မာရီရာနာပါလက်ဗရာ ရေးသားသည်
ဟားခါး၊ ချင်းပြည်နယ်၊ ဇွန်လ ၂၀၁၆ - ငွန်လိုင်ဇင်မှာ အဆုတ်ရောင်ရောဂါ ဖြစ်သည့်အတွက် သားဖွား ဆရာမ တစ်ဦးက ကုသပေးစဉ်က ၎င်း၏အသက် ၄နှစ်သာ ရှိသေးသည်။ ယင်းဖြစ်ရပ်က ၎င်း၏ဘဝကို ပြောင်းလဲစေခဲ့သည်။ ယင်းအချိန်မှစ၍ တစ်နေ့ကျလျှင် သားဖွားဆရာမတစ်ဦး ဖြစ်ရမည်ဟု အိပ်မက် မက်ခဲ့သည်။ “သားဖွားဆရာမတွေရဲ့ ဝတ်စုံနဲ့ လူတွေကို စောင့်ရှောက်ရတဲ့ သူတို့တာဝန်ကို အထင်ကြီး အားကျမိခဲ့တာ” ဟု ယခု အသက် ၃၄ နှစ် ရှိပြီဖြစ်သည့် ငွန်လိုင်ဇင်က ပြောသည်။
©UNICEF Myanmar/2016/Mariana Palavra Ngun Hlei Zing stands in front of Lok Lung sub-rural health centre |
ငွန်လိုင်ဇင်သည် လွန်ခဲ့သော ၆နှစ်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖွင့်လှစ်သော သားဖွား ဆရာမ တစ်နှစ်ခွဲ သင်တန်းကို အောင်မြင်ပြီးဆုံးပြီး ယင်းအိပ်မက် အမှန်တကယ် ဖြစ်လာခဲ့သည်။ ယင်းအချိန်မှစ၍ ၎င်း၏ မွေးရပ်ဇာတိ ဟားခါးမြို့နယ်၊ လွတ်လိုင်ရွာတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ၎င်းအတွက် ထိုအချိန်ထက် ပျော်ရွှင်ရသည့်အချိန် မရှိတော့ပေ။
“ခက်ခဲလွန်းတဲ့ မီးဖွားချိန်တွေကို ကူညီပေးရတဲ့ အဆိုးဆုံးအချိန်တွေမှာ အလုပ်လုပ်ရကျိုး အနပ်ဆုံးလို့ ခံစားရတဲ့အချိန် တချို့ရှိခဲ့တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေက အရမ်းကို ခံစားရတယ်။ တစ်ခါတရံမှာ ဆိုရင် သတိတောင် လစ်သွားကြတာ။ ဒါပေမဲ့ ကလေးငယ်ကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်။ မိခင်နဲ့ကလေး တွေ့ဆုံချိန်ကလည်း ကျွန်မအတွက် အပျော်ရွှင်ရဆုံး အချိန်ပါပဲ” ဟု ၎င်းက ပြန်ပြောင်းပြောပြ ခဲ့သည်။
“ကျွန်မတို့ရဲ့ သားဖွားဆရာမကြောင့်သာ မဟုတ်ရင် ကျွန်မရဲ့ ပထမဆုံးသားလေးက သေသွားနိုင်တယ်” ဟု ယခု ကလေး ၃ ယောက်မိခင်ဖြစ်နေပြီဖြစ်သော ဇင်လန်ထွိုင်က ပြောသည်။ ၎င်း၏ သားအကြီးဆုံး ၁၀လသား အရွယ်တွင် အာဟာရလွန်စွာချို့တဲ့သည့်ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
“အဲဒီနေ့ကို ကျွန်မ ကောင်းကောင်းမှတ်မိတယ်။ သူဆေးခန်းကို ရောက်လာတော့ သေးကွေးနေတာပဲ။ အဲဒီကိစ္စက တော်တော်လေး ခက်ခဲရှုပ်ထွေးခဲ့တယ်။ အဲဒါကြောင့် ကလေး အတွက်လည်း အရမ်းကို စိုးရိမ်ခဲ့ရပါတယ်” ဟု ကလေးကို အနီးဆုံးဆေးရုံကို ပို့ပေးခဲ့သည့် သားဖွားဆရာမ ငွန်လိုင်ဇင်က ပြန်ပြောပြသည်။
