Thursday, January 16, 2020

ကလေးငယ်တွေကို ကောင်းကောင်းမွန်မွန် ကျွေးနိုင်ဖို့ မိဘတွေရဲ့ ယုံကြည်မှု တည်ဆောက်ခြင်း

Alessia Radice

မြန်မာနိုင်ငံ အနောက်မြောက်ဖျား ချင်းပြည်နယ်ရဲ့ ထန်မွာန် (Thangmual) တောင်ကုန်းတွေပေါ်က မနုလွန်းတစ်ယောက် သူ့ရဲ့ ခုနစ်နှစ်အရွယ်သမီးငယ်လေးကို ကျန်းကျန်းမာမာ ထက်ထက်မြက်မြက်နဲ့ ကြီးပြင်းလာဖို့မျှော်လင့်မိပါတယ်။ အမေအများစုလိုပဲ မနုလွန်းဟာလည်း သူ့သမီးလေးကို အကောင်းဆုံးတွေပဲဖြစ်စေချင်တယ်ဆိုပေမဲ့ ဒီလိုကလေးအရွယ်သေးသေးလေးကို နည်းမှန်လမ်းမှန်နဲ့ဘယ်လိုကျွေးရမလဲဆိုတာကို သေချာမသိဘူးဖြစ်နေပါတယ်။
 မနုလွန်းက သူမရဲ့သမီးလေး၊ ခင်ပွန်း၊ ယောက္ခမ၊ ၁၂ နှစ်အရွယ် တူလေးတစ်ယောက်ရယ်နဲ့အတူ သစ်သားအိမ်လေးတစ်လုံးမှာ နေကြပါတယ်။ သူက ဆီနဲ့ဆန်ကို ဈေးထဲကနေ ဝယ်လေ့ရှိပေမဲ့ သူတို့ မိသားစုအတွက် စားစရာအများစုက သူတို့အိမ်က စိုက်ခင်းနဲ့ ယောက်ျားဖြစ်သူ အလုပ်လုပ်တဲ့ လယ်ထဲကနေရတာ များပါတယ်။

သူမရဲ့ခုနစ်နှစ်အရွယ် သမီးငယ်ကိုအစာကျွေးနေတဲ့ မနုလွန်း။
©17 Triggers/ Myanmar/2019/Camilla Zanzanaini 
အာဟာရအကြောင်း သိရှိစေဖို့အတွက် မနုလွန်းဟာ တီးတိန်က အရန်သားဖွားဆရာမတွေ ဦးစီးတဲ့ ဒေသခံအမျိုးသမီး အဖွဲ့ဆွေးနွေးပွဲကို တက်ရောက်ဖြစ်ခဲ့ ပါတယ်။ သူမရဲ့ယောက္ခမဖြစ်သူကလည်း သူ့အပေါ် သြဇာလွှမ်းမိုးမှုရှိတယ်။ သူ့ကလေးကို ဘာတွေကျွေး သင့်တယ်၊ ဘာတွေမကျွေးသင့်ဘူး၊ အစာကို ဘယ်လို ပြင်ဆင်ရမယ် စတာတွေပြောလေ့ရှိပါတယ်။

Tuesday, December 10, 2019

မီးဖိုချောင်မှသည် စာသင်ခန်းဆီသို့

ရေးသူ Ruth Ayisi

၁၄ နှစ်သမီးလေး ခင်ခင်လှတစ်ယောက် ကောက်ညှင်းပေါင်းပေါင်းနေတဲ့အချိန်။ သူ့ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ် အလုပ်တွေ ရုတ်တရက်ပြောင်းလဲသွားတော့မယ့်အချိန်ပေါ့။ “အမေက ကျွန်မကို ကျောင်းတက်ချင်လားလို့မေးတယ်” လို့ အဲဒီအချိန်ကိုပြန်စဉ်းစားမိပြီး မျက်လုံးဝိုင်းကြီးတွေနဲ့ ခင်ခင်လှတစ်ယောက် ပြုံးပြီးပြောပြပါတယ်။

