ရေးသူ-ဘာဂျီးနီးယားဟန်ဒါစင်
©UNICEF Myanmar/2015/Virginia Henderson အောင်သန်းမြင့်၊ ၁၃ နှစ် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နယ်၊ ရွှေတောင်ရပ်ကွက်ရှိ မိသားစုနေထိုင်ရာအိမ်တွင် |
တောင်ကြီးမြို့၊တောင်ပိုင်းရှမ်းပြည်နယ် ဂျွန်လ၊ ၂၀၁၅ - တောင်ကြီးမြို့၏ ရွှေရောင်ရပ်ကွက်ရှိ သေးငယ် လှသော တဲအိမ်လေးတစ်လုံးတွင် အောင်သန်းမြင့်(၁၃နှစ်)သည် မိခင်ဖြစ်သူ ဒေါ်ဆန်းဆန်းမြင့် (၄၁နှစ်)၊ သူမ၏ ဒုတိယခင်ပွန်း၊ သူ၏ အခြား မောင်နှစ်မ နှစ်ယောက်တို့နှင့် အတူ နေထိုင်ကြသည်။ မောင်နှစ်မ လေးယောက်အနက် အခြား နှစ်ယောက်မှာ အဖွားနှင့် နေထိုင်ကြသည်။
“ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ အမှိုက်ပုံမှာ ကစားလေ့ရှိပါတယ်၊ ဂေါ်လီလုံးပစ်ရတာ၊ ဘောလုံးကန်ရတာ ကျွန်တော် သဘောကျတယ်” ဟု အောင်သန်းမြင့်က သူ၏ အိမ်တွင်ပြောပြသည်။
“သိပ်မကြာသေးပါဘူး၊ ကျွန်မကို ကျွန်မသား ကစားရင်းနဲ့ ကော်ရှုနေတယ်လို့ လူတစ်ယောက်က လာပြောတယ်၊ ကျွန်မ တော်တော် စိတ်တိုသွားတယ်၊ သူ မဟုတ်တာတွေ လျှောက်လုပ်နေတယ်ဆိုပြီး တံမျက်စည်းနဲ့ ရိုက်ပစ်လိုက်တယ်” ဟု မောင်သန်းမြင့် အမေက ပြောပြသည်။ “ကျွန်မ သူ့ကို ရိုက်ရတာကတော့ ဒီအရပ်ထဲမှာရှိတဲ့ တစ်ခြားသူတွေလို သူ လူဆိုးလေး တစ်ယောက် မဖြစ်စေချင်လို့ပါ၊ မိဘတွေက ထိန်းကျောင်းခြင်း မလုပ်နိုင်တဲ့ ကလေးတွေဟာ လမ်းပေါ်ရောက် လေလွင့်ကလေးငယ်တွေ ဖြစ်လာကြတယ်၊ ကျွန်မ သူ့ကိုတဖွဖွပြောတယ်၊ ဒါပေမယ့် သူက တခါတလေ နားမထောင်ဘူး” ဟူ၍လည်း ပြောပြပါသည်။
ထိုသို့ ရိုက်နှက်ခံလိုက်ရပြီးသည့် နောက်တွင် အောင်သန်းမြင့်သည် အိမ်မှ ထွက်ပြေးသွားခဲ့သည်။ “အမေက ကျွန်တော့်ကို တံမျက်စည်းနဲ့ ရိုက်တဲ့အခါကျတော့ ကိုယ့်ကိုကိုယ် အပြစ်ရှိမှန်း သိပြီးတော့ ထွက်ပြေးခဲ့တယ်၊ ကျွန်တော် အနားမှာရှိတဲ့ နဂါးပွဲဘုရား ဘုန်းကြီးကျောင်းကို သွားခဲ့တယ်၊ ကျွန်တော် အဲ့ဒီ့က လူတွေနဲ့ တစ်ယောက်မှ မသိပါဘူး၊ ဒါပေမယ့် အဲ့ဒီ့ နေရာက လုံခြုံစိတ်ချရတဲ့ နေရာ တစ်ခုလို့တော့ သိတယ်” ဟု လူငယ်လေးက ပြောပါသည်။