“သူ့ကို ကျန်းကျန်းမာမာမြင်ရတာ ဝမ်းသာတယ်။ ဒီအလုပ်ကို ကျွန်မရွေးချယ်ရခြင်း အကြောင်းရင်း တစ်ခုကို သူက ပြသလိုက်တာပါပဲ” ဟုလည်း ၎င်းက ပြောခဲ့သည်။ အသက် ၃၃ နှစ်အရွယ် မိခင်အတွက်မူ ယင်းသားဖွားဆရာမ၏ အခန်းကဏ္ဍမှာ ၎င်း၏ အတိတ်နှင့် ပစ္စုပ္ပန်ဘဝတွင် အမှတ်တရအဖြစ် ရှိနေသည်။ “သူသာ ဒီမှာ မရှိခဲ့ရင် ဘာလုပ်ရမလဲဆိုတာ ကျွန်မတို့ သိခဲ့မှာမဟုတ်ဘူး။ သူက ကျွန်မတို့အားလုံးကို စောင့်ရှောက်နေတာပါ။ သူ့ကြောင့်ပဲ ကျွန်မရဲ့ ကျန်းမာရေးနဲ့ ကလေးတွေရဲ့ ကျန်းမာရေးကို ပိုပြီးဂရုစိုက် ဖြစ်တယ်။ သားဦးလေးနောက်မှာ ကလေး ၂ ယောက် ထပ်ရတယ်။ သူတို့မှာ ဘာကျန်းမာရေးပြဿနာမှ မကြုံတွေ့ခဲ့ရဘူး” ဟု ၎င်းက ပြောသည်။
ယင်းသားဖွားဆရာမလေးမှာ ယင်းအလုပ်တွင် ဘဝကို ယခုထက်ပိုပြီး မြှုပ်နှံချင်သူ ဖြစ်သည်။
“အကူသူနာပြု (LHV) ဖြစ်တဲ့အထိ ဆက်လက် လေ့လာချင်ပါတယ်။ သူနာပြုဖြစ်တဲ့အထိတောင် ဖြစ်ချင် ဖြစ်မယ်” ဟု ၎င်းက ဆိုသည်။ သို့ဆိုလျှင် ၎င်း၏ ငယ်ဘဝအိပ်မက်မှာ ပိုလို့ပင် ကြီးမားလာပြီဖြစ်သည်။

လွတ်လိုင်ရွာရှိ မိခင်တိုင်းက ငွန်လိုင်ဇင်ကို သိကြပြီး ၎င်း၏ လုပ်ဆောင်မှုကို ချီးကျူးကြတယ်။
“ကျွန်မတို့ရဲ့ သားဖွားဆရာမကြောင့်သာ မဟုတ်ရင် ကျွန်မရဲ့ ပထမဆုံးသားလေးက သေသွားနိုင်တယ်” ဟု ယခု ကလေး ၃ ယောက်မိခင်ဖြစ်နေပြီဖြစ်သော ဇင်လန်ထွိုင်က ပြောသည်။ ၎င်း၏ သားအကြီးဆုံး ၁၀လသား အရွယ်တွင် အာဟာရလွန်စွာချို့တဲ့သည့်ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
“အဲဒီနေ့ကို ကျွန်မ ကောင်းကောင်းမှတ်မိတယ်။ သူဆေးခန်းကို ရောက်လာတော့ သေးကွေးနေတာပဲ။ အဲဒီကိစ္စက တော်တော်လေး ခက်ခဲရှုပ်ထွေးခဲ့တယ်။ အဲဒါကြောင့် ကလေး အတွက်လည်း အရမ်းကို စိုးရိမ်ခဲ့ရပါတယ်” ဟု ကလေးကို အနီးဆုံးဆေးရုံကို ပို့ပေးခဲ့သည့် သားဖွားဆရာမ ငွန်လိုင်ဇင်က ပြန်ပြောပြသည်။
သီတင်းပတ် အနည်းငယ်ကြာပြီးနောက် ကလေးကို အိမ်ပြန်ခေါ်လာချိန်မှာ ငွန်လိုင်ဇင်က ကလေးငယ်၏ အခြေအနေကို စောင့်ကြည့်ခဲ့ပြီး ကုထုံးဆိုင်ရာ အစာများကျွေးကာ အာဟာရပြည့်ဝအောင် ဆက်လက် ဆောင်ရွက်ပေးပြီး အပတ်စဉ် ကလေးငယ်၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးပေးသည်။ “သူ နလန်ထူလာ နိုင်တာမြင်ရတော့ အရမ်းပီတိဖြစ်မိတယ်။ တခြား ကလေးတွေလိုပဲ ကြီးထွားသန်မာ လာတယ်။ ကျန်းမာရေး ပြဿနာ ဘာမှမဖြစ်တော့ဘူး” ဟု ၎င်းက ပြောသည်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မာရီရာနာပယ်လာဗရာ ငွန်လိုင်ဇင်နှင့် လွန်ခဲ့သော ၅ နှစ်က အာဟာရချို့တဲ့မှု ပြင်းထန်စွာ ခံစားခဲ့ရသော တောင်တင်းတန် |
