မာရီယာနာပါလာဗရာရေးသားသည်
ကလေး၊ စစ်ကိုင်းတိုင်းဒေသကြီး - ပြီးခဲ့တဲ့နှစ်ကတည်းက မသီတာဦးရဲ့ဘဝမှာ လှိုင်းလေထန်ခဲ့ရသည်။ ဆိုင်ကလုန်း ကိုမန်မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျောက်ကက်ရွာလေးမှာ တစ်ပတ်လုံး မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတွေကြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင်က စတင် ခဲ့ခြင်းဖြစ်လေ သည်။
“အဲဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး” ဟု မသီတာဦးက ပြန်ပြောပြသည်။
“ရေတွေက အရမ်းတက်လာတယ်။ လှေတော်တော်များများလည်း မြုပ်ကုန်တယ်။ ကျွန်မတို့အိမ်လေးမှာ ရေပတ်လည် ဝိုင်းသွားတယ်”ဟု ၎င်းက ဆိုသည်။
ရေအလွန်ကြီးလာပြီး ၎င်းတို့အိမ်နစ်မြုပ်တော့မလို ဖြစ်ခဲ့သည့်အတွက် အသက် ၁၉ နှစ်အရွယ် မသီတာဦးမှာ သူမရဲ့ခင်ပွန်း၊ မိဘနှစ်ပါး၊ မောင်လေးတို့နဲ့အတူ အနီးဆုံး ဘုန်းကြီးကျောင်းကို ပြေးခဲ့ရသည်။ ယင်းဘုန်းကြီးကျောင်းမှာ မီတာအနည်းငယ် မြင့်သည့် တောင်ကုန်လေးတစ်ခုပေါ်မှာ တည်ရှိပြီး ကလေးမြို့မှ ကားဖြင့်သွားရင် မိနစ် ၂၀ ခန့် ကြာသည်။
![]() |
| ရွာ၏ ရေတွင်းသစ်တစ်တွင်းကို မသီတာဦး အသုံးပြုနေစဉ် ©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မာရီယာနာပါလာဗရာ |
