Thursday, January 26, 2017

ကျိုးပျက်သွားသော ကွန်းခိုရာ - ကျောင်းများကို တိုက်ခိုက်ခြင်းသည် ကလေးသူငယ် အခွင့်အရေးများကို တိုက်ခိုက်ခြင်းဖြစ်သည်

အန်ဒီဘရောင်း ရေးသားသည်

ကချင်ပြည်နယ်၊ မြန်မာ - အသက် ၁၁ နှစ်အရွယ် ဇောင်ဆိုင်းမှာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မိုးညှင်းဒေသရှိ နမ်းယအလယ်တန်းကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်သည်။ ကချင်ပြည်နယ်မှာ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်ဆဲမှု ပျက်ပြားသွားပြီးနောက် ၂၀၁၁ ခုနှစ်ကတည်းက ပဋိပက္ခဒဏ်ခံခဲ့ရသည်။ လတ်တလောဖြစ်ပေါ်ခဲ့ သည့် အကြမ်းဖက်မှုများကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး နိုင်ငံသား တစ်သိန်းကျော် အိမ်ပစ်ရာပစ်ထွက်ပေးခဲ့ကြရကာ ယင်းတို့ထဲက တစ်ဝက်မှာ ကလေးငယ်များ ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အပြီးသတ်သဘောတူညီမှု ရရှိရန် ခက်ခဲနေပြီး တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။


ကျောင်းတိုက်ခိုက်ခံရချိန်တွင် အသက် ၁၁ နှစ်အရွယ် ဇောင်ဆိုင်းနဲ့ ဆရာမ မမြတို့ နှစ်ဦးစလုံး ဒဏ်ရာရခဲ့သည်။ 
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်

Building the relations with parliamentarians for children in Kachin: Champions for children’s rights

For the first time ever, UNICEF Myanmar organised a three day workshop with Kachin state Parliament, aiming at strengthening the relationship with the parliamentarians and to advocate for children’s rights. The first part of the workshop focussed on the UN Convention on the Rights of the Child (CRC), specific child rights concerns in Kachin and Parliament’s role as champions for children’s rights. UNICEF’s Child Protection Team then zoomed in on one key concern for children in Kachin - Mine Action Awareness.



ကချင်ပြည်နယ်ရှိ ကလေးငယ်များအတွက် လွှတ်တော်အဖွဲ့ဝင်များနှင့် ဆက်ဆံရေး တည်ဆောက်ခြင်း - ကလေးသူငယ်အခွင့်အရေးအတွက် ရပ်တည်ကာကွယ်သူများ

ပထမဆုံးအကြိမ်အဖြစ် ယူနီဆက်ဖ်မြန်မာက ကချင်ပြည်နယ် လွှတ်တော်အဖွဲ့နှင့် ၃ ရက် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ရည်ရွယ်ချက်မှာ လွှတ်တော်အဖွဲ့ဝင်များနှင့် ဆက်ဆံရေး ကောင်းမွန်စေရန်နှင့် ကလေးသူငယ်အခွင့်အရေးအတွက် ပြောကြားပေးရန် ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲ ပထမပိုင်းတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ (CRC)၊ ကချင်ပြည်နယ်ရှိ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အဓိက စိုးရိမ်စရာများနှင့် ကလေးသူငယ် အခွင့်အရေးအတွက် ရည်တည်ကာကွယ်သူများအဖြစ် လွှတ်တော်၏ အခန်းကဏ္ဍတို့ကို အဓိကထားဆွေးနွေးခဲ့သည်။ ထို့နောက် ယူနီဆက်ဖ်၏ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ကချင်ပြည်နယ်တွင် ကလေးများအတွက် အဓိက စိုးရိမ်စရာတစ်ခုဖြစ်သော မိုင်းအန္တရာယ်သတိပြုမှုရေးနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့သည်။



Broken sanctuary: attacks on schools are assaults of children’s rights

By Andy Brown, Regional Communication Specialist for UNICEF East Asia and Pacific

Kachin State, Myanmar - Zau Seng, 11, is a student at Nam Ya Middle School, in Moe Nyin District, Kachin State, Myanmar. Kachin has been affected by conflict since 2011, following the collapse of a 17-year ceasefire. The recent violence has resulted in thousands of deaths and the displacement of around 100,000 civilians, half of them children. Despite ongoing peace talks, a final deal has proved elusive and the fighting continues.

