ဗာဂျင်းနီးယား ဟန်ဒါဆန် ရေးသားသည်
![]() |
| နန်းမြကလေးနှင့် သူမမိခင်အား မိသားစုနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လွန်ရွာရှိနေအိမ်တွင် တွေ့ရစဉ် ©UNICEF Myanmar/2015/Virginia Henderson |
တောင်ကြီး၊ ရှမ်းပြည်တောင်ပိုင်း၊ ၂၀၁၅ ခုနှစ် စက်တင်ဘာလ- ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက ဝေးလံခေါင်သီလှသော လွိုင်လွန်ရွာလေးတွင် မိုးသည်းသောနေ့တစ်နေ့၌ အသက် ၂၄ နှစ်ရှိ နန်းခေးမှာ ၎င်း၏ စတုတ္ထမြောက်ကလေးငယ်ကို အမျိုးသားအရပ်လက်သည်၏ အကူအညီဖြင့် မွေးဖွားခဲ့သည်။ ကလေးမီးဖွားပြီးချိန်တွင် နန်းခေးမှာ အချင်းကပ်နေသဖြင့် သွေးပေါင်အလွန်ကျကာ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေသည်။
