Tuesday, May 14, 2019

ကျောင်းပတ်ဝန်းကျင်နှင့် သန့်ရှင်းရေး အလုပ်နိုင်ဆုံးသူများအား မယ်သန့်ရှင်းနှင့် မောင်သန့်ရှင်းဆု ချီးမြှင့်


စာရေးသူ - ခင်မာဝင်းနှင့် အေးမာဇော်


မတ်လ ၂၀၁၉၊ မြန်မာ - (၇) နှစ် အရွယ် မဟန်စုလွင်လေး တစ်ယောက် “မယ်သန့်ရှင်း” ဆု ရသဖြင့် အင်မတန် ဂုဏ်ယူဝမ်းမြောက်နေလေသည်။

“တခြား သူငယ်ချင်းတွေလည်း တစ်ကိုယ်ရေသန့်ရှင်း ပိုပြီးလုပ်လာအောင် သမီးက ကူညီပြောပြပေးနိုင်လို့ အရမ်းပျော်တယ်။” ဟု မဟန်စုလွင် က ပြောပြပါသည်။

ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်ရှိ ဆင်တောင်အလယ်တန်းကျောင်းတွင် လစဉ်၊လတိုင်း ကျောင်းသား၊ ကျောင်းသူများ၏ နေ့စဉ် ပြုမူလုပ်ဆောင်ပုံများကို စောင့်ကြည့်ပြီး “မောင်သန့်ရှင်း” နှင့် “မယ်သန့်ရှင်း” ချန်ပီယံ ဆုများ ချီးမြှင့်ပေးနေခြင်းဖြစ်ပါသည်။ အဆိုပါ ဆုသည် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ဆိုင်သည့် အသိပညာပေးလုပ်ဆောင်မှုများကို အားပေးသည့် ယှဉ်ပြိုင်မှု ပုံစံတစ်ခုဖြစ်ပါသည်။ အဆိုပါ ကျောင်းတွင် ယူနီဆက်၏ အကူအညီဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ပစ္စည်းများ ပံ့ပိုးတပ်ဆင်ပေးပြီးနောက် အဆိုပါ တစ်ကိုယ်ရေသန့်ရှင်းဆိုင်ရာဆုကို ပေးခဲ့ခြင်းဖြစ်ပါသည်။

ထိုနောက်ပိုင်းတွင် ဖြစ်လာသည့် အပြောင်းအလဲများကို မြင်ရပြီး စိတ်အားထက်သန်နေသည့် ဆရာမ ဒေါ်မြင့်လှိုင်မှ သူမြင်တွေ့ရသည်များကို ပြောပြပါသည်။

ဆရာမဒေါ်မြင့်မြင့်လှိုင်၊ မဟန်စုလွင်(လယ်) နှင့် သူငယ်ချင်းတို့တွဲ၍ ကယားပြည်နယ်ရှိ ကျောင်းတွင် ဓာတ်ပုံရိုက်ခံနေစဉ်။ 
©UNICEF Myanmar/2019/ Khin Mar Win

Friday, May 3, 2019

Miss Clean and Mr Clean WASH in Schools

by Khin Mar Win and A Mar Zaw

March 2019, Myanmar – Seven-year-old Ma Han Su Lwin is very proud of her ‘Miss Clean’ award. 

“I’m feeling good about myself and happy to help other students learn how to improve their personal hygiene,” said Han Su Lwin.

Every month the students at Sin Taung Middle School in Demawso Township in Kayah State observe their daily behaviours and decide among themselves who gets the ‘Mr Clean’ or ‘Miss Clean’ champion awards. It’s a keen competition that builds awareness of water and sanitation issues and personal hygiene.



Teacher Daw Myint Myint Hlaing, Ma Han Su Lwin (center) and her friend posing for a picture at their school in Kayah State.
 ©UNICEF Myanmar/2019/ Khin Mar Win

Tuesday, April 30, 2019

အငြိမ်းစားဆရာတစ်ဦးရဲ့ ကလေးငယ်တွေကျောင်းပြန်တက်ရောက်နိုင်ဖို့ ကူညီပေးခြင်း

စာရေးသူ သိန်းသန်းထွန်း

လူအများစုအတွက် နှစ် ၄၀ ကြာစာသင်ကြားပြီးတဲ့နောက် အငြိမ်းစားယူတယ်ဆိုတာ စာသင်ခန်းတွေကနေ အနားယူလိုက်တယ်ဆိုတဲ့သဘောပါ။ ဒါပေမဲ့ အသက် ၆၃ နှစ်အရွယ် ဆရာကြီး ဦးသိန်းထွန်းစိုး အတွက်တော့ ဒီလိုမဟုတ်ပါဘူး။ သူ အငြိမ်းစားယူပြီးမကြာခင်မှာပဲ ဆရာကြီးက စာဆက်လက်သင်ကြား ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ကယားပြည်နယ်အရှေ့ပိုင်း လွိုင်ကော်မြို့ကနေ မိနစ် ၄၀ ကြာမောင်းရတဲ့ လွိုင်လင်လေးကျေးရွာက ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFSMSE) စင်တာမှာပဲဖြစ်ပါတယ်။

ကယားပြည်နယ်၊ လွိုင်လင်လေးကျေးရွာရှိ ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFSMSE) စင်တာတွင်
 တွေ့ရသည့် ဆရာကြီး ဦးသိန်းထွန်းစိုး။ ©UNICEF Myanmar/2018/Minzayar Oo

Retired teacher helps children back to school

Written by Thein Than Tun

For many people, retiring after 40 years of teaching would mean a rest from the classroom but not for Thein Tun Soe, 63. No sooner had he retired, U Thein Tun Soe carried on teaching, this time in a non-formal middle school education (NFMSE) centre in Loilin Lay, 40 minutes’ drive from Loikaw City in the Eastern part of Kayah State.

