Showing posts with label Kachin. Show all posts
Showing posts with label Kachin. Show all posts

Friday, August 23, 2019

ကျွန်တော်တို့ကလေးငယ်တွေရဲ့ သဘာဝနဲ့ အနာဂတ်အတွက် ပြုစုပျိုးထောင်ခြင်း

ရေးသားသူ- ကျော်လွင်လတ်၊ ပညာရေးအရာရှိ၊ ယူနီဆက်

လုပ်ငန်းခွင်ဆရာနည်းပြသင်တန်းတစ်ခုကို ကြည့်ရှုဖို့သွားရောက်ခဲ့တဲ့ ကွင်းဆင်းဆောင်ရွက်မှုတစ်ခု

ကချင်ပြည်နယ်၊ မြန်မာနိုင်ငံ - မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်မှာရှိတဲ့ ဆွမ်ပရာဘွန်ဆိုတဲ့ မြို့ငယ်လေးကို သွားတဲ့လမ်းဟာ လမ်းပြင်နေတဲ့အတွက် နှစ်ခါလောက်ရပ်စောင့်ခဲ့ရတာကလွဲပြီး ပုံမှန်ထက် ပိုကောင်းနေခဲ့ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ လောက်မှာရှိတဲ့ တောင်ထူထပ်ပြီး လေထန်တဲ့ ဒီဒေသရဲ့လမ်းတွေဟာ တစ်နှစ်ပတ်လုံး မိုးရွာသွန်းနေတဲ့အတွက် ရွှံ့ထူပြီးချော်နိုင်တဲ့ အလားအလာသိပ်များပါတယ်။

©UNICEF Myanmar/2016/Khine Zar Mon
လမ်းပြင်တာကိုစောင့်နေတဲ့အချိန်မှာ ဆိုင်ကယ်နောက်ဘီးကျွတ်ပေါက်လို့ ဖာနေတဲ့ အားကစားဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးနှစ်ဦးနဲ့ဆုံခဲ့တယ်။ သူတို့က ဆရာမတွေဖြစ်တဲ့အကြောင်း၊ သူတို့တက်ခဲ့တဲ့ လုပ်ငန်းခွင်ဆရာနည်းပြသင်တန်းအတွက် ရေးဖြေစာမေးပွဲဖြေဖို့ ဆွမ်ပရာဘွန်ကို သွားနေတဲ့အကြောင်း ပြောပြတယ်။ ကျွန်တော်ကလည်း အဲဒီနေရာကိုသွားနေတာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ စာမေးပွဲကျင်းပနေတာကို ကြည့်ရှုဖို့ ယူနီဆက်ဝန်ထမ်းတစ်ဦးအနေနဲ့ သွားခဲ့တာပေါ့။ ဒီဆရာမတွေကတော့ ရက်သတ္တပတ် ၂၀ ကြာ တက်ရောက်ခဲ့တဲ့ သင်တန်းမှာ မိမိတို့သင်ခဲ့ကြရတဲ့ သင်ကြားရေးနည်းလမ်းအသစ်တွေနဲ့ပတ်သက်ပြီး စာမေးပွဲဖြေဆိုကြမယ့် ဆရာ၊ ဆရာမ ၃၈ ယောက်ထဲမှာပါတဲ့သူတွေပါ။

Tuesday, June 12, 2018

ဓမ္မတာရာသီလာစဉ် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ငွေကြေးထောက်ပံ့မှု အခက်အခဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်များ၏ ခံစားချက်

By Macarena Aguilar

ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးကြသူများမှ မိန်းကလေးငယ်များ နှင့် အမျိုးသမီးများအတွက် သူတို့၏ ဓမ္မတာရာသီလာသည့် ကာလများတွင် ပြွတ်သိပ်နေသည့် စစ်ရှောင်စခန်းများ၌ မည်ကဲ့သို့နေထိုင်ကြသနည်း?

