Wednesday, April 10, 2019

ကိုယ်ပိုင်အိမ်သာ ဆောက်ကြစို့ - ရှမ်းပြည်တောင်ပိုင်းရှိ ရပ်ရွာမှဦးဆောင်တဲ့ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး စနစ်

စာရေးသူ - သိ င်္ဂီဝင်း*

၂၀၁၉ခုနှစ်၊ မတ်လ - အသက် ၄၇ နှစ်အရွယ် ကိုစိုင်းအွမ်တစ်ယောက် အရင်ကလုပ်ဖို့ အစီအစဉ်မရှိခဲ့တဲ့ အလုပ်တစ်ခုကို လုပ်နိုင်ခဲ့ပါပြီ။ သူက သူ့မိသားစုအတွက် အိမ်သာတစ်လုံး ဆောက်လိုက်တာပါပဲ။

မြန်မာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပန်ကန်းရွာလေးက ကလေးနှစ်ယောက် ဖခင်ဖြစ်သူဟာ သူ့ရဲ့ လုပ်ဆောင်ချက်တွေက မိသားစုအတွက်သာမက ရွာလေးရဲ့ ကျန်းမာရေးကိုပါ တိုးတက် ကောင်းမွန်စေမယ်ဆိုတာ နားလည်သဘောပေါက်ခဲ့ပါတယ်။

“ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုတာ ကွင်းပြင်တွေ ချုံတောတွေထဲ တောထိုင် အညစ်အကြေးစွန့်တာနဲ့ ဆက်စပ်နေမှန်း ကျွန်တော် သိလိုက်ရတဲ့အချိန်မှာ အိမ်သာတွေရဲ့ အရေးပါမှုကို နားလည်သွားတယ်။ ဒီတော့ အိမ်သာဆောက်ဖို့ကို ကျွန်တော် စိတ်ထက်သန်လာခဲ့တယ်။ ကျွန်တော့်မှာ ပိုက်ဆံများများစားစား မရှိပေမဲ့ နောက်မှလုပ်မနေဘဲ အခုပဲ အိမ်သာဆောက်နေပါပြီ”လို့ ကလေးနှစ်ယောက် ဖခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ပက်ခန်းကျေးရွာရှိ ကလေးများနှင့်အတူ တောထိုင်အညစ်အကြေးစွန့်ခြင်း (ODF) ဆိုင်ရာ ကနဦး ဆွေးနွေးပွဲ။ 
©UNICEF Myanmar/2019/Theingi Win
အိမ်ထောင်သက် ၁၁နှစ်ရှိပြီဖြစ်တဲ့ ကိုစိုင်းအွန်တို့ မိသားစုက ဝါးအိမ်လေးမှာ နေထိုင်ကြပြီး သိပ်မကြာသေးခင် အချိန်အထိ အပေါ့အလေးစွန့်ဖို့ကို ဆွေမျိုးတစ်ယောက်ရဲ့ အိမ်က အိမ်သာကို သုံးတာဖြစ်ဖြစ်၊ အနီးအပါး လယ်ကွင်းတွေနားက ချုံပုတ်တွေနောက်မှာဖြစ်ဖြစ် ဒီအတိုင်း အညစ်အကြေးစွန့်လေ့ရှိခဲ့ကြပါတယ်။ 

ကိုစိုင်းအွမ်ရဲ့ အသက် ၁၁နှစ်နဲ့ ၄ နှစ်အရွယ် သမီးလေးနှစ်ယောက်က သူတို့အဖေကို အိမ်မှာ အိမ်သာလေးတစ်လုံးလောက် ဆောက်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။ သမီးငယ်နှစ်ယောက်စလုံးက ဘေးကင်းလုံခြုံပြီး သန့်ရှင်းတဲ့ ကိုယ်ပိုင်နေရာလေး တစ်ခုလိုချင်ခဲ့တာပါ။ အထူးသဖြင့် မိုးရာသီမှာဆို ကွင်းပြင်တောထဲ အညစ်အကြေးစွန့်ရတာ မလွယ်ကူသလို သန့်ရှင်းမှုလည်း မရှိပါဘူး။

ကိုစိုင်းအွမ်ကလည်း သမီးလေးတွေ စိတ်ချမ်းသာအောင် အိမ်သာတစ်လုံး ဆောက်ပေးချင်ပေမဲ့ သူ့ရဲ့ လက်လုပ်လက်စား ဝင်ငွေအနည်းငယ်နဲ့ အိမ်သာတစ်လုံး ဆောက်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ သူ့အတွက်တော့ ကိုယ်ပိုင် အိမ်သာတစ်လုံးဆိုတာ မဖြစ်မနေလိုအပ်နေတဲ့ အခြေခံစားဝတ်နေရေး စရိတ်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ယှဉ်ရင် ဦးစားပေးလို့ မရနိုင်သေးတဲ့ အနေအထားဖြစ်နေခဲ့ပါတယ်။ ကိုစိုင်းအွန်ရဲ့ ဇနီးကလည်း သဘောတူပါတယ်။