U Thein Tun Soe at the NFMSE centre in Loilin Lay, Kayah State, Myanmar
©UNICEF Myanmar/2018/Minzayar Oo

"သမီးက မသန်စွမ်းဆိုပေမဲ့ တခြားသူတွေလုပ်နိုင်သလို သမီးလည်းလုပ်နိုင်တယ်၊ သန်လည်းသန်မာတယ်။"

စာရေးသူ - သိန်းသန်းထွန်း

၁၀ နှစ်သမီးလေး နန်းငြိမ်းစုစံဟာ ထူးချွန်တဲ့သူတစ်ယောက်လို့ ဆရာဆရာမတွေက ပြောကြပါတယ်။ ဒါပေမဲ့ သူ့အတန်းဖော်တွေရဲ့ အဆက်မပြတ် စနောက်မှုတွေကြောင့် သူဟာသင်ခန်းစာတွေလွတ်သွားလေ့ရှိပါတယ်။ နန်းငြိမ်းစုစံက “သမီး သိပ်စိတ်ဆိုးတာပဲ” လို့မှတ်မှတ်ရရပြောပြတယ်။ “တစ်ခါတလေ သမီးကိုစတဲ့သူတွေကို မျက်လုံးထောင့်ကပ်ပြီးပဲကြည့်လိုက်တယ်” လို့ဆိုတယ်။

  အတန်းဖော်များနှင့်အတူ စာသင်ကြားနေသော နန်းငြိမ်းစုစံ ဓာတ်ပုံ- စောရန်နောင်

Monday, April 29, 2019

"Of course, I have a disability, but I am capable and strong to do things like any other person"

Written by Thein Than Tun

Teachers say 10-year-old Nan Nyein Su San is a high achiever but she used to miss lessons due to constant teasing from her classmates. “I got very angry,” remembered Nan Nyein Su San. “Sometimes I just gave the teasers a sideways stare.”

Nan Nyein Su San studying with her classmates. Photo by Sao Yan Naung

Wednesday, April 10, 2019

ကိုယ်ပိုင်အိမ်သာ ဆောက်ကြစို့ - ရှမ်းပြည်တောင်ပိုင်းရှိ ရပ်ရွာမှဦးဆောင်တဲ့ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး စနစ်

စာရေးသူ - သိ င်္ဂီဝင်း*

၂၀၁၉ခုနှစ်၊ မတ်လ - အသက် ၄၇ နှစ်အရွယ် ကိုစိုင်းအွမ်တစ်ယောက် အရင်ကလုပ်ဖို့ အစီအစဉ်မရှိခဲ့တဲ့ အလုပ်တစ်ခုကို လုပ်နိုင်ခဲ့ပါပြီ။ သူက သူ့မိသားစုအတွက် အိမ်သာတစ်လုံး ဆောက်လိုက်တာပါပဲ။

မြန်မာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပန်ကန်းရွာလေးက ကလေးနှစ်ယောက် ဖခင်ဖြစ်သူဟာ သူ့ရဲ့ လုပ်ဆောင်ချက်တွေက မိသားစုအတွက်သာမက ရွာလေးရဲ့ ကျန်းမာရေးကိုပါ တိုးတက် ကောင်းမွန်စေမယ်ဆိုတာ နားလည်သဘောပေါက်ခဲ့ပါတယ်။

“ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုတာ ကွင်းပြင်တွေ ချုံတောတွေထဲ တောထိုင် အညစ်အကြေးစွန့်တာနဲ့ ဆက်စပ်နေမှန်း ကျွန်တော် သိလိုက်ရတဲ့အချိန်မှာ အိမ်သာတွေရဲ့ အရေးပါမှုကို နားလည်သွားတယ်။ ဒီတော့ အိမ်သာဆောက်ဖို့ကို ကျွန်တော် စိတ်ထက်သန်လာခဲ့တယ်။ ကျွန်တော့်မှာ ပိုက်ဆံများများစားစား မရှိပေမဲ့ နောက်မှလုပ်မနေဘဲ အခုပဲ အိမ်သာဆောက်နေပါပြီ”လို့ ကလေးနှစ်ယောက် ဖခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ပက်ခန်းကျေးရွာရှိ ကလေးများနှင့်အတူ တောထိုင်အညစ်အကြေးစွန့်ခြင်း (ODF) ဆိုင်ရာ ကနဦး ဆွေးနွေးပွဲ။ 
©UNICEF Myanmar/2019/Theingi Win
အိမ်ထောင်သက် ၁၁နှစ်ရှိပြီဖြစ်တဲ့ ကိုစိုင်းအွန်တို့ မိသားစုက ဝါးအိမ်လေးမှာ နေထိုင်ကြပြီး သိပ်မကြာသေးခင် အချိန်အထိ အပေါ့အလေးစွန့်ဖို့ကို ဆွေမျိုးတစ်ယောက်ရဲ့ အိမ်က အိမ်သာကို သုံးတာဖြစ်ဖြစ်၊ အနီးအပါး လယ်ကွင်းတွေနားက ချုံပုတ်တွေနောက်မှာဖြစ်ဖြစ် ဒီအတိုင်း အညစ်အကြေးစွန့်လေ့ရှိခဲ့ကြပါတယ်။