ရပ်ရွာအထောက်အကူပြု ကွန်ရက်မှ စေတနာရှင် လုပ်အားပေးများသည် အောင်သန်းမြင့်ကို လိုက်လံ ရှာဖွေ တွေ့ရှိခဲ့ပြီးသည့်နောက် သူ၏အိမ်သို့ ပြန်ခေါ်လာခဲ့သည်။ သူတို့က မိခင်ဖြစ်သူနှင့် စကားပြောရင်း ကလေးများကို ရိုက်နှက်ခြင်းသည် မလိုလားအပ်တဲ့ ရလဒ်ကိုသာ ရရှိစေနိုင်ကြောင်း၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ အားကိုးမှုနှင့် သင်ကြားမှု စွမ်းရည်များကိုလည်း နိမ့်ပါး ကျဆင်းစေကြောင်း ရှင်းပြကြသည်။
ခိုင်ဇာလွင်သည် ယူနီဆက်အဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရတနာ့ မေတ္တာအဖွဲ့တို့မှ ပံ့ပိုးကူညီ ပေးထားသည့် ပျိုးခင်းသာ ရပ်ရွာအထောက်အကူပြု စေတနာရှင်အဖွဲ့တွင် စတင်ဖွဲ့စည်းစဉ် ကတည်းက လူမှုရေးလုပ်သား တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်လာခဲ့သည်။
“ပျိုးခင်းသာမှာရှိတဲ့ ကျွန်မတို့အဖွဲ့ဝင်တွေဟာ အခုဆိုအယောက် နှစ်ဆယ်လောက် ရှိလာပါပြီ၊ ဒီစေတနာ့ဝန်ထမ်း အားလုံးမှာ အလုပ်အကိုင် ရှိပါတယ်၊ မော်တော်ယာဉ်မောင်းတွေ၊ စာရေးစာချီတွေ၊ ရှေ့နေ တွေဖြစ်ပါတယ်” ဟု လူမှုလုပ်သား စေတနာ့ဝန်ထမ်းက ရှင်းပြပါသည်။ “ကျွန်မတို့ အဖွဲ့သားတွေ လုပ်ဆောင်ပေးနေတာကတော့ ပတ်ဝန်းကျင်အနီးအနားက ကလေးသူငယ်များအပေါ် အလွဲသုံးစား ပြုခြင်းကို ကာကွယ်ပေးနိုင်ရန် စောင့်ကြည့် လေ့လာခြင်းဘဲဖြစ်ပါတယ်၊ ကျွန်မတို့ အလုပ်မှာ အဓိက များများစားစား လုပ်ရတာကတော့ ကလေးတွေနဲ့ သူတို့ အုပ်ထိန်းသူတွေ အကြားမှာရှိတဲ့ ပြဿနာတွေကို ဆွေးနွေးညှိုနှိုင်းကြစေရန် အကူအညီပေးရခြင်းဘဲ ဖြစ်ပါတယ်၊ ဆင်းရဲတဲ့ မိသားစုက ကလေးငယ်တစ်ဦး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တဲ့အခါမှာ၊ ဥပမာအားဖြင့် မတော်တဆထိခိုက်မှုမျိုးမှာ ကလေးကို ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ဖို့ ကျွန်မတို့ကူညီနိုင်ပါတယ်၊ ကုန်ကျစရိတ်ကိုလည်း တာဝန်ယူပေးပါတယ်” ဟုလည်း ပြောပြပါသည်။ တစ်ခုသော ကြာသပတေးနေ့၏ မနက်ခင်းတွင် တောင်ကြီးမြို့ရှိ ဒေသခံ တောင်ပေါ်ဘုန်းကြီးကျောင်း တစ်ကျောင်း၌ ခိုင်ဇာလွင်မှ ဦးဆောင်ပြီး ရပ်ရွာပညာရေးအစီအစဉ်၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ကလေးများကို ရင်းနှီးခင်မင်စွာ သွန်သင်လမ်းပြပေးသော ပညာပေးအစီအစဉ် တစ်ခုကို လုပ်ဆောင်ခဲ့ပါသည်။ ကောင်းမွန်စွာ စုစုစည်းစည်း တက်ရောက်လာကြသော ထိုအချိန်ကာလ လေးအတွင်း ရပ်ရွာအထောက်အကူပြု စေတနာ့ဝန်ထမ်းများက ကလေးသူငယ် အလွဲသုံးစား ပြုလုပ် ခြင်းကို မြန်မာနိုင်ငံ၏ ဥပဒေများက