©UNICEF Myanmar/2019/Ruth Ayisi

လွန်ခဲ့တဲ့ နှစ်နှစ် သူ့အသက် ၁၂ နှစ်မှာ ခင်ခင်လှအတွက် ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် စာသင်ဖို့အခွင့်အရေးတစ်ခုရခဲ့ပါတယ်။ “ကျွန်မကျောင်းတက်လို့ရမလားလို့ အမေ့ကိုမေးနေခဲ့တာ ကြာပါပြီ” လို့ခင်ခင်လှက ပြောပါတယ်။ သူက သူ့အခြေအနေကြောင့် စာဖတ်တတ်ဖို့ စာရေးတတ်ဖို့ မျှော်လင့်ချက်ကို လက်လျှော့လုနီးပါးဖြစ်ခဲ့ပါတယ်လို့ ဆိုတယ်။ “ကျွန်မစာသင်ချင်ခဲ့တယ်။ ဒါပေမဲ့ အမေဈေးရောင်းဖို့အတွက် ကောက်ညှင်းပေါင်းကူပေါင်းပေးမှဖြစ်မယ်ဆိုတာ ကျွန်မသိတယ်။” 

Wednesday, December 4, 2019

ရန်ကုန်မြို့ပြရှိ ပြင်းထန်အာဟာရချို့တဲ့ဝေဒနာခံစားနေရတဲ့ ကလေးငယ်များဆီရောက်ရှိနိုင်မယ့် အခွင့်အရေးတစ်ခု


ရေးသားသူ - နေထွန်းကျော်နှင့် Elin Nilsson ၊ ယူနီဆက် ကျန်းမာရေးနှင့်အာဟာရကဏ္ဍ၊ မြန်မာ

UNICEF Myanmar/2019/Nyan Zay Htet

ပေါင်မပြည့်ဘဲမွေးဖွားလာခဲ့တဲ့ ခန့်သူကျော်လေးဟာ မကြာခဏဖျားလိုက်၊ ဝမ်းသွားလိုက်၊ အန်လိုက်ဖြစ်တတ်တဲ့ ချူချာတဲ့ ကလေးငယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ မိဘတွေဖြစ်တဲ့ ဒေါ်မြတ်သူဇာနဲ့ ဦးနိုင်ရဲဦးတို့ဟာ သူ့ရဲ့ရောဂါအမျိုးမျိုးအတွက် ဒေသန္တရ ကျန်းမာရေးဌာနကို မကြာခဏသွားပြရလေ့ရှိပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က အခြေခံကျန်းမာရေးဌာနမှာ အလုပ်လုပ်နေတဲ့ သားဖွားဆရာမ ဒေါ်မိမိထွေးက ခန့်သူကျော်နဲ့သူ့မိဘတွေကို အဲဒီအချိန်တုန်းက ကူညီပေးခဲ့သူဖြစ်ပါတယ်။ “ကျွန်မ ခန့်သူကျော်ကို ပထမဆုံးစတွေ့တဲ့အချိန်မှာ ကလေးက တော်တော်လေးပိန်တယ်။ အမြဲဖျားတယ်။ ဝမ်းသွားပြီးအန်တယ်။ နောက်ဆုံး သူကဆိုးဆိုးရွားရွားကို အားနည်းလာခဲ့တယ်” လို့ သားဖွားဆရာမက ရှင်းပြခဲ့တယ်။ “သူနဲ့ရွယ်တူကလေးတွေနဲ့စာရင် သူ့ရဲ့ကြွက်သားဖွံ့ဖြိုးမှုက နှေးနေခဲ့တယ်” လို့လည်း ဖြည့်စွက်ပြောပြပါတယ်။ အသက် ၃၂ နှစ်အရွယ်မိခင်ဖြစ်သူ ဒေါ်မြတ်သူဇာက သားကိုအတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ခဲ့ပေမဲ့လည်း ခန့်သူကျော် ကိုးလသားအရွယ်မှာတော့ ပြင်းထန်အာဟာရချို့တဲ့ရောဂါ (SAM) ခံစားနေရတာကို သိရှိလာခဲ့ပါတယ်။ 