၅နှစ်အကြာ ယနေ့တွင် ယင်းကလေးမှာ ကျေးရွာကျန်းမာရေးဌာနခွဲသို့ ပုံမှန်လာပြဆဲ ဖြစ်သည်။
“သူ့ကို ကျန်းကျန်းမာမာမြင်ရတာ ဝမ်းသာတယ်။ ဒီအလုပ်ကို ကျွန်မရွေးချယ်ရခြင်း အကြောင်းရင်း တစ်ခုကို သူက ပြသလိုက်တာပါပဲ” ဟုလည်း ၎င်းက ပြောခဲ့သည်။ အသက် ၃၃ နှစ်အရွယ် မိခင်အတွက်မူ ယင်းသားဖွားဆရာမ၏ အခန်းကဏ္ဍမှာ ၎င်း၏ အတိတ်နှင့် ပစ္စုပ္ပန်ဘဝတွင် အမှတ်တရအဖြစ် ရှိနေသည်။ “သူသာ ဒီမှာ မရှိခဲ့ရင် ဘာလုပ်ရမလဲဆိုတာ ကျွန်မတို့ သိခဲ့မှာမဟုတ်ဘူး။ သူက ကျွန်မတို့အားလုံးကို စောင့်ရှောက်နေတာပါ။ သူ့ကြောင့်ပဲ ကျွန်မရဲ့ ကျန်းမာရေးနဲ့ ကလေးတွေရဲ့ ကျန်းမာရေးကို ပိုပြီးဂရုစိုက် ဖြစ်တယ်။ သားဦးလေးနောက်မှာ ကလေး ၂ ယောက် ထပ်ရတယ်။ သူတို့မှာ ဘာကျန်းမာရေးပြဿနာမှ မကြုံတွေ့ခဲ့ရဘူး” ဟု ၎င်းက ပြောသည်။
အသက် ၂၇ နှစ်အရွယ် ဒန်နီဝင်းကလည်း အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲကို ပုံမှန် လာရောက် ပြသသူဖြစ်ပြီး ၎င်း၏ ကလေး ၄ ဦးတွင် ကျန်းမာရေးပြဿနာများ မရှိခဲ့ဖူးပေ။ “လာတဲ့အချိန်တိုင်း သားဖွား ဆရာမဆီက မှတ်သားစရာတွေ အများကြီးရတယ်။ ဗီတာမင်ဆေးတွေ သောက်တာတို့၊ သံချတာတို့၊ အာဟာရရှိတဲ့ အစားအစာတွေ စားတာအပါအဝင် ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို ကျန်းမာအောင် နေရမယ်ဆိုတာ သိခဲ့ရတယ်။ နောက်ပြီး မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးခြင်းနဲ့ ကလေးငယ်တွေကို ဘယ်လို ကျွေးမွေးရမယ်ဆိုတာကိုလည်း သင်ယူခဲ့ရပါတယ်။ အရေးကြီးဆုံးကတော့ ကျွန်မကို စိတ်ပိုင်း ဆိုင်ရာ အထောက်အကူပေးတဲ့ ကျွန်မရဲ့သားဖွားဆရာမကို ယုံတယ်”ဟု ၎င်းက အခိုင်အမာဆိုခဲ့သည်။
ယူနီဆက်၏ ထောက်ပံ့မှု
အမှန်တကယ်မူ ချင်းပြည်နယ်မှ ကလေးငယ်များမှာ မြန်မာနိုင်ငံ၏ အခြားဒေသများမှ ကလေးငယ် များထက် အာဟာရချို့တဲ့နိုင်ခြေ ပိုများသည်။ ယင်းပြည်နယ်တွင်းတွင် ပုံမှန် အလေးချိန်အောက် (၃၁ ရာခိုင်နှုန်း)၊ ကြီးထွားနှုန်းနှေးကွေးမှု (၅၈ ရာခိုင်နှုန်း) နှင့် တဖြည်းဖြည်း အားနည်းပိန်လှီလာမှု (၉ ရာခိုင်နှုန်း) ရှိပြီး နိုင်ငံ၏ ပျန်းမျှရာခိုင်နှုန်းထက် မြင့်မားနေသည်။ ကြီးထွားနှုန်းနှေးကွေးမှုမှာ နာတာရှည် အာဟာရချို့တဲ့မှု၏ အကျိုးဆက်ဖြစ်ပြီး ဦးနှောက် ဖွံ့ဖြိုးမှုကိုလည်း ပြန်မကောင်းနိုင်အောင် ပျက်စီး စေနိုင်သည်။ “ယူနီဆက်ဖ်က နိုင်ငံရေး