တားမြစ်ထားခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ သူမ အနေနှင့်လည်း ကလေးများကို သူတို့၏အမေများနှင့် ယုံယုံကြည်ကြည် ဆက်ဆံစေရန် အားပေး တိုက်တွန်းခဲ့သည်။ ဤသင်တန်း ပြီးဆုံးခါနီး အချိန်၌ ပရိသတ်ထဲမှ ဆယ်နှစ့်အရွယ် မိန်းကလေးတစ်ဦးက “ကလေးတွေကို ဒီလိုမျိုး ကူညီပံ့ပိုးပေးတဲ့ အဖွဲ့တွေ ရှိမှန်း သမီး လေ့လာခွင့် ရခဲ့တယ်၊ ဒီလိုသိရတာ အရမ်း ၀မ်းသာမိတယ်” ဟု ပြောဆိုခဲ့ပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန(DSW)မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်အောင်ကြည်သည် နှစ်ပေါင်းများစွာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ယခုအခါ အငြိမ်းစား ယူရန်ပင် နီးကပ်နေပြီ ဖြစ်ပါသည်။
ယူနီဆက်အဖွဲ့နှင့် နိုင်ငံတော်အစိုးရအကြား လက်တွဲလုပ်ကိုင် ဆောင်ရွက်ခြင်း၏ အကျိုးရလဒ် တစ်ခုအဖြစ်၊ လူမှုဝန်ထမ်းဌာန အနေဖြင့် ရပ်ရွာလူမှုဝန်ထမ်းရေးရာ မန်နေဂျာများ ခန့်ထားနိုင်ပြီး ဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို မြှင့်တင်နေပါသည်။ “တောင်ကြီးမှာလည်း နောက်ထပ် အရာရှိ သုံးဦးခန့်ထားမှာ ဖြစ်ပါတယ်။ နှစ်ယောက်ကိုတော့ ခန့်ထားပြီး သင်တန်းပေးနေပါပြီ” ဟု သူက ဆိုပါသည်။ ရပ်ရွာအဆင့်တွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် မသန်စွမ်း သူများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့များမှ ရပ်ရွာ စေတနာ့ဝန်ထမ်းများကို လူမှုဝန်ထမ်းဌာနမှ သင်တန်းပေးခြင်းနှင့် စံချိန်စံညွှန်းများ နားလည်စေခြင်း စသည့် လုပ်ငန်းများကို မြှင့်တင် နေပါသည်။
ရေရှည် ရည်မှန်းချက် အနေဖြင့် လူမှုဝန်ထမ်းဝန်ဆောင်မှု ဌာနပေါင်း ၃၃၀ ကို မြို့နယ်တိုင်းတွင် ဖွင့်လှစ်ရန်နှင့် လူမှုဝန်ထမ်းလုပ်သား ၆၀၀၀ ကို ခန့်အပ် လေ့ကျင့်ပေးရန်တို့ဖြစ်သည်။ ယူနီဆက်သည် ဤလူမှုဝန်ထမ်း အစီအစဉ်ကို မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ရှေ့ပြေးစီမံချက်အဖြစ် လုပ်ဆောင် နေခြင်းအား အကူအညီ ပေးလျက်ရှိပါသည်။
“အခုတော့ ကျွန်မ ကလေးတွေကို မရိုက်တော့ပါဘူး၊ ကျွန်မယောက်ျားကိုလည်း ကလေးတွေကို ရိုက်ဖို့ ခွင့်မပြုတော့ဘူး၊ ကျွန်မတို့အားလုံး ဒီအတွေ့အကြုံက သင်ခန်းစာ ယူလိုက်ကြပါပြီ၊ ကျွန်မသားတွေလည်း အခုတော့ ကျွန်မစကား နားထောင်မယ်လို့ ထင်ရတာဘဲ” ဟု ပြောင်းလဲသွားသော မိခင်ဖြစ်သူက ပြောသည်။ “အခုကျွန်တော် အိမ်ကထွက်မပြေးတော့ဘူး၊ အခုတော့ အိမ်မှာအားလုံး အိုကေသွားပြီ” ဟု အောင်သန်းမြင့်ကလည်း ပြောပါသည်။

