုဖြစ်ပါသည်။ အဆိုပါ ကျောင်းတွင် ယူနီဆက်၏ အကူအညီဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ပစ္စည်းများ ပံ့ပိုးတပ်ဆင်ပေးပြီးနောက် အဆိုပါ တစ်ကိုယ်ရေသန့်ရှင်းဆိုင်ရာဆုကို ပေးခဲ့ခြင်းဖြစ်ပါသည်။

ထိုနောက်ပိုင်းတွင် ဖြစ်လာသည့် အပြောင်းအလဲများကို မြင်ရပြီး စိတ်အားထက်သန်နေသည့် ဆရာမ ဒေါ်မြင့်လှိုင်မှ သူမြင်တွေ့ရသည်များကို ပြောပြပါသည်။

ဆရာမဒေါ်မြင့်မြင့်လှိုင်၊ မဟန်စုလွင်(လယ်) နှင့် သူငယ်ချင်းတို့တွဲ၍ ကယားပြည်နယ်ရှိ ကျောင်းတွင် ဓာတ်ပုံရိုက်ခံနေစဉ်။ 
©UNICEF Myanmar/2019/ Khin Mar Win