ဒါပေမဲ့လည်း ၂၀၁၈ခုနှစ်၊ အောက်တိုဘာလမှာ သူ့ဇနီးနဲ့ ပန်ကန်းရွာသူရွာသားပေါင်း ၆၆၁ ယောက်ဟာ ရပ်ရွာအခြေပြု စုပေါင်းအိမ်သာသန့်ရှင်းရေးစီမံချက်ရဲ့ ဆွေးနွေးပွဲတစ်ခုကို တက်ရောက်ပြီးနောက်ပိုင်းမှာတော့ အခြေအနေတွေက စပြီး ပြောင်းလဲလာခဲ့ပါတယ်။

ယူနီဆက်နဲ့ မြန်မာနိုင်ငံအစိုးရ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ရဲ့ ပံ့ပိုးမှုဖြင့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Social Vision Service က အကောင်အထည်ဖော်ဆောင်ရွက်တဲ့ ဒီဆွေးနွေးပွဲမှာ အကာအကွယ်မဲ့နေရာတွေမှာ အညစ်အကြေးစွန့်တာနဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ ဒါကြောင့်ဆက်စပ်ဖြစ်ပေါ်လာတဲ့ အိမ်ထောင်စု၊ ရပ်ရွာတွေရဲ့ ပြဿနာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အိမ်သာအသုံးပြုတာ၊ အိမ်သာက ဆင်းလာတဲ့အခါ လက်ကို ဆပ်ပြာနဲ့ ဆေးတာလို တစ်ကိုယ်ရည် ကျန်းမာရေး အမူအကျင့်တွေကို ပံ့ပိုးပေးခြင်းတွေက ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနိုင်တဲ့ အန္တရာယ်တွေနဲ့ ကလေးငယ်တွေမှာဖြစ်တတ်တဲ့ ရောဂါဖြစ်ပွားနှုန်းတွေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

ယင်ကောင်တွေ၊ မကောင်းတဲ့ အနံ့ဆိုးတွေထွက်နေတဲ့ အကာအကွယ်မရှိ ခြုံတိုးတောထိုင်ပြီး အညစ်အကြေးစွန့်ထားတဲ့ နေရာတွေကို လှည့်ကြည့်ပြီးတဲ့အခါမှာ လက်တွေ့ ပညာပေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြတယ်။ ကိုယ့်ရွာရဲ့ အခြေအနေကို တိုးတက်စေချင်တဲ့ ပြင်းပြတဲ့ဆန္ဒတွေရယ်၊ ပြောင်းလဲဖို့အတွက် အားကောင်းတဲ့ တိုက်တွန်းစေ့ဆော်မှုတွေရယ်ကြောင့် ရွာသူရွာသားတွေအနေနဲ့ ကိုယ့်အိမ်သာတွေတည်ဆောက်ဖို့နဲ့ ပြင်ဆင်ကြဖို့ကို အချင်းချင်း ကူညီပေးကြဖို့ သဘောတူခဲ့ကြပါတယ်။

“ရပ်ရွာလူထု အစည်းအဝေးတွေကြောင့် အိမ်သာမဟုတ်တဲ့ နေရာတွေမှာ အညစ်အကြေးစွန့်တဲ့ အကျင့်ကို ဖယ်ရှားဖို့က ကျွန်တော်တို့ တစ်ရွာလုံးရဲ့ ကျန်းမာရေးအတွက် အရေးကြီးတယ်ဆိုတာ သိလာခဲ့တယ်။ ဒါက ရပ်ရွာလူထုကို ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ အိမ်သာသန့်ရှင်းရေးစနစ်တွေပါပဲ”လို့ ကိုစိုင်းအွမ်က ရှင်းပြပါတယ်။

ကိုစိုင်းအွမ်နဲ့ ဇနီးဖြစ်သူက သူတို့ ကိုယ်ပိုင် အိမ်သာဆောက်ဖို့အတွက် ကျောက်သားမြေကို စပြီး တူးခဲ့ကြတယ်။

“မိန်းမရော သမီးတွေရောက အိမ်သာကို မြန်မြန်ဆောက်ပေးပါလို့ တိုက်တွန်းနေကြတော့ ကျွန်တော်လည်း မြို့တက်ပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဝင်ငွေ နည်းနည်းလေးထဲကနေ ပေါက်တူးနဲ့ဂေါ်ပြားတစ်လက် သွားဝယ်လိုက်တယ်”လို့ ကိုစိုင်းအွမ်က ပြုံးပြီး ပြောပြတယ်။