©UNICEF Myanmar/2015/Virginia Henderson နေအောင်နှင့် ကျော်မိုးလှိုင်တို့ အဒေါ်နှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိနေအိမ်တွင် |
တောင်ကြီးမြို့ရှိ ယူနီဆက်အဖွဲ့၏ ကွင်းဆင်းရုံးခွဲ အဖွဲ့ခေါင်းဆောင်ဖြစ်သော ဒေါ်ခင်မျိုးအေးကလည်း “ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကို မြှင့်တင်နိုင်ဖို့ တစ်ပြိုင်နက်တည်းမှာ ကျွန်မတို့ လမ်းကြောင်း နှစ်သွယ်နှင့် ချည်းကပ်ခြင်းပုံစံကို လုပ်ပါတယ်။ ရပ်ရွာအဆင့် အသိပညာမြှင့်တင်ပေးရေး အစီအစဉ်တွေနဲ့ အတူ မူဝါဒချမှတ်ရေးဆိုင်ရာ အဆင့်မှာတော့ လိုအပ်ချက်ရှိမှု အပေါ် မူတည်ပြီးတော့ ဥပဒေများကို ပြင်ဆင်ပြောင်းလဲနိုင်စေရန် အကြံပြု ဆော်သြမှု ဆောင်ရွက်ပါတယ်။ ဒီလိုမျိုး နှစ်ဘက်နှစ်လမ်းမှ ချည်းကပ်မှုဟာ တော်တော် အရေးကြီးပါတယ်၊ နှစ်ခုပေါင်းစပ်ပြီး လုပ်ရတဲ့ အလုပ်လည်း ဖြစ်ပါတယ်” ဟု ရှင်းလင်း ပြောပြပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန(DSW)မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်အောင်ကြည်သည် နှစ်ပေါင်းများစွာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ယခုအခါ အငြိမ်းစား ယူရန်ပင် နီးကပ်နေပြီ ဖြစ်ပါသည်။
©UNICEF Myanmar/2015/Virginia Henderson အောင်သန်းမြင့် ၁၃နှစ်နှင့် ၄င်း၏ညီဖြစ်သူ အောင်ခိုင်မြတ်ဇံ ၈ နှစ်တို့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နယ် ရွှေတောင်ရပ်ကွက်ရှိ အိမ်အနီးတွင် |
“ခုနောက်ပိုင်း စဉ်းစားတွေးခေါ်ပုံ အသစ်ဖြင့် လုပ်ဆောင်လာတဲ့ လူမှုဝန်ထမ်းလုပ်ငန်းစဉ်တွေ အောင်မြင်မှုရဖို့ သော့ချက်ကတော့ လူမှုဝန်ထမ်းရယ်၊ ယူနီဆက် အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေရယ်၊ ဒေသအလိုက် ရပ်ရွာအထောက်အကူပြု အဖွဲ့များ စသည်တို့အကြား ဆက်သွယ် လှုပ်ရှားမှုပင် ဖြစ်ပါတယ်” ဟု သူက ရှင်းပြပါသည်။ “အခုနောက်ပိုင်း ကျွန်တော်တို့ဌာနနှင့် INGO တွေအကြား လုပ်ဖော်ကိုင်ဘက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာတာ တွေ့ရပါတယ်၊ ကျွန်တော်တို့နဲ့ အချို့ ရပ်ရွာအထောက်အကူပြု အဖွဲ့တွေ အကြားမှာ နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။ ပျိုးခင်းသာ လိုမျိုး ဒေသခံ NGOတွေရဲ့အားသားချက် တစ်ခုကတော့ သူတို့က လူတွေ၊ မိသားစုတွေကို သိကြတယ်၊ သူတို့အနေနဲ့ ရပ်ရွာတွေကို သွားပြီး အဖြစ်အပျက်တွေကို လေ့လာ စစ်ဆေးနိုင်တယ်၊ အဲ့ဒီ့တော့ ကျွန်တော်တို့ တစ်ဦးကိုတစ်ဦး အပြန်အလှန် ကူညီပံ့ပိုးပြီး ပူးပေါင်း ဆောင်ရွက်လို့ရတာပေါ့” ဟု ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။
ယူနီဆက်အဖွဲ့နှင့် နိုင်ငံတော်အစိုးရအကြား လက်တွဲလုပ်ကိုင် ဆောင်ရွက်ခြင်း၏ အကျိုးရလဒ် တစ်ခုအဖြစ်၊ လူမှုဝန်ထမ်းဌာန အနေဖြင့် ရပ်ရွာလူမှုဝန်ထမ်းရေးရာ မန်နေဂျာများ ခန့်ထားနိုင်ပြီး ဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို မြှင့်တင်နေပါသည်။ “တောင်ကြီးမှာလည်း နောက်ထပ် အရာရှိ သုံးဦးခန့်ထားမှာ ဖြစ်ပါတယ်။ နှစ်ယောက်ကိုတော့ ခန့်ထားပြီး သင်တန်းပေးနေပါပြီ” ဟု သူက ဆိုပါသည်။ ရပ်ရွာအဆင့်တွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် မသန်စွမ်း သူများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့များမှ ရပ်ရွာ စေတနာ့ဝန်ထမ်းများကို လူမှုဝန်ထမ်းဌာနမှ သင်တန်းပေးခြင်းနှင့် စံချိန်စံညွှန်းများ နားလည်စေခြင်း စသည့် လုပ်ငန်းများကို မြှင့်တင် နေပါသည်။
ရေရှည် ရည်မှန်းချက် အနေဖြင့် လူမှုဝန်ထမ်းဝန်ဆောင်မှု ဌာနပေါင်း ၃၃၀ ကို မြို့နယ်တိုင်းတွင် ဖွင့်လှစ်ရန်နှင့် လူမှုဝန်ထမ်းလုပ်သား ၆၀၀၀ ကို ခန့်အပ် လေ့ကျင့်ပေးရန်တို့ဖြစ်သည်။ ယူနီဆက်သည် ဤလူမှုဝန်ထမ်း အစီအစဉ်ကို မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ရှေ့ပြေးစီမံချက်အဖြစ် လုပ်ဆောင် နေခြင်းအား အကူအညီ ပေးလျက်ရှိပါသည်။
“အခုတော့ ကျွန်မ ကလေးတွေကို မရိုက်တော့ပါဘူး၊ ကျွန်မယောက်ျားကိုလည်း ကလေးတွေကို ရိုက်ဖို့ ခွင့်မပြုတော့ဘူး၊ ကျွန်မတို့အားလုံး ဒီအတွေ့အကြုံက သင်ခန်းစာ ယူလိုက်ကြပါပြီ၊ ကျွန်မသားတွေလည်း အခုတော့ ကျွန်မစကား နားထောင်မယ်လို့ ထင်ရတာဘဲ” ဟု ပြောင်းလဲသွားသော မိခင်ဖြစ်သူက ပြောသည်။ “အခုကျွန်တော် အိမ်ကထွက်မပြေးတော့ဘူး၊ အခုတော့ အိမ်မှာအားလုံး အိုကေသွားပြီ” ဟု အောင်သန်းမြင့်ကလည်း ပြောပါသည်။
No comments:
Post a Comment