Zau Seng, 11, and teacher Mya, both of whom were injured in an attack on their school
© UNICEF Myanmar/2016/Khine Zar Mon

အပစ်အခတ်ဖြစ်ပွားရာနေရာများတစ်လျှောက်ရှိ ကလေးငယ်များ ပညာသင်ကြားခွင့် ရရှိရေး

၂၀၁၁ခုနှစ် နှစ်လယ်တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှု ကျိုးပျက်သွားကတည်းက ပဋိပက္ခဒဏ်ခံ ကလေးငယ်အားလုံးအတွက် အရည်အသွေးမီ အခြေခံပညာရေးဝန်ဆောင်မှု ရရှိရေးမှာ ကြီးစွာသော စိန်ခေါ်မှုအဖြစ် ရှိနေခဲ့သည်။  လတ်တလောတွင် အကြမ်းဖက်မှု အရှိန်မြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံရှိ နှစ်ဖက် ရှေ့တန်းစစ်မြေပြင်တွင် နေထိုင်သော ပဋိပက္ခဒဏ်ခံ ကလေးငယ်များအတွက် ပညာရေးမှာ အလိုအပ်ဆုံးအရာတစ်ခု ဖြစ်နေသည်။

မာရီယာနာပါလာဗရာ ရေးသားသည်

ကချင်ပြည်နယ် - အသက် ၃၂ နှစ်အရွယ် ဒေါ်ခွမ်နွမ်အတွက် ဘဝက အမြဲလွယ်ကူခဲ့သည်တော့ မဟုတ်ပေ။ ၎င်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့အစည်းက ထိန်းချုပ်ထားသော ဧရိယာအတွင်းရှိ ချီဖွေမြို့တွင် နေထိုင်သည်။ ၎င်း၏မိခင်မှာ ၎င်းအသက် ၇နှစ်အရွယ်တွင်  ငှက်ဖျားရောဂါကြောင့် သေဆုံးသွားခဲ့ပြီး စစ်တပ်မှ အနားယူထားသော ၎င်း၏ဖခင်မှာ နောက် ၄နှစ်အကြာတွင် သေဆုံးသွားခဲ့သည်။ ထို့နောက် ၎င်းမှာ အကြီးဆုံးအစ်ကို၏ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

ရှေးဦးအရွယ်ကလေးဘဝဖွံ့ဖြိုးမှု (ECD) လုပ်အားပေးဆရာမ အသက် ၃၂ နှစ်အရွယ် ဒေါ်ခွမ်နွမ်
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်

Meeting children’s rights to education across the fire lines

Since the collapse of the ceasefire in mid-2011 in Kachin and northern Shan, ensuring access to quality basic education services for all children affected by conflict has remained a big challenge. With the current escalation of violence, education remains one of the most critical needs for conflict-affected children who live on both sides of the frontline in Myanmar.  

By Mariana Palavra, Communication Specialist

Kachin State - Life wasn’t always easy for 32 year-old Hkawng Nyoi, who lives in Chipwe Township, in an area controlled by the Kachin Independence Organisation. Her mother died from malaria when she was 7 years old and her father, who was retired from the army, passed away some four years later. Then, she moved to her eldest brother’s house. 