ကိုစိုင်းအွမ်က အိမ်နီးချင်းတွေဆီက ပစ္စည်းတွေလည်း ငှားရမ်းခဲ့သလို သူတို့တွေလှူကြတဲ့ ပစ္စည်းတွေကိုလည်း ဝမ်းပန်းတသာပဲ လက်ခံခဲ့ပါတယ်။ ဦးအောင်သန့်က အိမ်သာခုံနဲ့ ဦးမေထာက အမိုးမိုးဖို့ သတ္တုပြား တစ်ခု ကူညီပေးခဲ့တယ်။ ရေထည့်ဖို့ စဥ့်အိုး၊ လက်ကိုင်းတပ် ရေခွက်နဲ့ ဆပ်ပြာတွေကိုလည်း အသေးစိတ် ဖြည့်ထည့်ခဲ့ပါတယ်။

အိမ်သာသစ်ဆောက်လို့ပြီးဖို့အတွက် နှစ်လ၊ သုံးလလောက် ကြာခဲ့ပြီး ကိုစိုင်းအွမ်တစ်ယောက်ကတော့ သူ့ရဲ့ ကိုယ်ပိုင်အိမ်သာအတွက် အရမ်းကို ဂုဏ်ယူနေပါတယ်။ သူ့မိသားစုကလည်း ပျော်ရွှင်ကျေနပ်နေကြပါတယ်။ သူတို့ဘဝမှာ ဒီလိုရိုးရိုးရှင်းရှင်း ပြောင်းလဲမှုလေးကြောင့်ပဲ အနာဂတ်မှာ ပိုပြီး ကျန်းမာလာတော့မှာကို သူတို့အားလုံး သိကြပါတယ်။

ဒီရွာလေးမှာ ကိုစိုင်းအွမ်ကို နမူနာထားပြီး အိမ်သာတွေဆောက်ခဲ့ကြတဲ့အတွက် အခုဆိုရင် နောက်ထပ် အိမ်သာအသစ်ပေါင်း ၁၀၄လုံး ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပန်ကန်းရွာလေးက အကာအကွယ်မရှိဘဲ တောထိုင် အညစ်အကြေးစွန့်တာ လုံးဝမရှိတော့ပါလို့ အသိအမှတ်ပြုခံခဲ့ရတဲ့ မြန်မာနိုင်ငံက ပထမဆုံး စံပြကျေးရွာလေးတစ်ခု ဖြစ်လာခဲ့ပါတယ်။

ယူနီဆက်၊ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနဲ့ Social Visoion Serviceတို့ ပူးပေါင်းပြီး နောက်လာမယ့် နှစ်နှစ်အတွင်း ရှမ်းပြည်တောင်ပိုင်းက ဆီဆိုင်၊ မောက်မယ်နဲ့ ဖယ်ခုံမြို့နယ်ထဲက ကျေးရွာပေါင်း ၆၆၅ ရွာမှာ တောထိုင် အညစ်အကြေးစွန့်ခြင်းများ လုံးဝမရှိတော့အောင် ရည်မှန်းချက်ထား ဆောင်ရွက်နေကြပါတယ်။

*မသိ င်္ဂီဝင်းသည် ယူနီဆက်မြန်မာ ရှမ်းပြည်နယ်ရုံးခွဲတွင် အလုပ်သင်အဖြစ် ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။

1 comment:


  1. تبحث عن شركة متخصصة فى خدمات التنظيف بالرياض بافضل المعدات والسوائل وثقة تمة فى العمل ودقة فى النتائج كل هذه المميزت توفرها شركة الجنرال الشركة الافضل والامثل فى الخدمات المنزلية بالرياض وبما اننا الشركة الافضل والامثل بدون منافس سوف نسعى لتوفر افضل الخدمات باقل تكلفة وبقدر كبير من الاهتمام والدقة عزيزى اينما كنت فى اى منطقة ا وحى تابع لمدينة الرياض اتصل بنا وسوف نصلك فى الحال شركة االجنرال للخدمات المنزلية
    شركه نقل عفش بالرياض بافضل سيارات النقل

    شركه تنظيف منازل بالرياض وتنظيف مجالس وكنب

    شركه تنظيف سجاد بالرياض وتنظيف موكيت

    شركه تنظيف منازل بالرياض

    شركه كسف تسربات بالرياض

    شركه مكافحه حشرات بالرياض

    شركه عزل اسطح بالرياض

    شركه تنظيف منازل بابها فى الحال

    شركه تنظيف موكيت بالدمام وسجاد

    شركه تنظيف منازل بابها فى الحال

    شركة تنظيف سجاد بالدمام بالبخار



    ReplyDelete