Wednesday, October 21, 2015

Saved and brought back home by the community

By Virginia Henderson
 
©UNICEF Myanmar/2015/Virginia Henderson
 
Taunggyi, Southern Shan State, June 2015:  Nay Aung, 12, and his brother, Kyaw Moe Hlaing, 22, have always lived with their aunt Daw Khin Nyo, and their grandfather, in Taunggyi, Southern Shan State.

Thursday, October 1, 2015

စိုးရိမ်ရသော အစောပိုင်းနေ့များ-- ကျန်းမာရေးဌာနတွင် မီးဖွားခြင်း

ဗာဂျင်းနီးယား ဟန်ဒါဆန် ရေးသားသည်
 
နန်းမြကလေးနှင့် သူမမိခင်အား မိသားစုနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လွန်ရွာရှိနေအိမ်တွင် တွေ့ရစဉ်
©UNICEF Myanmar/2015/Virginia Henderson
 
တောင်ကြီး၊ ရှမ်းပြည်တောင်ပိုင်း၊ ၂၀၁၅ ခုနှစ် စက်တင်ဘာလ- ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက ဝေးလံခေါင်သီလှသော လွိုင်လွန်ရွာလေးတွင် မိုးသည်းသောနေ့တစ်နေ့၌ အသက် ၂၄ နှစ်ရှိ နန်းခေးမှာ ၎င်း၏ စတုတ္ထမြောက်ကလေးငယ်ကို အမျိုးသားအရပ်လက်သည်၏ အကူအညီဖြင့် မွေးဖွားခဲ့သည်။ ကလေးမီးဖွားပြီးချိန်တွင် နန်းခေးမှာ အချင်းကပ်နေသဖြင့် သွေးပေါင်အလွန်ကျကာ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေသည်။

အရှေ့တောင်အာရှတစ်ဝန်းလုံး၌ ကလေးသူငယ် လူကုန်ကူးမှု တိုက်ဖျက်ရေး

မန်းနီမောင်ရေးသားသည်
 
©UNICEF Myanmar/2015/Manny Maung
 
မော်လမြိုင်၊ မွန်ပြည်နယ်၊ ၂၀၁၅ ခုနှစ် ဇွန်လ - မှောင်မိုက်သောအခန်းနှင့် အပူရှိန်ကို မောင်ဇင်တော် (အမည်လွှဲပြောင်း) မှတ်မိနေသေးသည်။ တခြားမှတ်မိနေသည်များကတော့ မည်သူတွေမှန်း မသိသူများ၏ မသဲကွဲလှသော မျက်နှာများနှင့် အသံများသာ ဖြစ်သည်။

The Fight against Child Trafficking across the Southeast

By Manny Maung
©UNICEF Myanmar/2015/Manny Maung
 
Mawlamyine, Mon State, June 2015- Maung Zin Taw (name changed) remembers a dark room, stifling hot. His other memories are hazy, vague recollections of blurred faces and distorted voices attached to people he cannot name.

Wednesday, September 30, 2015

Critical early days - giving birth in a health facility

By Virginia Henderson
 
Baby Nang Mya with his mother and family at home in Loi Lomt village, Southern Shan State
©UNICEF Myanmar/2015/Virginia Henderson
 
Taunggyi, Southern Shan State, September 2015: On a pouring rainy day in October 2014 in the remote village of Loi Lomt, 24 year old Nang Khe gave birth to her fourth child with the assistance of a male traditional birth attendant. After delivery, Nang Khe fell semi-unconscious suffering from very low blood pressure due to a retained placenta. 

ရေလွှမ်းမိုးမှုနှင့်ကြုံတွေ့ရပြီးနောက်ပိုင်းကာလ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၃ ရက်

ဓာတ်ပုံ - မျိုးသိမ်း

မြန်မာနိုင်ငံအနောက်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်တွင် နေထိုင်သော ကလေးသူငယ်များနှင့် ၎င်းတို့၏ မိသားစုများသည် အဆိုးရွားဆုံးသော ရေလွှမ်းမိုးမှုဒဏ်ကို တွေ့ကြုံ ခံစားခဲ့ရပြီး ဖြစ်သည်။ တချို့ကျေးရွာများဆိုလျှင် လုံးဝပျက်စီးလုနီးပါးအခြေအနေသို့ ရောက်ရှိခဲ့သည်။

စစ်ကိုင်းအစရှိသော မြောက်ပိုင်းဒေသများတွင် ရေတဖြည်းဖြည်းချင်း ကျလာသည်နှင့်အမျှ ရေများသည် အောက်ဘက်သို့ ဆက်လက်စုန်ဆင်းနေပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ ပြည်သူ ၃၀၀,၀၀၀ ကျော်ကို ကြီးစွာ အန္တရာယ်ပြုခြိမ်းခြောက်လျက်ရှိသည်။

ယူနီဆက်ဖ်သည် အခြားသော ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီများနှင့် လက်တွဲလျက် မြန်မာနိုင်ငံအစိုးရ အာဏာပိုင်များနှင့် အနီးကပ် ပူးပေါင်းကာ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးမှုတန်ဖိုးများကို အကဲဖြတ် ဆန်းစစ်ခြင်း၊ သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းသောသောက်သုံးရေ ရရှိရေးအတွက် လိုအပ်ချက်များနှင့် ပြန်လည်နလန်ထူနိုင်ရေးလိုအပ်ချက်များကို အလျင်အမြန် ဖြည့်ဆည်းပေးရန် အရေးပေါ် အထောက်အပံ့ များကိုပေးအပ်ခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ခြင်း၊ ကျောင်းနှင့် အိမ်များကို ပြင်ဆင်ပေးခြင်းနှင့် ကလေးသူငယ်များ၏ စိတ်သက်သာရာရမှုအတွက် နှစ်သိမ့်ပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက် ရှိပါသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ ငါးမိုင်အကွာရှိ ရေလွှမ်းမိုးမှုဒဏ် အဆိုးရွားဆုံးခံရသော ဒေသများမှ တစ်ခုတွင် အိမ်များနှင့်ကျောင်းများ ယခုကဲ့သို့ ပျက်စီးသွားကြသည်
©UNICEF Myanmar/2015/Myo Thame

၂၀၁၅ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ ကလေးသူငယ်အခွင့်အရေး ဖော်ဆောင်ပေးသူကို မဲပေးကြပါစို့

ရန်ကုန်၊ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၈ ရက် –-- ရန်ကုန်မြို့တွင် ဩဂုတ်လ ၂၈ ရက် သောကြာနေ့၌ ကျင်းပခဲ့သော လူ ၂၀၀ တက်ရောက်ခဲ့သည့် ”ကလေးသူငယ်အခွင့်အရေးဖော်ဆောင်ပေးသူကို မဲပေးကြပါ” ဆိုသည့် တက်ကြွလှုပ်ရှားစေသည့် ဖိုရမ်ကို သွက်လက်သောဖျော်ဖြေမှုများနှင့် ပေါ့ဂီတဖြင့် ဖွင့်လှစ်ခဲ့ သည်။

နိုင်ငံရေးပါတီများ၏ မဲဆွယ်လှုပ်ရှားမှုမစတင်မီ ကိုးရက်အလိုတွင် ကလေးငယ်များကို ဦးစားပေးသည့် ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာတစ်ခုကို အသုံးပြုရန် နိုင်ငံရေးသမားများအား ကလေးငယ်များက တောင်းဆိုခဲ့သည်။