မသန်စွမ်းကလေးငယ်များနှင့် ၎င်းတို့မိသားစုများ၏ အခက်အခဲ အတွေ့အကြုံများကို စနစ်တကျ လေ့လာ နိုင်ရန် ပထမဆုံးလေ့လာဆန်းစစ်မှု အစီရင်ခံစာကို ယူနီဆက်ဖ်နှင့်ပူးပေါင်း၍ လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက မိတ်ဆက်ထုတ်ဝေလိုက်သည်။
အလှူရှင်ပေါင်းစုံ ပညာရေးရန်ပုံငွေအဖွဲ့၏ ပံ့ပိုးမှုဖြင့်ပြုလုပ်သော ယင်းလေ့လာမှုမှာ မသန်စွမ်း ကလေးငယ်များအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများကို နားလည်သဘောပေါက်နိုင်မှု၊ အခြေခံ ဝန်ဆောင်မှုများ ရရှိနိုင်မှုနှင့် ရပ်ရွာအသိုင်းအဝိုင်းများတွင် ၎င်းတို့၏ ဘဝအတွေ့အကြုံနှင့် စပ်လျဉ်း၍ ၎င်းတို့၏ လက်ရှိအခြေအနေများကို လေ့လာဆန်းစစ်ထားသည်။ မသန်စွမ်း ကလေးငယ်များအတွက် လူ့အခွင့်အရေး ဆုံးရှုံးစေသည့် အတားအဆီးများကို လူ့အဖွဲ့အစည်းမှ ဖန်တီးမှုအပေါ်လည်း အာရုံစိုက်လေ့လာထားသည်။
မြန်မာနိုင်ငံရှိ မသန်စွမ်းကလေးငယ်များမှာ ကျန်းမာရေး သို့မဟုတ် ပညာရေး ဝန်ဆောင်မှုရရှိမှု နည်းပါး ဖွယ်ရှိပြီး လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော်ခွင့်မရှိဘဲ သနားစရာကောင်းသူများ အဖြစ် ခွဲခြားဆက်ဆံခံရမှုနှင့် ရင်ဆိုင်နေရကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
၂၀၁၁ ခုနှစ်တွင် နိုင်ငံက လက်မှတ်ထိုးခဲ့သော မသန်စွမ်းသူများ အခွင့်အရေး ညီလာခံ စာချုပ်တွင် ဖော်ပြထားသည့်အတိုင်း ဤအစီရင်ခံစာတွင် ပါဝင်သော အချက်အလက်များကို မသန်စွမ်း ကလေးငယ် အားလုံး၏ အခွင့်အရေး သဘောပေါက်နားလည်မှုအတွက် အထောက်အကူပေးရန် မူဝါဒ ချမှတ်သူများ၊ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်သူများနှင့် မသန်စွမ်းသူများ အဖွဲ့အစည်းများအတွက် အသုံးပြုသွားနိုင်မည်ဖြစ်သည်။
အောက်တွင် အခြေအနေ လေ့လာဆန်းစစ်ခြင်းဆိုင်ရာ မိတ်ဆက်အခမ်းအနားမှ ဓာတ်ပုံတချို့ကို ဖော်ပြထားသည်။ ဓာတ်ပုံများထဲတွင် မသန်စွမ်းကလေးငယ်များ၊ အစိုးရဝန်ကြီးများမှ ကိုယ်စားလှယ်များ၊ လွှတ်တော်အမတ်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအသင်းအဖွဲ့များ (CSO) နှင့် ဘာသာရေးခေါင်းဆောင်များကို အတူတကွ မြင်တွေ့ရမည်ဖြစ်သည်။
 |
တစ်နှစ်သမီးအရွယ်တွင် ပိုလီယိရောဂါဖြစ်ပွားခဲ့သော မေသင်ဇာတင်က ၎င်း၏ အဖြစ်အပျက်နှင့် မသန်စွမ်းသူတစ်ဦးအဖြစ် ရင်ဆိုင်နေရသည်များကို ပြောပြနေပုံ။ |
 |
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းကလေးငယ်များ ကိုယ်တိုင် ဖန်တီးပြုလုပ်ထားသည်များကို ကြည့်ရှုနေစဉ်။ |
 |
ဒေသခံအမျိုးသမီးများ၏ အဖွဲ့အစည်းတစ်ခုမှ အဖွဲ့ဝင်များက အမြင်အာရုံချို့ယွင်းနေသော ကလေးငယ်များ အတွက် ဖွင့်လှစ်သော အစိုးရကျောင်းတစ်ကျောင်းတွင် တက်ရောက်နေသည့် ယောက်ျားလေး တစ်ဦးနှင့် စကားပြောနေစဉ်။ |
 |
အကြားအာရုံချို့ယွင်းနေသော ကလေးငယ်တစ်ဦးက ဝန်ကြီးနှင့် တက်ရောက်လာသူများအား နေ့စဉ် ၎င်းကြုံတွေ့နေရသော စိန်ခေါ်မှုများကို ရှင်းပြနေစဉ်။ |
 |
ဒေသခံအမျိုးသမီးများ၏ အဖွဲ့အစည်းတစ်ခုမှ အဖွဲ့ဝင်များက အမြင်အာရုံချို့ယွင်းနေသော ကလေးငယ်များ အတွက် ဖွင့်လှစ်သော အစိုးရကျောင်းတစ်ကျောင်းတွင် တက်ရောက်နေသည့် ယောက်ျားလေး တစ်ဦးနှင့် စကားပြောနေစဉ်။ |
 |
အကြားအာရုံချို့ယွင်းနေသော ကလေးငယ်တစ်ဦးက ဝန်ကြီးနှင့် တက်ရောက်လာသူများအား နေ့စဉ် ၎င်းကြုံတွေ့နေရသော စိန်ခေါ်မှုများကို ရှင်းပြနေစဉ်။ |
 |
စာရေးဆရာဖြစ်ချင်သည့် ၎င်း၏ အိပ်မက်ကို အကောင်အထည်ဖော်ရန် အားပေးခဲ့သည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးက လက်မှတ်ထိုးပေး ထားသော ကတ်တစ်ကတ်ကို ဂုဏ်ယူစွာပြနေသည့် ကလေးတစ်ဦးကို တွေ့ရစဉ်။ |
 |
ကလေးငယ်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များက အုပ်စုလိုက်ဓာတ်ပုံရိုက်ကူးရန် စတိတ်စင်ပေါ်တွင် နေရာယူကြစဉ်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန် |
No comments:
Post a Comment