သာဂရ (သရက်တော) စစ်ရှောင်စခန်းတွင် ပြုလုပ်သည့် ဓမ္မတာရာသီလာစဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုပြုလုပ်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် ဇော်မာလူး(၁၉) စိတ်ဝင်တစား နားထောင်နေစဉ်။ 
@UNICEF Myanmar/2018/Nyan Zay Htet
ရှက်ကိုးရှက်ကန်းဖြင့် “ခက်ခဲပါတယ်”ဟု အသက် ၁၉နှစ်အရွယ် ဇော်မာလူးမှပြောသည်။ စစ်ရှောင်စခန်းများတွင် သိပ်မပြောဖြစ်သည့် ပြဿနာတစ်ခုဖြစ်သည်။ “အမြဲတမ်းတော့ ကျွန်မအသုံးပြုပြီးသား လစဉ်သုံးပစ္စည်းလေးတွေကို ပလပ်စတစ်အိတ်ထဲထည့်ပြီး အမှိုက်သိမ်းကားလာယူတဲ့အထိ သိမ်းထားပါတယ်။ ဒါပေမယ့်လို့ အမှိုက်ကားက တစ်ပတ်မှ တစ်ခါသာလာတယ်” ဟုသူမက ဖြည့်ပြောသည်။ 

Monday, May 28, 2018

Displaced adolescent girls bear the brunt of funding cuts for menstrual hygiene

By Macarena Aguilar

Ever wondered what it might be like for women and girls handling their period in a cramped camp for internally displaced people (IDPs)?

Zaw Mar Luu (19) listens attentively during a Menstrual Hygiene Management awareness session at the Tar Ga Ya (Thayat Taw) IDP Camp.
@UNICEF Myanmar/2018/Nyan Zay Htet
“It’s difficult,” says 19-year old Zaw Mar Luu very shyly. This is an issue often not spoken about in IDP camps. “Usually I keep my used sanitary pads in a plastic bag until the garbage truck comes to collect from the main waste bin. But it only comes once a week” she adds. 


Friday, March 30, 2018

မြေမြှုပ်မိုင်းအများဆုံးရှိသည့် ပြည်နယ်တွင် မိခင်နှင့် ကလေးများသည် အသိပညာဗဟုသုတအသစ်များကို ပြန်လည်ဝေမျှရန်ဆန္ဒပြင်းပြလျက်ရှိ

ရေးသားသူ - Macarena Aguilar

ကချင်ပြည်နယ်ရှိ အမျိုးသမီးများနှင့် ကလေးများသည် မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေးသင်တန်းများမှတစ်ဆင့် မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေနိုင်သည့် စစ်လက်နက် အကြွင်းအကျန်များ အကြောင်းလေ့လာသင်ယူကြပြီး အများစုက သူတို့သင်ယူခဲ့ရသည့် အသိပညာဗဟုသုတအသစ်များကို သူတို့၏ မိသားစုများ၊ သူငယ်ချင်းများ နှင့် သူတို့ပတ်ဝန်းကျင်ရှိ အခြားသူများအား ပြန်လည်မျှဝေပေးဖို့ ဆန္ဒပြင်းပြလျှက်ရှိကြသည်။ သူတို့၏သက်သေခံချက်အချို့ကိုဖတ်ရှုပါရန်….

ဆိုင်းနူ (၁၃) သည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ မိုင်းနားစစ်ဘေးရှောင်စခန်းတွင် ယူနီဆက် နှင့် DRC/DDG အဖွဲ့တို့မှ ပံ့ပိုးပြုလုပ်ပေးသည့် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာ ပေး ခြင်း သင်တန်းတွင် မြေမြှုပ်မိုင်းအန္တရာယ်ဆိုင်ရာကာတွန်းစာအုပ်ကို စိတ်ပါဝင်စားစွာဖတ်ရှုနေစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet

Armed with new knowledge, children and mothers in most landmine-contaminated State are eager to teach others

By Macarena Aguilar

As children and women in Kachin learn about the dangers of landmines and Explosive Remnants of War (ERW) through Mine Risk Education (MRE) sessions, many are eager to share their new knowledge with their family, friends and others in their community. Read some of their testimonies.

Sai Nuu (13) intently reads a cartoon book about landmine safety following the UNICEF and DRC/DDG -supported Mine Risk Education awareness session held at the Maina RC IDP Camp in Waing Maw Township, Kachin.
©UNICEF Myanmar/2018/Nyan Zay Htet