Tuesday, August 27, 2019

ကပ်ဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ ရပ်ရွာအသိုက်အဝန်းများ တည်ဆောက်နိုင်မည့်နည်းလမ်းများကို မျှဝေပေးခြင်း

ရေးသားသူ - Kap Za Lyan

မုတ်သုံရာသီ စတင်လာပြီဖြစ်တဲ့အတွက် ချင်းပြည်နယ် ဟားခါးခရိုင်ပညာရေးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေလင်းက ကျောင်းသူကျောင်းသားတွေကို အရင်ကထက်ပိုပြီး ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားနိုင်ဖို့ နည်းလမ်းတွေကို အကြံပေးပြောကြားထားပါတယ်။

©UNICEF Myanmar/2016/Daniele Romeo
အထူးသဖြင့် မိုးက တစ်ပတ်ကျော် ဆက်တိုက်ရွာသွန်းပြီဆိုရင် ဖြစ်လာတတ်တဲ့ မြေပြိုတာတွေနဲ့ ရေပြွန်တွေ ရေမြောင်းတွေကို သန့်ရှင်းအောင်ထားဖို့ အရေးကြီးတဲ့အကြောင်းတွေကိုလည်း သတိပေးထားပါတယ်။ နောက်ပြီး မိုးကြိုးပစ်တာနဲ့ ဆိုင်ကလုံးမုန်တိုင်းတွေအပါအဝင် မုန်တိုင်းတိုက်နေချိန်မှာ လုပ်ထားရမယ့် ကြိုတင်ကာကွယ်မှုတွေကိုလည်း ပြောပြတယ်။

ကျောင်းသားများ၏ စွမ်းဆောင်နိုင်မှု အလားအလာကို ပြန်လည်ဖော်ဆောင်ပေးမည့် ကျောင်းတွင်းအသင်းများ

ရေးသားသူ - Ruth Ayisi
ဓာတ်ပုံ - Nyan Zay Htet

မည်သို့ပင် အခက်အခဲများ ရှိပါစေ ကျောင်းဆက်နေရန် ဆုံးဖြတ်လိုက်သည့် ဆယ်ကျော်သက်အရွယ်ကလေးနှစ်ဦး 


ကျောင်းသူကျောင်းသားလေးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ အချိန်မှာ ကျောင်းဆိုသည့် အရာသည် အထူးသဖြင့် ချို့တဲ့သည့် မိသားစုမှလာသည့်သူများအတွက်  ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ ဖြစ်လာတတ်ပါသည်။  မြန်မာနိုင်ငံရှိ ဆယ်ကျော်သက်အရွယ် ကလေးငယ် ၁၀ ယောက်လျှင် တစ်ယောက်သည် ကျောင်းမနေရသည့် ကလေးဖြစ်တတ်ပြီး အထူးသဖြင့် မိန်းကလေးများထက်  ယောကျာ်းလေးများသည် ကျောင်းထွက်ရသည့် နှုန်း ပိုများတတ်ပါသည် [1] ။  

Friday, August 23, 2019

ကျွန်တော်တို့ကလေးငယ်တွေရဲ့ သဘာဝနဲ့ အနာဂတ်အတွက် ပြုစုပျိုးထောင်ခြင်း

ရေးသားသူ- ကျော်လွင်လတ်၊ ပညာရေးအရာရှိ၊ ယူနီဆက်

လုပ်ငန်းခွင်ဆရာနည်းပြသင်တန်းတစ်ခုကို ကြည့်ရှုဖို့သွားရောက်ခဲ့တဲ့ ကွင်းဆင်းဆောင်ရွက်မှုတစ်ခု

