Showing posts with label Quality NFPE. Show all posts
Showing posts with label Quality NFPE. Show all posts

Tuesday, December 10, 2019

မီးဖိုချောင်မှသည် စာသင်ခန်းဆီသို့

ရေးသူ Ruth Ayisi

၁၄ နှစ်သမီးလေး ခင်ခင်လှတစ်ယောက် ကောက်ညှင်းပေါင်းပေါင်းနေတဲ့အချိန်။ သူ့ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ် အလုပ်တွေ ရုတ်တရက်ပြောင်းလဲသွားတော့မယ့်အချိန်ပေါ့။ “အမေက ကျွန်မကို ကျောင်းတက်ချင်လားလို့မေးတယ်” လို့ အဲဒီအချိန်ကိုပြန်စဉ်းစားမိပြီး မျက်လုံးဝိုင်းကြီးတွေနဲ့ ခင်ခင်လှတစ်ယောက် ပြုံးပြီးပြောပြပါတယ်။

©UNICEF Myanmar/2019/Ruth Ayisi

လွန်ခဲ့တဲ့ နှစ်နှစ် သူ့အသက် ၁၂ နှစ်မှာ ခင်ခင်လှအတွက် ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် စာသင်ဖို့အခွင့်အရေးတစ်ခုရခဲ့ပါတယ်။ “ကျွန်မကျောင်းတက်လို့ရမလားလို့ အမေ့ကိုမေးနေခဲ့တာ ကြာပါပြီ” လို့ခင်ခင်လှက ပြောပါတယ်။ သူက သူ့အခြေအနေကြောင့် စာဖတ်တတ်ဖို့ စာရေးတတ်ဖို့ မျှော်လင့်ချက်ကို လက်လျှော့လုနီးပါးဖြစ်ခဲ့ပါတယ်လို့ ဆိုတယ်။ “ကျွန်မစာသင်ချင်ခဲ့တယ်။ ဒါပေမဲ့ အမေဈေးရောင်းဖို့အတွက် ကောက်ညှင်းပေါင်းကူပေါင်းပေးမှဖြစ်မယ်ဆိုတာ ကျွန်မသိတယ်။”