ကတိကဝတ်တွေရရှိဖို့အပြင် ပြည်နယ်နဲ့မြို့နယ်အဆင့် လုပ်နိုင် စွမ်းရည်ကို အားကောင်းစေဖို့လည်း လုပ်ဆောင်နေပါတယ်။ ထို့အတူ ချင်းပြည်နယ်တစ်ဝန်းက ကလေးငယ် အားလုံးရဲ့ အလားအလာအပြည့်အဝရရှိနိုင်စေဖို့ သူတို့တွေကျန်းမာပြီး အာဟာရ ပြည့်ဝအောင် ရပ်ရွာစည်းရုံးမှု အားကောင်းစေဖို့လည်း လုပ်ဆောင်ပါတယ်။ ဒီပန်းတိုင်ကို ရောက်ရှိုနိုင်ဖို့အတွက် သားဖွားဆရာမတွေက အဓိကကဏ္ဍက ပါဝင်နေတယ်။ အထူးသဖြင့် အချိုတဲ့ဆုံးနဲ့ လက်လမ်းမမှီနိုင်တဲ့ ကလေးငယ်များအထိ လက်လှမ်းမီနိုင်တဲ့အတွက် ဖြစ်ပါတယ်” ဟု ယူနီဆက် ဟားခါး နယ်မြေရုံး၏ အကြီးအကဲ မိုဟာမက်ဘက်ဒ်ရူက ပြောသည်။

ယူနီဆက်ဖ်၏ ထောက်ပံ့မှုဖြင့် ငွန်လိုင်ဇင်မှာ ၎င်း၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို တည်ဆောက်ရာတွင် အကူအညီပေးသည့် သင်တန်းများကို တက်ရောက်ခဲ့သည်။ ရပ်ရွာလူနာများ ကိုင်တွယ် ဖြေရှင်းမှု၊ ကလေးငယ်များ ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်း၊ လက်မောင်း အလယ်လုံးပတ် (MUAC) စစ်ဆေးမှု (ကလေးငယ်များ၏ အာဟာရဓာတ် အခြေအနေအတွက် စစ်ဆေးခြင်း)၊ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရေးအကြံပေးဆွေးနွေးခြင်းနှင့် ရင်ခွင်ပိုက် အရွယ်နှင့် ကလေးငယ်များကို အစာကျွေးခြင်း၊ မိခင်မှ ကလေးငယ်သို့ HIV ကူးစက်မှုမရှိအောင် ကာကွယ်ခြင်း၊ HIV အကြံပေးဆွေးနွေးမှုနှင့် စမ်းသပ်စစ်ဆေးခြင်း၊ ငှက်ဖျားရောဂါ ကာကွယ်ခြင်းဆိုင်ရာ သင်တန်းများ ဖြစ်သည်။
ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှတစ်ဆင့် ယူနီဆက်ဖ်က ငွန်လိုင်ဇင်အတွက် မဖြစ်မနေ လိုအပ်သော ပစ္စည်းများကို ထောက်ပံ့ပေးသည်။ အထူးသဖြင့် ဗီတာမင် A နှင့် B1 ၊ ကုထုံးဆိုင်ရာ အစားအစာများ၊ သံချဆေးနှင့် သံဓာတ်ဆေးများအပြင် သားဖွားဆရာမသုံး ဆေးအိတ်နှင့် IEC (သတင်း အချက်အလက်၊ ပညာရေးနှင့် ဆက်သွယ်ရေး) ပစ္စည်းများဖြစ်သည်။
“သားဖွားဆရာမဆိုတာ အစိုးရအလုပ်တစ်ခု ဒါမှမဟုတ် လခစားအလုပ်တစ်ခုလို မြင်လို့ မရပါဘူး။ ဒီအလုပ်မှာ ကိုယ့်ကိုကိုယ် မြှုပ်နှံထားရပါတယ်” ဟု ငွန်လိုင်ဇင်က ဆိုသည်။
ယင်းသားဖွားဆရာမလေးမှာ ယင်းအလုပ်တွင် ဘဝကို ယခုထက်ပိုပြီး မြှုပ်နှံချင်သူ ဖြစ်သည်။
“အကူသူနာပြု (LHV) ဖြစ်တဲ့အထိ ဆက်လက် လေ့လာချင်ပါတယ်။ သူနာပြုဖြစ်တဲ့အထိတောင် ဖြစ်ချင် ဖြစ်မယ်” ဟု ၎င်းက ဆိုသည်။ သို့ဆိုလျှင် ၎င်း၏ ငယ်ဘဝအိပ်မက်မှာ ပိုလို့ပင် ကြီးမားလာပြီဖြစ်သည်။
No comments:
Post a Comment