32 year-old Hkawng Nyoi is a ECD volunteer teacher
©UNICEF Myanmar/2016/Khine Zar Mon

အိမ်မက်များ၏မြေ - ကချင် စစ်ဘေးရှောင်စခန်းမှ ကလေးငယ်များ၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်

အန်ဒီဘရောင်း ရေးသားသည်

အသက် ၁၂နှစ်အရွယ် ဘောမ်မျော်မှာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနား အနီးရှိ စစ်ဘေးရှောင် ပြည်သူများနေထိုင်ရာ စခန်းတစ်ခုတွင် မိသားစုနဲ့အတူ နေထိုင်သည်။ ကချင်ပြည်နယ်မှာ ၁၇ နှစ်ကြာခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ကျိုးပျက်ပြီးနောက် ၂၀၁၁ ခုနှစ်ကတည်းက ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။ မကြာသေးမီက ဖြစ်ခဲ့သည့် အကြမ်းဖက်မှုကြောင့် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရကာ တစ်သိန်းခန့် အိမ်ပစ်ရာပစ် ထွက်ပြေးခဲ့ရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အပြီးသတ်သဘောတူညီမှု မရနိုင်သေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသည်။

အသက် ၁၂ နှစ်အရွယ် ဘောမ်မျော်ကို မိသားစုနဲ့အတူ မြစ်ကြီးနားအနီးရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ ဒုက္ခသည်စခန်းတင် မြင်တွေ့ရစဉ်။ 
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်

Field of dreams: children in a Kachin camp hope for peace

By Andy Brown

Baum Myaw, 12, lives with her family at a camp for displaced people near Myitkyina, capital of Kachin State, Myanmar. Kachin has been affected by conflict since 2011, following the collapse of a 17-year ceasefire. The recent violence has resulted in thousands of deaths and the displacement of around 100,000 civilians, including children. Despite ongoing peace talks, a final deal has proved elusive and the fighting continues.

Baum Myaw, 12, with her family at a camp for displaced people near Myitkyina
© UNICEF Myanmar/2016/Khine Zar Mon

စစ်တပ်ထဲတွင် ဆယ်ကျော်သက်ဘဝကို ကုန်ဆုံးပြီးနောက် ထူထောင်ခဲ့သည့် ဘဝသစ်

မာရီယာနာပါလာဗရာ ရေးသားသည်

မြစ်ကြီးနား၊ ကချင်ပြည်နယ်၊ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ - ဇွဲချစ် (အမည်လွှဲ) မှာ သတ္တမတန်းနှင့် ကျောင်းထွက်ခဲ့သည်။ အဲဒီအချိန်တွင် ၎င်းထက်အသက်ကြီးသော သူငယ်ချင်းများနှင့် တွဲခဲ့သည်။ ၎င်းတို့ အားလုံးမှာ စစ်တပ်ထဲသို့ ဝင်လိုကြပြီး ဇွဲချစ်ကိုလည်း အတူဝင်ရန် တိုက်တွန်းကြသည်။ ဇွဲချစ်မှာ အသက် ၁၆ နှစ်နှင့် တပ်ထဲ ဝင်ခဲ့သည်။ “စစ်တပ်ထဲ ဝင်မယ်လို့ တစ်ခါမှ အိပ်မက်မမက်ခဲ့ဘူး။ အဲဒီရည်မှန်းချက်လည်း မရှိခဲ့ဘူး။ ဘာလုပ်ရမယ်မှန်း မသိလို့ သူငယ်ချင်းတွေ လုပ်တဲ့အတိုင်း လိုက်လုပ်လိုက်တာပါ” ဟု ၎င်းက ပြန်ပြောပြသည်။ 

ကလေးတပ်သားစုဆောင်းခြင်းကို ကာကွယ်သည့် ကြေငြာဘုတ်ကို ဇွဲချစ်နှင့် ၎င်း၏မိခင်က ကြည့်ရှုနေစဉ် ဇွဲချစ်က ဖုန်းနံပါတ်အား လက်ညှိုးထိုးပြနေစဉ်။ 
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်

A new life after spending teen years in the army

By Mariana Palavra 

Myitkyina, Kachin State, November 2016 - Zwe Chit (fake name) left school when he was in grade eight. He started hanging out with four older friends. They all wanted to join the army and pushed him to do the same. He was 16 years old when he was recruited. “I never dreamed about being in the army. I didn’t have that ambition. I just followed my friends as I didn’t know what else to do with my life”, he recalls.  

Zwe Chit and his mother look at the child recruitment prevention billboard and point at the hotline number
©UNICEF Myanmar/2016/Khine Zar Mon