Showing posts with label clean water. Show all posts
Showing posts with label clean water. Show all posts

Tuesday, September 6, 2016

မုန်တိုင်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ဘဝသစ်

မာရီယာနာပါလာဗရာရေးသားသည်


ကလေး၊ စစ်ကိုင်းတိုင်းဒေသကြီး - ပြီးခဲ့တဲ့နှစ်ကတည်းက မသီတာဦးရဲ့ဘဝမှာ လှိုင်းလေထန်ခဲ့ရသည်။ ဆိုင်ကလုန်း ကိုမန်မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျောက်ကက်ရွာလေးမှာ တစ်ပတ်လုံး မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတွေကြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင်က စတင် ခဲ့ခြင်းဖြစ်လေ သည်။


“အဲဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး” ဟု မသီတာဦးက ပြန်ပြောပြသည်။


“ရေတွေက အရမ်းတက်လာတယ်။  လှေတော်တော်များများလည်း မြုပ်ကုန်တယ်။ ကျွန်မတို့အိမ်လေးမှာ ရေပတ်လည် ဝိုင်းသွားတယ်”ဟု ၎င်းက ဆိုသည်။


ရေအလွန်ကြီးလာပြီး ၎င်းတို့အိမ်နစ်မြုပ်တော့မလို ဖြစ်ခဲ့သည့်အတွက် အသက် ၁၉ နှစ်အရွယ် မသီတာဦးမှာ သူမရဲ့ခင်ပွန်း၊ မိဘနှစ်ပါး၊ မောင်လေးတို့နဲ့အတူ အနီးဆုံး ဘုန်းကြီးကျောင်းကို ပြေးခဲ့ရသည်။ ယင်းဘုန်းကြီးကျောင်းမှာ မီတာအနည်းငယ် မြင့်သည့် တောင်ကုန်လေးတစ်ခုပေါ်မှာ တည်ရှိပြီး ကလေးမြို့မှ ကားဖြင့်သွားရင် မိနစ် ၂၀ ခန့် ကြာသည်။



ရွာ၏ ရေတွင်းသစ်တစ်တွင်းကို မသီတာဦး အသုံးပြုနေစဉ် 
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မာရီယာနာပါလာဗရာ

A New life after the Storm

By Mariana Palavra

Kale, Sagaing Region – Since last year, Ma Thida Oo’s life has been through choppy waters. It all started at the end of July 2015, when cyclone Komen brought one week of heavy rain and floods to Kyaukka village, in Sagaing Region. “I had never seen anything like that before”, recalls Ma Thida Oo. “The level of the river water rose so much, many boats sank and our house was surrounded by water”. As the waters threatened to take their house and lives away, the 19 year old fled with her husband, parents and brother to the nearest monastery, located a few meters up on the hill, some 20 minutes driving from Kale Township.

Ma Thida Oo using one of the village's new wells
©UNICEF Myanmar/2016/Mariana Palavra

Tuesday, July 5, 2016

ရေကြီးမှုမှသည် လုပ်အားပေးခြင်းသို့

မာရီရာနာ ပါလက်ဗရာ ရေးသားသည


ဇွန် ၂၀၁၆၊ ဟားခါး၊ ချင်းပြည်နယ် - ဗန်တင်းပန်မှာ လွန်စွာကြောက်ရွံ့နေသည်။ အိမ် ၆လုံး ၇လုံး ပြိုကျသွားပြီး မြေတွေပြိုနေတာကို မြင်နေရသည်။ သူမမှာ အစားအစာလည်း ပြတ်လတ်နေပြီ ဖြစ်သည်။ ယင်းဖြစ်ရပ်မှာ ၂၀၁၅ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံကို ကိုမန် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်စဉ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းမုန်တိုင်းကြောင့် နှစ်၄၀အတွင်း အဆိုးရွားဆုံး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ချင်းပြည်နယ်တွင် ပိုမိုဆိုးရွားသည်။ “ကျွန်မတို့ နှစ်ပတ်ကျော် ပိတ်မိနေခဲ့တယ်” ဟု ဟားခါးမြို့နယ်ရှိ ရွာလေးတစ်ရွာတွင် နေထိုင်သော အသက် ၃၄ နှစ်အရွယ် ဗန်တင်းပန်က ပြန်ပြောပြ သည်။ “ကျွန်မတို့မှာ အစားအစာမရှိရုံသာမကဘူး။ ရေပိုက်လိုင်းတွေက ရေနဲ့အတူ မြောပါသွားတယ်။ အဲဒါကြောင့် သောက်သုံးလို့ရတဲ့ ရေလည်း ပြတ်သွားတယ်” ဟု ၎င်းက ဆိုသည်။


©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မာရီရာနာပါလက်ဗရာ

From Floods to Volunteerism

By Mariana Palavra

June 2016, Hakha, Chin State - Van Tin Pen was very scared. She saw six or seven houses collapsing, landslides all over and she was running out of food. This was in July 2015, when cyclone Komen hit Myanmar, causing some of the worst floods in the last 40 years, particularly in Chin State.  “We were blocked for more than two weeks”, recalls the 34 year old who lives in a small village from Hakha township. “Not only did we not have food, but also all the pipelines were washed away, thus cutting off our access to safe water.”

©UNICEF Myanmar/2016/Mariana Palavra