ကချင်ပြည်နယ်၊ မြန်မာနိုင်ငံ - မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်မှာရှိတဲ့ ဆွမ်ပရာဘွန်ဆိုတဲ့ မြို့ငယ်လေးကို သွားတဲ့လမ်းဟာ လမ်းပြင်နေတဲ့အတွက် နှစ်ခါလောက်ရပ်စောင့်ခဲ့ရတာကလွဲပြီး ပုံမှန်ထက် ပိုကောင်းနေခဲ့ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ လောက်မှာရှိတဲ့ တောင်ထူထပ်ပြီး လေထန်တဲ့ ဒီဒေသရဲ့လမ်းတွေဟာ တစ်နှစ်ပတ်လုံး မိုးရွာသွန်းနေတဲ့အတွက် ရွှံ့ထူပြီးချော်နိုင်တဲ့ အလားအလာသိပ်များပါတယ်။

©UNICEF Myanmar/2016/Khine Zar Mon
လမ်းပြင်တာကိုစောင့်နေတဲ့အချိန်မှာ ဆိုင်ကယ်နောက်ဘီးကျွတ်ပေါက်လို့ ဖာနေတဲ့ အားကစားဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးနှစ်ဦးနဲ့ဆုံခဲ့တယ်။ သူတို့က ဆရာမတွေဖြစ်တဲ့အကြောင်း၊ သူတို့တက်ခဲ့တဲ့ လုပ်ငန်းခွင်ဆရာနည်းပြသင်တန်းအတွက် ရေးဖြေစာမေးပွဲဖြေဖို့ ဆွမ်ပရာဘွန်ကို သွားနေတဲ့အကြောင်း ပြောပြတယ်။ ကျွန်တော်ကလည်း အဲဒီနေရာကိုသွားနေတာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ စာမေးပွဲကျင်းပနေတာကို ကြည့်ရှုဖို့ ယူနီဆက်ဝန်ထမ်းတစ်ဦးအနေနဲ့ သွားခဲ့တာပေါ့။ ဒီဆရာမတွေကတော့ ရက်သတ္တပတ် ၂၀ ကြာ တက်ရောက်ခဲ့တဲ့ သင်တန်းမှာ မိမိတို့သင်ခဲ့ကြရတဲ့ သင်ကြားရေးနည်းလမ်းအသစ်တွေနဲ့ပတ်သက်ပြီး စာမေးပွဲဖြေဆိုကြမယ့် ဆရာ၊ ဆရာမ ၃၈ ယောက်ထဲမှာပါတဲ့သူတွေပါ။

Tuesday, August 6, 2019

ရှေးဦးအရွယ်ကလေးသူငယ်အရေး ဆောင်ရွက်ခြင်း - မိဘများအတွက် အကူအညီဖြစ်စေမည့် နည်းစနစ်များ

ရေးသားသူ မေသက်သက်ဦး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အထွေထွေပြည်သူ့ဆေးရုံးကြီးတွင်တာဝန်ထမ်းဆောင်  နေသောဆေးဘက်ဆိုင်ရာ  လူမှုဝန်ထမ်းတစ်ယောက် ဖြစ်သည့် အက်စတာသည် ၂၀၁၉ ခုနှစ် ဇွန်လ (၃) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျင်းပသော ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး  (ECI)   မွမ်းမံသင်တန်းတွင် ကလေးငယ် ဖွံ.ဖြိုးမှုကိုအကဲဖြတ်ခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီအစဉ် နည်းစနစ်များ(Assessment, Evaluation, Programming and System (AEPS)  ကို (၁၂) ရက်တာ တက်ရောက် လေ့လာခဲ့ပြီး နောက်ပိုင်းတွင် စိတ်အားထက်သန်ကာ ယုံကြည်မှု ပိုရှိလာခဲ့သည်။